သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ကန်တောင်းဆို


လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်းတချို့ (စက်တင်ဘာ ၉၊ ၂၀၂၄)
လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်းတချို့ (စက်တင်ဘာ ၉၊ ၂၀၂၄)

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်ပြီး ဒီတိုက်ခိုက်မှု တွေကို ချက်ခြင်းရပ်တန့်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပါတယ်။ အမေရိကန်လွှတ်တော်က ချမှတ်ထားတဲ့ Burma Act မြန်မာနိုင်ငံဆိုင်ရာ ဥပဒေနဲ့အညီ အရပ်သားမြန်မာပြည်သူတွေကိုအကာအကွယ်ပေးနိုင်ဖို့ လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးရေးအတွက် အမေရိကန်အစိုးရအဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဘယ်လိုအကူအညီပေးမလဲဆိုတာကို အတိအကျ ပြောဆိုတာမရှိပေမယ့် Burma Act ထဲမှာတော့ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ဆိုတာ ထည့်သွင်းထားပါတယ်။ မြန်မာစစ်ကောင်စီရဲ့ကြမ်းကြုတ်ရက်စက်တဲ့ နောက်ထပ်လုပ်ရပ် တွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာအသိုက်အဝိုင်းကို အမေရိကန်ပြည်ထောင်စုအနေနဲ့တိုက်တွန်းကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူကပြောပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ကရင်နီဒေသ၊ ရှမ်းမြောက်ပိုင်း၊ ကချင်၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတာပါ။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာချိန်မှာပဲ အရပ်သားနယ်မြေတွေကိုပစ်မှတ်ထားတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းယူပြီး စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာကို ပေးပို့သွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ကြေညာပါတယ်။ညီနောင်သုံးဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ သိမ်းယူထားတဲ့ မြို့တွေ ရွာတွေနဲ့ လူနေထူထပ်တဲ့နေရာတွေကိုစစ်ကောင်စီက နေစဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ AA အာရက္ခတပ်တော်ကတော့ ရခိုင်မြောက်ပိုင်း မောင်တောအကျဉ်းစခန်းတခုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ဖမ်းဆီးထားသူ ၅၀ ကျော်သေဆုံးခဲ့တယ်လို့ သီးခြားသတင်းထုတ်ပြန်ထားပါတယ်။ လူနေထူထပ်တဲ့အရပ်သားဒေသတွေကို အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG