သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BTS J-Hope  တကိုယ်တော်ဖျော်ဖြေပွဲ မတ်လ ကျင်းပမည်


စစ်မှုထမ်းပြီးစီးခဲ့တဲ့ J-Hope ကို တွေ့ရစဉ် (အောက်တိုဘာ ၁၇၊ ၂၀၂၄)
စစ်မှုထမ်းပြီးစီးခဲ့တဲ့ J-Hope ကို တွေ့ရစဉ် (အောက်တိုဘာ ၁၇၊ ၂၀၂၄)

ကမ္ဘာကျော် ကိုရီးယားပေါ့အဖွဲ့ BTS က အဖွဲ့ဝင် J-Hope ဂျေဟုပ်က သူ့ရဲ့ ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲ ခရီးစဉ်တခု ထွက်ဖို့ရှိတယ်လို့ ကြေညာထားပါတယ်။ အသက် ၃၀ အရွယ်ရှိ အဆိုတော် J-Hope က ဖျော်ဖြေပွဲရက်တွေပါတဲ့ ပိုစတာပုံကို အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာမှာ တင်ပြီး "နောက်ဆုံးတော့!!! ဂျေဟုပ် က 'HOPE ON THE STAGE'" ဖျော်ဖြေရေးခရီး ထွက်နိုင်ပြီလို့ ရေးထားပါတယ်။

သူပါတဲ့ BTS ကေပေါ့အဖွဲ့က ဂရမ်မီဆုအတွက် စကာတင်စာရင်းတင်သွင်းခံရတဲ့ တခုတည်းသော ကိုရီးယားပေါ့အဖွဲ့ဖြစ်ပြီး Coldplay နဲ့ ပူးပေါင်းသီဆိုထားတဲ့ "My Universe" အပါအဝင် "Dynamite" နဲ့ "Butter" လို သီချင်းတွေနဲ့ အမေရိကန် Billboard Hot 100 လူကြိုက်အများဆုံး တေးသီချင်း ၁၀၀ စာရင်းမှာ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ မဖြစ်မနေ စစ်မှုထမ်းဆောင်ရတဲ့ တာဝန်အရ BTS အဖွဲ့ဝင်တွေလည်း မဖြစ်မနေ စစ်မှုထမ်းရပြီး၊ ၂၀၂၄ ဇွန်လမှာ စစ်မှုထမ်းပြီးသွားတဲ့ BTS ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင် ဂျင့်ရဲ့ နောက်ပိုင်း ဂျေဟုပ်က သူတို့ အဖွဲ့ ၇ ယောက်ထဲမှာ ဒုတိယမြောက် စစ်မှုထမ်းပြီးစီးခဲ့တာပါ။ "Hope on the Stage" ဖျော်ဖြေပွဲခရီးစဉ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ KSPO Dome မှာ ဖေဖော်ဝါရီ ၂၈ ရက်ကနေ သုံးရက်တိုင် ဖျော်ဖြေမှာ ဖြစ်ပြီး၊ အမေရိကန်၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေမှာလည်း ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG