အေမရိကန္ျပည္ေထာင္စု Pennsylvania ျပည္နယ္မွာ ေနထိုင္တဲ့ မခိုင္ေငြႏွင္းေဇာ္ကို အေမရိကန္ျပည္ေထာင္စု အထက္လႊတ္ေတာ္အျပင္၊ Pennsylvania ျပည္နယ္ အထက္နဲ႔ ေအာက္လႊတ္ေတာ္ေတြက လူမႈအသိုင္းအဝိုင္းကို အက်ိဳးျပဳေနသူအျဖစ္ ဂုဏ္ျပဳလက္မွတ္ေတြ ခ်ီးျမႇင့္ခဲ့ပါတယ္။ Kinder Creations ဆိုတဲ့ စီးပြားေရးလုပ္ငန္းကို တည္ေထာင္သူ မခိုင္ေငြႏွင္းေဇာ္ ဘယ္လို အက်ိဳးျပဳအလုပ္ေတြ လုပ္တာေၾကာင့္ အခုလို အသိအမွတ္ျပဳခံရတာပါလဲ။ မစုျမတ္မြန္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး ။ ။ မဂၤလာပါရွင့္ မခိုင္ေငြႏွင္းေဇာ္ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆုိပါတယ္ရွင့္။ အရင္ဆံုး ေသာတရွင္ေတြကို မခိုင္ေငြႏွင္းေဇာ္ကို မိတ္ဆက္ေပးခ်င္ပါတယ္။ သူကေတာ့ အေမရိကန္ျပည္ေထာင္စု Pennsylvania ျပည္နယ္မွာ ေနပါတယ္။ မၾကာေသးခင္တုန္းကမွ အေမရိကန္အထက္လႊတ္ေတာ္နဲ႔ Pennsylvania ျပည္နယ္လႊတ္ေတာ္ကေနပါ အမ်ားျပည္သူအက်ဳိးျပဳတဲ့ အသိအမွတ္ျပဳဆုေတြကို ရယူထားသူ ျဖစ္ပါတယ္။ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုအထက္လႊတ္ေတာ္ကေန အထူးအသိအမွတ္ျပဳဆုတံဆိပ္ကိုပါ ဆုခ်ီးျမွင့္ခံထားရသူ ျဖစ္ပါတယ္။ ေနာက္ၿပီး ဆက္လက္မိတ္ဆက္ရမယ္ဆုိရင္ေတာ့ မခိုင္ေငြႏွင္းေဇာ္က သဘာဝနဲ႔ ထုတ္လုပ္တဲ့ ပစၥည္းေတြ Skincare ကိုလည္း ကိုယ္တိုင္ေဖာ္စပ္ထုတ္လုပ္ၿပီးေတာ့ ေရာင္းေနတဲ့ အေသးစားစီးပြားေရး လုပ္ငန္းရွင္လည္း ျဖစ္ပါတယ္။ ဆိုေတာ့ အဲဒီလုပ္ငန္းကလဲ အမ်ားအက်ဳိိးျပဳလုပ္တာေတြကိုလည္း ေနာက္ပိုင္းမွာ ေျပာၾကတာေပါ့။ အခုအရင္ဆံုးကေတာ့ ေစာေစာကေျပာသလို အေမရိကန္အထက္လႊတ္ေတာ္ကေန မခိုင္ေငြႏွင္းေဇာ္ကို အမ်ားအက်ဳိးျပဳတဲ့ဆုေတြ ေပးတာနဲ႔ ပတ္သက္ၿပီး ေမးပါရေစ။ ရရိွတဲ့ ဆုလက္မွတ္ေတြနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္ရတာလဲဆိုတာကို ရွင္းျပေပးပါ။
ေျဖ ။ ။ မဂၤလာပါ။ ဘာေၾကာင့္ရသလဲဆိုတာကို ခိုင္လည္း အမွန္အတိုင္းေျပာရရင္ ကိုယ္ကိုယ္တိုင္လဲ မသိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ခုိင္က ပရဟိတလုပ္ငန္းေတြ လုပ္တဲ့အခါမွာ ဓါတ္ပံုေတြရိုက္တာ - ေျပာရမယ္ဆိုရင္ အရမ္းႀကီးရွယ္လုပ္တာေတြ မလုပ္ခဲ့ဘူး။ ဒါေပမဲ့ ခိုင္ ပရဟိတလုပ္တဲ့အခ်ိန္ကေတာ့ ကိုယ္အခ်ိန္ရတဲ့အခ်ိန္တိုင္းမွာ လုပ္ျဖစ္တာေပါ့။ ကိုယ္လုပ္ျဖစ္တဲ့ လုပ္ငန္းတုိင္းကို အသိအမွတ္္ျပဳတဲ့လူေတြလည္း ရိွေနတယ္ဆိုတာကို ဒီဆုက သက္ေသျပလိုက္တာေပါ့။ ကိုယ္က ဒီဆုရခ်င္လို႔ လုပ္ခဲ့တာလဲ မဟုတ္ဘူး။ အသိအမွတ္ျပဳခံခ်င္လုိ႔ လုပ္တာလဲ မဟုတ္ဘူး။ ဒါေပမဲ့ ကိုယ္လုပ္ေနတဲ့အဖြဲ႔၊ ကိုယ္ volunteer သြားလုပ္တဲ့အဖြဲ႔အစည္းေတြမွာ ကိုယ့္ကိုေစာင့္ၾကည့္ေနတဲ့ အန္တီေတြ၊ ဦးေလးေတြ ဒီလူေတြကေန nominate လုပ္တယ္လို႔ သိရပါတယ္။ ဒီဆုေတြက nominate လုပ္မွ သူတုိ႔က တခါထပ္ၿပီးေတာ့ ေရြးခ်ယ္တာေပါ့။ ဒီမွာရိွတဲ့ ေနထိုင္ေနၾကတဲ့ ႏိုင္ငံသားေတြထဲကမွတဆင့္ သူတုိ႔ျပန္ၿပီးေတာ့ၾကည့္ၿပီးေတာ့မွ ဆုေပးတယ္လို႔ သိရပါတယ္။ ခိုင္ကိုယ္တိုင္လည္း အမွန္အတိုင္း ေျပာရရင္ေတာ့ ဘာေၾကာင့္ရသလဲဆိုတာေတာ့ ေသခ်ာမေျပာတတ္ဘူး။ ဒါေပမဲ့ သူတုိိ႔က ခိုင္လုပ္ေနတဲ့ အလုပ္ေတြကို သေဘာက်လို႔ ေပးတယ္လို႔ပဲ ခိုင္ထင္ပါတယ္။
ေမး ။ ။ အဲဒီေတာ့ ေစာေစာကေျပာသလိုေပါ့ မခိုင္ေငြႏွင္းေဇာ္က ပရဟိတ အလုပ္ေတြေတာ့ လုပ္ေနတယ္။ ဘယ္လိုအလုပ္မ်ဳိးေတြ လုပ္တယ္ဆိုတာကို နည္းနည္းေလး ေျပာျပပါလား။
ေျဖ ။ ။ ခိုင္ ဒီကို ၂၀၁၃ ခုႏွစ္ ဧၿပီလကစၿပီး ေျပာင္းလာပါတယ္။ ၂၀၁၃ ခုႏွစ္ စေျပာင္းလာၿပီးေနာက္ပိုင္းမွာ ေရာက္ေရာက္ခ်င္းကတည္းက ခိုင္တို႔ေနတဲ့ ၿမိဳ ႔ကေလး၊ အခုေရာက္ေနတဲ့ ၿမိဳ ႔ကေလးကေတာ့ Emmaus ၿမိဳ ႔မွာ မေနခင္၊ Allan Town ဆိုတဲ့ ၿမိဳ ႔ကေလးမွာ ေနပါတယ္။ အဲဒီကို စေရာက္ကတည္းက ခိုင္က Boys and Girls Club အဲဒီလိုေနရာမ်ဳိးမွာ Volunteer သြားလုပ္တယ္။ Volunteer လုပ္တဲ့ေနရာမွာ ဝင္ေငြလည္း မရိွေသးတဲ့အခါမွာ အဲဒီအခ်ိန္တုန္းကေတာ့ လုပ္အားေပးပါတယ္။ အခ်ိန္ရရင္ ရသလို ဟင္းသြားခ်က္ေပးတယ္။ ၿပီးေတာ့ သူတို႔မီးဖိုးေခ်ာင္းေတြကို သန္႔ရွင္းေရးလုပ္ေပးတာမ်ဳိးေတြ လုပ္ေပးတယ္။ ေနာက္ New York မွာ (၆) လေလာက္ သြားေနရတုန္းကလဲ New York မွာ ေရာက္ခါစ ႏိုင္ငံျခားသားမိခင္ေတြ၊ အထူးသျဖင့္ အာရွႏုိင္ငံသားမိခင္ေတြကို ဘာသာျပန္ေပးတာမ်ဳိး၊ အိမ္မွာေနရင္းနဲ႔ တရားရံုးေတြမွာ တရားသြားရင္ဆိုင္ေနရတဲ့ လူေတြအတြက္ ဖုန္းနဲ႔ တရားရံုးကဆက္ၿပီး ဘာသာျပန္ခိုင္းတဲ့အခါ ဘာသာျပန္ေပးတာမ်ဳိး၊ ကိုယ္လုပ္ေပးႏုိင္တာေလးေတြက စၿပီးေတာ့ အခုေနာက္ပိုင္းေတာ့ ပံုမွန္ တနလၤာေန႔တိုင္း Meals on Wheels ရိွပါတယ္။ ပိုက္ဆံမတတ္ႏိုိင္တဲ့၊ အထူးသျဖင့္ သက္ႀကီးရြယ္အိုေတြရဲ ႔ အိမ္ေတြကို ဟင္းေတြသြားပို႔ေပးရတဲ့ အစီအစဥ္ ရိွပါတယ္။ အဲဒီမွာ ပံုမွန္တာဝန္ယူ ကားေမာင္းၿပီးေတာ့ ဟင္းေတြလိုက္ပို႔တယ္။ ေနာက္ ၾကာသပေတးေန႔တိုင္း အိမ္မဲ့ယာမဲ့ မိသားစုေတြ ရိွပါတယ္။ အဲဒီမိသားစုေတြကို စုၿပီးေတာ့ သူတုိ႔နဲ႔အတူတူ တရားထုိင္တာ၊ တရားမွတ္တဲ့ပံုစံမ်ဳိး - တရားရဲ ႔လို႔ေတာ့ မဟုတ္ဘူးေပါ့ - သူတို႔ကို ဗုဒၶဘာသာကို သင္တာမဟုတ္ဘူး။ အဓိကေတာ့ စိတ္ေအးခ်မ္းမႈကို ရွာေဖြတဲ့ meditation မ်ဳိးေတြကို သင္ေပးပါတယ္။
ေမး ။ ။ ေနာက္တခုကလဲ Pennsylvania ျပည္နယ္ Bethlehem ၿမိဳ ႔မွာရိွတဲ့ YWCA အဖြဲ႔အစည္းရဲ ႔ ၂၀၂၀ ခုႏွစ္ Mission Award ကိုလည္း မခိုင္ေငြႏွင္းေဇာ္ ရထားတယ္ဆိုေတာ့၊ အဲဒီဆုကို ၾကားသိရလို႔ အခုလို အေမရိကန္အထက္လႊတ္ေတာ္နဲ႔ ျပည္နယ္အထက္လႊတ္ေတာ္တို႔က အသိအမွတ္ျပဳတယ္လို႔ ထင္ပါသလားရွင့္။
ေျဖ ။ ။ အဲဒီဆုအတြက္ အဓိကအသိအမွတ္ျပဳတယ္လို႔ ခိုင္ သိရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ YWCA အဖြဲ႔ႀကီးက အင္မတန္ၾသဇာႀကီးမားပါတယ္။ ဒီႏုိင္ငံမွာလည္း အမ သိတဲ့အတိုင္းပဲ။ အဲဒီေတာ့ YWCA က ေပးတဲ့ဆုေတြ အကုန္လံုးဟာ သူတုိ႔ သတ္မွတ္္ထားတဲ့ စံႏႈန္း ရိွတာေပါ့။ Volunteer ဆိုလို႔ရိွရင္ ဘယ္လို အေနအထားမွာ ရိွတဲ့လူေတြအတြက္ Volunteer လုပ္ေပးေနတာလဲ။ ဘယ္လို အဖြဲ႔အစည္းေတြမွာ သြားၿပီးေတ့ အခ်ိန္ဘယ္ေလာက္နဲ႔ Volunteer လုပ္ေပးေနတာလဲ ဆိုၿပီးေတာ့ သူတို႔ သတ္မွတ္ထားတာေတြ ရိွပါတယ္။ အဲဒီအထဲမွာ အေရးအႀကီးဆံုးက YWCA က ေပးတာေတာ့ ကိုယ့္ရဲ ႔ရပ္ရြာထဲမွာရိွတဲ့ အျခားအမ်ဳိးသမီးငယ္ေလးေတြရဲ ႔ ဘဝတက္လွမ္းအတြက္ ကိုယ္က တဘက္တလမ္းကေနၿပီးေတာ့ တကယ့္ကို ထိေရာက္တဲ့ ကူညီေဖးမမႈမ်ဳိးေတြ လုပ္ေပးေနတဲ့လူေတြကို သူတုိ႔က ဦးစားေပးၿပီးေတာ့ ေရြးေပးတယ္လို႔ ခိုင္ သိရပါတယ္။ YWCA မွာ ခိုင္က အဖြဲ႔ဝင္ မဟုတ္ပါဘူး။ YWCA အဖြဲ႔ႀကီးက ဒီလိုမ်ဳိး အသိအမွတ္ျပဳတယ္ဆိုတာကို ဆုရေတာ့မွပဲ သိပါတယ္။ အဲဒီေတာ့ ကိုယ္က ခရစ္ယာန္ဘာသာဝင္ မဟုတ္ေပမယ့္ ကိုယ့္ကို ခရစ္ယာန္ဘာသာဝင္ေတြ အရမ္းကိုအေလးထားတဲ့ အဖြဲ႔အစည္းႀကီးကအစ အသိအမွတ္ျပဳတယ္ဆိုေတာ့ ကိုယ္လုပ္ေနတဲ့ဥစၥာေတြက ဘာသာမတူတဲ့ လူေတြအတြက္လဲ အက်ဳိးရိွတယ္ဆိုတဲ့ အဓိပၸါယ္တခုလို႔ ခိုင္ကေတာ့ ခံယူထားပါတယ္။
ေမး ။ ။ ေနာက္တခုက ဒီလိုမ်ဳိး အမ်ားအတြက္ လုပ္တယ္ဆိုတာက ေတာ္ရံုတန္ရံုလူ မလုပ္ႏုိင္ပါဘူး။ လူေတြက တခ်ဳိ ႔ဆိုရင္ စိတ္ထဲမွာ ရိွေပမယ့္ တကယ္တမ္း လက္ေတြ႔လုပ္ဖို႔အတြက္ၾကေတာ့ အားစိုက္ထုတ္မႈေတြလိုတယ္။ အခက္အခဲေတြ ရိွတယ္ဆိုေတာ့ အဲဒါမ်ဳိးေတြကို မခိုင္ေငြႏွင္းေဇာ္က ဒီလိုမ်ဳိး ကိုယ္ကိုယ္တိုင္ လုပ္ႏုိင္တာက ဘယ္လိုမ်ဳိး တြန္းအားေတြေၾကာင့္ လုပ္ႏိုင္၊ လုပ္ျဖစ္တယ္လို႔ ေျပာႏိုင္ပါလဲ။
ေျဖ ။ ။ Volunteer လုပ္တာကေတာ့ အဓိကေတာ့ ခိုင္ လုပ္ရတာ စိတ္ခ်မ္းသာလို႔ေပါ့။ အခ်ိန္ေတြ ရိွတာမရိွတာဆိုတာထက္ ခိုင္အတြက္က သားေလးနဲ႔ ခုိင္နဲ႔ ကိုယ္အခ်ိန္ရတဲ့အခါတိုင္းသြားတဲ့ လုပ္တဲ့ Activities ေတြ ရိွတယ္။ ဥပမာ Hiking သြားတာမ်ဳိး။ သူ သူငယ္ခ်င္းေတြအိမ္မွာသြားၿပီး Play Date လုပ္တာမ်ဳိး။ ဒါေတြအျပင္ ခိုင္ကိုယ္တိုင္က ဒီလို Volunteer လုပ္ရတာကို သေဘာက်တယ္၊ ဝါသနာပါတယ္။ သားကိုလည္း သူ႔ရဲ ႔မိသားစုဝင္ေတြ၊ သူ႔ရဲ ႔ Cousins ေတြ၊ ဦးေလးေတြ၊ အေဒၚေတြက ျမန္မာျပည္မွာ ရိွေနတယ္ဆိုေပမယ့္ ဒီမွာ တျခားမိသားစုဝင္ေတြနဲ႔အတူတူ ကိုယ္က သိစရာမလိုဘူး၊ ဘာသာစကားခ်င္း တူစရာမလုိဘူး၊ သားအေရာင္ခ်င္း တူစရာမလိုဘူး၊ အားလံုးနဲ႔ သူငယ္ခ်င္းျဖစ္လုိ႔ရတယ္၊ အားလံုးနဲ႔အတူတူ ကစားလို႔ရတယ္ဆိုတဲ့ အသိေလးေတြ ေပးခ်င္ေတာ့ အဲဒီလိုကေန Volunteer ပိုလုပ္ျဖစ္ပါတယ္။ Volunteer ႀကိးဆိုတဲ့ အသိႀကီးနဲ႔ လုပ္တာမ်ဳိး မဟုတ္ဘဲနဲ႔ ကိုယ္ကိုယ္တိုင္က သေဘာက်လို႔ လုပ္ျဖစ္တာကေန ဆက္လုပ္ျဖစ္သြားတာေပါ့။
ေမး ။ ။ တဆက္တည္းမွာ မခုိင္ လုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းနဲ႔လည္း ပတ္သက္ၿပီးေတာ့ ေမးပါရေစ။ ဆိုေတာ့ မခိုင္က အစပိုင္းမွာ မိတ္ဆက္ေပးခဲ့သလိုပဲ၊ သဘာဝနဲ႔လုပ္တဲ့ Skincare ေတြ အဲဒါေတြကို ထုတ္လုပ္ၿပီးေတာ့ ေရာင္းခ်ေနတဲ့ အေသးစားစီးပြားေရးလုပ္ငန္းရွင္ ျဖစ္ပါတယ္ဆုိေတာ့ ဒီလုပ္ငန္းကလည္း အကူအညီ လိုေနတဲ့ အမ်ဳိးသမီးေတြကို အမ်ားႀကီးပံ့ပိုးတယ္။ ေနာက္ ဒီအမ်ဳိးသမီးေတြရဲ ႔ စြမ္းရည္ျမွင့္တင္ေရးေတြကိုလည္း လုပ္ေနတယ္ဆိုတာ သိထားပါတယ္။ အဲဒီအေၾကာင္းကိုလည္း နည္းနည္းေျပာျပေပးပါရွင့္။
ေျဖ ။ ။ ခိုင္ ဒီလုပ္ငန္းကို ၂၀၁၆ ေႏြရာသီတုန္းက စၿပီးေတာ့ လုပ္ဖုိ႔ စိတ္ကူးရခဲ့ပါတယ္။ စစခ်င္းကေတာ့ ခိုင္တုိ႔အိမ္မွာ လာၿပီးေတာ့ သန္႔ရွင္းေရးလုပ္ေနတဲ့ အမ်ဳိးသမီးရဲ ႔ မိသားစုကို အကူအညီေပးခ်င္တာနဲ႔ စတာေပါ့။ ဒါေပမဲ့ အဲဒီေနာက္ပိုင္းမွာ ကိုယ္ကိုယ္တိုင္ ဒီပညာကို ေလ့လာသင္ယူဖို႔ေတြ၊ စိတ္ကအလိုလိုေျပာင္းလာပါတယ္။ ေနာက္ ဘာကိုစဥ္းစားမိသလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ ခိုင္က အဖြားေတြနဲ႔ ႀကီးလာခဲ့တဲ့အခါမွာ အဖြားေတြရဲ ႔ ဆံပင္ေတြ၊ အသားအရည္ေတြက အရမ္းကို က်န္းမာတယ္။ ခိုင့္အဖြားတေယာက္ဆိုရင္ အသက္တစ္ရာေက်ာ္မွ ဆံုးသြားတယ္။ ေနာက္အဖြားတစ္ေယာက္ဆိုရင္ ကိုးဆယ္ေက်ာ္။ ေနာက္ အဖြားဆိုလည္း အသက္ရွည္တယ္။ ေနာက္ၿပီး က်န္းမာတယ္။ အဲဒီေတာ့ သူတို႔ရဲ ႔ ေန႔တဓုဝ သံုးစြဲေနတဲ့ ပစၥည္းေလးေတြက အရမ္းကို ရိုးစင္းတယ္။ စားေသာက္တာေတြကလည္း အရမ္းကိုရိုးစင္းတယ္။ အဲဒီဟာေတြကို ၾကည့္ၿပီးေတာ့ ျမန္မာျပည္မွာ ကိုယ္ေမြးတုန္းက ကိုယ္ႀကီးလာတဲ့အခါမွာ ကိုယ္သံုးခဲ့တဲ့ သဘာဝပစၥည္းေတြကို ဒီႏိုင္ငံမွာလဲ Recipe အေနနဲ႔ ေျပာင္းၿပီးေတာ့ ထုတ္ႏိုင္မယ္ဆိုရင္ တကယ့္ကို All Natural ပစၥည္းေလးေတြ လုပ္ႏုိင္မယ္။ အဲဒီဟာႏွစ္ခုကို ေပါင္းလိုက္ၿပီး - သူမ်ားကို ကူညီခ်င္တဲ့ဟာနဲ႔ ကိုယ္ကိုယ္တိုင္ကို Sustainable ျဖစ္တဲ့ တကယ့္ကို ေရရွည္သံုးစြဲလို႔ရမယ့္ အေရျပားလည္း ေပ်ာ္မယ္၊ ကိုယ့္ရဲ ႔က်န္းမာေရးလည္းေကာင္းမယ့္ ပစၥည္းေတြကို ထုတ္ခ်င္တဲ့အခါမွာ ကိုယ္ကိုယ္တိုင္လည္း ေလ့လာျဖစ္တယ္။ တခ်ိန္တည္းမွာပဲ ဒီႏုိ္င္ငံမွာ လူကုန္ကူးခံရၿပီးေတာ့ ျပန္ၿပီးေတာ့ လူမႈအသိုင္းအဝိုင္းအတြင္းကို ဝင္ဆန္႔ဖို႔ ႀကိဳးစားေနတဲ့ အထူးသျဖင့္ မိခင္ငယ္ေလးေတြ၊ အမ်ဳိးသမီးငယ္ေလးေတြကို ခိုင္က Training ေပးတယ္။ ေနာက္တခုက အတတ္ႏုိင္ဆံုး အလုပ္ခန္႔ႏိုင္တယ္ဆိုရင္လဲ အလုပ္ေပးတယ္။ အလုပ္ဆိုတာထက္ သူတုိ႔ကို သင္တန္းေပးတယ္။ ေနာက္ ကိုယ္နဲ႔အတူတူ အလုပ္လုပ္ေနတဲ့ အခုကေတာ့ ေက်ာင္းသူေလးေတြပါ ခန္႔ပါတယ္။ အရင္တုန္းကေတာ့ မိခင္ေတြႀကီးပဲ။ တဆိုင္လံုး၊ ပစၥည္းေတြအကုန္လံုး ထုတ္သမွ် လုပ္ေနသူေတြက မိခင္ေတြႀကီးပဲ။ မိခင္ေတြမွာမွ အိမ္တြင္းအၾကမ္းဖက္ခံရတဲ့ Domestic violence အမ်ဳိးသမီးေတြ။ သူတုိ႔မွာ အိမ္တြင္းအၾကမ္းဖက္ခံရၿပီးမွ ၿပိဳမလဲသြားဘဲနဲ႔ သူတုိ႔ဘဝကိုသူတုိ႔ အေကာင္းဆံုးျဖစ္ေအာင္ ျပန္တည္ေဆာက္ေနတဲ့၊ အရမ္းကိုေလးစားစရာေကာင္းတဲ့ မိခင္ေတြနဲ႔ အလုပ္လုပ္ခြင့္ရတယ္။ အဲဒီေတာ့ Missions ႏွစ္ခုကို ေပါင္းလိုက္တာေပါ့။ Organic လည္း ျဖစ္ရမယ္၊ က်န္းမာေရးနဲ႔လည္း ညီညႊတ္ရမယ္။ တဘက္မွာလဲ ကိုယ္ထုတ္တဲ့ပစၥည္းကေနတဆင့္ မိခင္ေတြ ဒီလိုမ်ဳိး အၾကမ္းဖက္မႈဒဏ္ကို ခံရၿပီးေတာ့ ျပန္ၿပီးေတာ့ နလန္ထူႏိုင္တဲ့ မိခင္ေတြနဲ႔ အလုပ္လုပ္ရတယ္ - သူတုိ႔ရဲ ႔ခြန္အားေတြကို ရတာေပါ့။ အဲဒီႏွစ္ခုကို ေပါင္းထားတဲ့သေဘာေပါ့။ ခိုင့္စီးပြားေရး လုပ္ငန္းက။
ေမး ။ ။ အဲဒီလိုမ်ဳိး လုပ္တဲ့အခါမွာ တခါတေလမွာ ကိုယ္က စိတ္ထဲမွာရိွတဲ့အတိုင္း၊ စိတ္သြားတိုင္း ကိုယ္မပါတာမ်ဳိး ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ေနာက္ အခက္အခဲ ႀကံဳတာမ်ဳိးေတြရိွတာလဲ ျဖစ္ႏုိင္ပါတယ္။ အဲဒီလိုအခါမ်ဳိးေတြ ရိွခဲ့ရင္ ဘယ္လိုမ်ဳိး ေက်ာ္လႊာပါလဲရွင့္။
ေျဖ ။ ။ အခက္အခဲကေတာ့ ပထမဦးဆံုးႏွစ္ကေတာ့ Challenges ေတြႀကီးပါပဲ။ ပထမႏွစ္၊ ဒုတိယႏွစ္ ေျပာရမယ္ဆိုရင္ (၃) ႏွစ္ေက်ာ္လာေတာ့မွ နည္းနည္းေလး ေနသာက် Stable ျဖစ္လာတာေပါ့။ ခိုင့္ပစၥည္းေတြက Lab Test လုပ္ထားတယ္။ ဒါေပမဲ့ ဒီပစၥည္းေတြကို တကမာၻလံုးကို ျဖန္႔ျဖဴးႏိုင္ေလာက္တဲ့ Packaging ဘာညာစဥ္းစားဖို႔ အခ်ိန္မရလိုက္ဘူး။ ကိုယ္က ပစၥည္းေလးေတြ စထုတ္တယ္။ ကံေကာင္းခ်င္ေတာ့ ခ်က္ခ်င္းအသိအမွတ္ျပဳခံရတယ္။ ..ခ်က္ခ်င္းရလာတယ္။ အမ သိတဲ့အတုိင္းပဲ ဒီႏုိင္ငံမွာ Organic ဆပ္ျပာထုတ္တဲ့လူေတြ သိန္းနဲ႔သန္းနဲ႔ခ်ီၿပီး ရိွတယ္။ ဒီအထဲမွာမွ ကိုယ္ကိုယ္တိုင္ ကိုယ့္ Brand နဲ႔ ကိုယ္ ထုတ္ၿပီးေတာ့ ေပါက္ေအာင္လုပ္ဖို႔ဆိုတာ ေတာ္ေတာ္ႀကီး ႀကိဳးစားခဲ့ရပါတယ္။ ဒါေပမဲ့ အားလံုးရဲ ႔ အားေပးမႈေၾကာင့္ အေျခေလးတခု ခို္င္လာခဲ့တာေပါ့။ အေျခခိုင္လာခဲ့တယ္ ဆုိေပမယ့္လဲ Challenges ေတြကေတာ့ အမ်ဳိးမ်ဳိး ရိွပါတယ္။ ပစၥည္းပို႔ေဆာင္တဲ့ ေနရာမွာ။ ထုတ္ပိုးတဲ့ေနရာမွာ။ ေနာက္ ဝန္ထမ္းေတြရဲ ႔ စိတ္က်န္းမာေရး၊ အထူးသျဖင့္ ခိုင္က ဒီလို Background ရိွတဲ့ အမ်ဳိးသမီးေတြနဲ႔ အလုပ္လုပ္တဲ့အခါမွာ တခါတေလၾကေတာ့ သူတုိ႔ရဲ ႔ စိတ္က်န္းမာေရးကို ဦးစားေပးရတဲ့ေန႔ေတြ ရိွတာေပါ့။ အဲဒီေတာ့ အလုပ္မွာ ဘာမွလုပ္လို႔မျဖစ္ေတာ့တဲ့ေန႔ေတြလည္း အမ်ားႀကီး ရိွခဲ့ပါတယ္။ အဲဒီလို အေျခအေနမွာ ဘာကိုပဲ ျပန္ၿပီးေတာ့ စိတ္ထဲမွာ ႏွလံုးသြင္းရသလဲဆိုေတာ့ ငါ လုပ္ႏုိင္တာ ဒါပဲရိွတယ္။ ဒီထက္ပိုၿပီးေတာ့လဲ ငါ သူတုိ႔ကို မေျပာင္းလဲႏုိင္ဘူး။ ဒီလိုပဲ ငါ ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား ငါ ႀကိဳးစားသမွ် အရာမထင္ေသးတဲ့ ေန႔ေတြဆိုတာလဲ ရိွမွာပဲ။ အဲဒီေတာ့ ဒီဥစၥာေတြကို ငါ ေျပာင္းလဲလို႔ မရတဲ့ဥစၥာေတြကို တအားႀကီးေတြးၿပီးေတာ့ စိတ္ဆင္းရဲေနမယ္ဆိုရင္ ငါ့ရဲ ႔ က်န္ေသးတဲ့ တစ္ေန႔တာအခ်ိန္ေတြလဲ ပုပ္သိုးသြားမယ္၊ သားနဲ႔ေနရမယ့္ အခ်ိန္ေတြလည္း ဒီအလုပ္ကို စဥ္းစားၿပီး၊ စိတ္ပူေနတာေတြေၾကာင့္မို႔ ေပ်ာ္ခ်င္သေလာက္လဲ ေပ်ာ္လို႔မရဘူး၊ လုပ္ခ်င္တာေတြလည္း လုပ္လို႔မရဘူးဆိုၿပီးေတာ့ ျပန္ေတြးပါတယ္။
ေမး ။ ။ အခုေနာက္ဆံုး ေမးခ်င္တာက အေမရိကန္ျပည္ေထာင္စုမွာ အခုလက္ရိွျဖစ္ေနတဲ့ အေျခအေနနဲ႔ ဆိုင္ပါတယ္။ အခုအေျခအေနက ကိုဗစ္ေၾကာင့္ လူေတြအမ်ားႀကီးလည္း သိန္းနဲ႔သန္းနဲ႔ခ်ီၿပီးေတာ့ ဝင္ေငြေတြ ထိခိုက္ေနတယ္။ ေနာက္တခါ အသားအေရာင္ခြဲျခားမႈနဲ႔ ပတ္သက္ၿပီးေတာ့ လူေတြရဲ ႔ စိတ္ထဲမွာ မေက်နပ္မႈေတြ သိသိသာသာ အခုျမင္ေနရတယ္ဆိုေတာ့ ဒီလိုအေျခအေနမ်ဳိးမွာ လူေတြက တေယာက္နဲ႔တေယာက္ သူကျဖဴတယ္၊ ကိုယ္ကမည္းတယ္ အဲဒီလိုဟာမ်ဳိးေတြကို ခြဲျခားမေနဘဲနဲ႔ တေယာက္နဲ႔တေယာက္ ခ်စ္ခင္စိတ္နဲ႔ မခိုင္တို႔လိုမ်ဳိး လိုအပ္ေနတာကို ကူညီေပးမယ့္လူေတြ ဘယ္ေလာက္အထိ လိုအပ္ေနတယ္လို႔ ထင္ပါသလဲရွင့္။
ေျဖ ။ ။ အျပည့္အဝ လုိအပ္ပါတယ္။ တကယ္ပါ ကိုယ္တတ္ႏိုင္တဲ့ဘက္က။ အခုဆုိရင္ ခိုင္လည္း ဒီမွာ အာရွလူမ်ဳိး စီးပြားေရးလုပ္ငန္း ဒီမွာဖြင့္ထားတာ ခိုင္ရယ္၊ မ်က္ႏွာခ်င္းဆိုင္မွာရိွတဲ့ တရုတ္စားေသာက္ဆိုင္ ခိုင္တို႔ ႏွစ္ေယာက္ပဲ ရိွတယ္။ ဆိုေတာ့ တခါတေလက်ေတာ့ မ်က္ေစာင္းထိုး ခံရတာပဲ။ သူတို႔ေတြက ဒီမွာလာၿပီးေတာ့ ဒီမွာရိွတဲ့ အမ်ားစုရဲ ႔ လူျဖဴအမ်ားစုရဲ ႔ အလုပ္ေတြကို ယူေနတယ္လို႔ ျမင္တဲ့လူေတြ ရိွတယ္။ ဒီေျပာသမွ် မေကာင္းျမင္သမွ်ကို လိုက္ၿပီးေတာ့ တံု႔ျပန္ေနမယ့္အစား ကိုယ္ေရာက္ေနတဲ့ အေျခအေနမွာ ကိုယ့္ရဲ ႔ ပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္ေအာင္ ေနဖို႔ အဲဒီစိတ္ကေလးနဲ႔သာ ထားလိုက္မယ္ဆိုလုိ႔ရိွရင္ သူမ်ားကလည္း ကိုယ့္ကိုယ္ ေတာ္ရံုတန္ရံု လာၿပီးေတာ့ ဘလိုင္းႀကီး မေစာ္ကားရဲဘူး။ ကိုယ့္စည္းေလးနဲ႔ကိုယ္ ေနတယ္။ ကိုယ္တတ္ႏုိင္တာပဲ လုပ္တယ္။ ကိုယ္တတ္ႏုိင္တဲ့ဟာကိုလည္း တခါတည္း အသိေပးပါတယ္။ ဒီထက္ပိုၿပီးတာ့လဲ ကိုယ့္ကိုယ္ လာၿပီးေတာ့ မေတာင္းဆိုဖို႔ ျပတ္ျပတ္သားသား တခါတည္း ေျပာထားတာေပါ့။ အဲဒီလိုေလး ေနေပးရင္းနဲ႔ အတတ္ႏုိင္ဆံုး ကိုယ့္ပတ္ဝန္းက်င္ကို ျပန္ၿပီးေတာ့ တခုခု အက်ဳိးျပဳေပးႏုိင္မယ္ဆိုရင္ အေကာင္းဆံုးပဲလို႔ ခိုင့္အေဖနဲ႔အေမကလည္း အဲဒီအတိုင္းပဲ သူတုိ႔က ေန႔တုိင္းက်င့္ႀကံေနေတာ့ ခိုင္လည္း သူတုိ႔ဆီက အမ်ားႀကီး သင္ခန္းစာ ရပါတယ္။ အေဖနဲ႔အေမကို ေက်းဇူးတင္ပါတယ္။
မစုျမတ္မြန္ ။ ။ မခိုင္ေဝႏွင္းေဇာ္ အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီး ေက်းဇူးတင္ပါတယ္ရွင့္။
ေျဖ ။ ။ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ အမ။
==Unicode==
အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ နေထိုင်တဲ့ မခိုင်ငွေနှင်းဇော်ကို အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အပြင်၊ Pennsylvania ပြည်နယ် အထက်နဲ့ အောက်လွှတ်တော်တွေက လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနေသူအဖြစ် ဂုဏ်ပြုလက်မှတ်တွေ ချီးမြှင့်ခဲ့ပါတယ်။ Kinder Creations ဆိုတဲ့ စီးပွားရေးလုပ်ငန်းကို တည်ထောင်သူ မခိုင်ငွေနှင်းဇော် ဘယ်လို အကျိုးပြုအလုပ်တွေ လုပ်တာကြောင့် အခုလို အသိအမှတ်ပြုခံရတာပါလဲ။ မစုမြတ်မွန်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါရှင့် မခိုင်ငွေနှင်းဇော် VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်ရှင့်။ အရင်ဆုံး သောတရှင်တွေကို မခိုင်ငွေနှင်းဇော်ကို မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ နေပါတယ်။ မကြာသေးခင်တုန်းကမှ အမေရိကန်အထက်လွှတ်တော်နဲ့ Pennsylvania ပြည်နယ်လွှတ်တော်ကနေပါ အများပြည်သူအကျိုးပြုတဲ့ အသိအမှတ်ပြုဆုတွေကို ရယူထားသူ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်ကနေ အထူးအသိအမှတ်ပြုဆုတံဆိပ်ကိုပါ ဆုချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။ နောက်ပြီး ဆက်လက်မိတ်ဆက်ရမယ်ဆိုရင်တော့ မခိုင်ငွေနှင်းဇော်က သဘာဝနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေ Skincare ကိုလည်း ကိုယ်တိုင်ဖော်စပ်ထုတ်လုပ်ပြီးတော့ ရောင်းနေတဲ့ အသေးစားစီးပွားရေး လုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။ ဆိုတော့ အဲဒီလုပ်ငန်းကလဲ အများအကျိုးပြုလုပ်တာတွေကိုလည်း နောက်ပိုင်းမှာ ပြောကြတာပေါ့။ အခုအရင်ဆုံးကတော့ စောစောကပြောသလို အမေရိကန်အထက်လွှတ်တော်ကနေ မခိုင်ငွေနှင်းဇော်ကို အများအကျိုးပြုတဲ့ဆုတွေ ပေးတာနဲ့ ပတ်သက်ပြီး မေးပါရစေ။ ရရှိတဲ့ ဆုလက်မှတ်တွေနဲ့ ပတ်သက်ပြီး ဘာကြောင့်ရတာလဲဆိုတာကို ရှင်းပြပေးပါ။
ဖြေ ။ ။ မင်္ဂလာပါ။ ဘာကြောင့်ရသလဲဆိုတာကို ခိုင်လည်း အမှန်အတိုင်းပြောရရင် ကိုယ်ကိုယ်တိုင်လဲ မသိဘူး။ ဘာကြောင့်လဲဆိုတော့ ခိုင်က ပရဟိတလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဓါတ်ပုံတွေရိုက်တာ - ပြောရမယ်ဆိုရင် အရမ်းကြီးရှယ်လုပ်တာတွေ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ခိုင် ပရဟိတလုပ်တဲ့အချိန်ကတော့ ကိုယ်အချိန်ရတဲ့အချိန်တိုင်းမှာ လုပ်ဖြစ်တာပေါ့။ ကိုယ်လုပ်ဖြစ်တဲ့ လုပ်ငန်းတိုင်းကို အသိအမှတ်ပြုတဲ့လူတွေလည်း ရှိနေတယ်ဆိုတာကို ဒီဆုက သက်သေပြလိုက်တာပေါ့။ ကိုယ်က ဒီဆုရချင်လို့ လုပ်ခဲ့တာလဲ မဟုတ်ဘူး။ အသိအမှတ်ပြုခံချင်လို့ လုပ်တာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်လုပ်နေတဲ့အဖွဲ့၊ ကိုယ် volunteer သွားလုပ်တဲ့အဖွဲ့အစည်းတွေမှာ ကိုယ့်ကိုစောင့်ကြည့်နေတဲ့ အန်တီတွေ၊ ဦးလေးတွေ ဒီလူတွေကနေ nominate လုပ်တယ်လို့ သိရပါတယ်။ ဒီဆုတွေက nominate လုပ်မှ သူတို့က တခါထပ်ပြီးတော့ ရွေးချယ်တာပေါ့။ ဒီမှာရှိတဲ့ နေထိုင်နေကြတဲ့ နိုင်ငံသားတွေထဲကမှတဆင့် သူတို့ပြန်ပြီးတော့ကြည့်ပြီးတော့မှ ဆုပေးတယ်လို့ သိရပါတယ်။ ခိုင်ကိုယ်တိုင်လည်း အမှန်အတိုင်း ပြောရရင်တော့ ဘာကြောင့်ရသလဲဆိုတာတော့ သေချာမပြောတတ်ဘူး။ ဒါပေမဲ့ သူတို့က ခိုင်လုပ်နေတဲ့ အလုပ်တွေကို သဘောကျလို့ ပေးတယ်လို့ပဲ ခိုင်ထင်ပါတယ်။
မေး ။ ။ အဲဒီတော့ စောစောကပြောသလိုပေါ့ မခိုင်ငွေနှင်းဇော်က ပရဟိတ အလုပ်တွေတော့ လုပ်နေတယ်။ ဘယ်လိုအလုပ်မျိုးတွေ လုပ်တယ်ဆိုတာကို နည်းနည်းလေး ပြောပြပါလား။
ဖြေ ။ ။ ခိုင် ဒီကို ၂၀၁၃ ခုနှစ် ဧပြီလကစပြီး ပြောင်းလာပါတယ်။ ၂၀၁၃ ခုနှစ် စပြောင်းလာပြီးနောက်ပိုင်းမှာ ရောက်ရောက်ချင်းကတည်းက ခိုင်တို့နေတဲ့ မြို့ကလေး၊ အခုရောက်နေတဲ့ မြို့ကလေးကတော့ Emmaus မြို့မှာ မနေခင်၊ Allan Town ဆိုတဲ့ မြို့ကလေးမှာ နေပါတယ်။ အဲဒီကို စရောက်ကတည်းက ခိုင်က Boys and Girls Club အဲဒီလိုနေရာမျိုးမှာ Volunteer သွားလုပ်တယ်။ Volunteer လုပ်တဲ့နေရာမှာ ဝင်ငွေလည်း မရှိသေးတဲ့အခါမှာ အဲဒီအချိန်တုန်းကတော့ လုပ်အားပေးပါတယ်။ အချိန်ရရင် ရသလို ဟင်းသွားချက်ပေးတယ်။ ပြီးတော့ သူတို့မီးဖိုးချောင်းတွေကို သန့်ရှင်းရေးလုပ်ပေးတာမျိုးတွေ လုပ်ပေးတယ်။ နောက် New York မှာ (၆) လလောက် သွားနေရတုန်းကလဲ New York မှာ ရောက်ခါစ နိုင်ငံခြားသားမိခင်တွေ၊ အထူးသဖြင့် အာရှနိုင်ငံသားမိခင်တွေကို ဘာသာပြန်ပေးတာမျိုး၊ အိမ်မှာနေရင်းနဲ့ တရားရုံးတွေမှာ တရားသွားရင်ဆိုင်နေရတဲ့ လူတွေအတွက် ဖုန်းနဲ့ တရားရုံးကဆက်ပြီး ဘာသာပြန်ခိုင်းတဲ့အခါ ဘာသာပြန်ပေးတာမျိုး၊ ကိုယ်လုပ်ပေးနိုင်တာလေးတွေက စပြီးတော့ အခုနောက်ပိုင်းတော့ ပုံမှန် တနင်္လာနေ့တိုင်း Meals on Wheels ရှိပါတယ်။ ပိုက်ဆံမတတ်နိုင်တဲ့၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရဲ့ အိမ်တွေကို ဟင်းတွေသွားပို့ပေးရတဲ့ အစီအစဉ် ရှိပါတယ်။ အဲဒီမှာ ပုံမှန်တာဝန်ယူ ကားမောင်းပြီးတော့ ဟင်းတွေလိုက်ပို့တယ်။ နောက် ကြာသပတေးနေ့တိုင်း အိမ်မဲ့ယာမဲ့ မိသားစုတွေ ရှိပါတယ်။ အဲဒီမိသားစုတွေကို စုပြီးတော့ သူတို့နဲ့အတူတူ တရားထိုင်တာ၊ တရားမှတ်တဲ့ပုံစံမျိုး - တရားရဲ့လို့တော့ မဟုတ်ဘူးပေါ့ - သူတို့ကို ဗုဒ္ဓဘာသာကို သင်တာမဟုတ်ဘူး။ အဓိကတော့ စိတ်အေးချမ်းမှုကို ရှာဖွေတဲ့ meditation မျိုးတွေကို သင်ပေးပါတယ်။
မေး ။ ။ နောက်တခုကလဲ Pennsylvania ပြည်နယ် Bethlehem မြို့မှာရှိတဲ့ YWCA အဖွဲ့အစည်းရဲ့ ၂၀၂၀ ခုနှစ် Mission Award ကိုလည်း မခိုင်ငွေနှင်းဇော် ရထားတယ်ဆိုတော့၊ အဲဒီဆုကို ကြားသိရလို့ အခုလို အမေရိကန်အထက်လွှတ်တော်နဲ့ ပြည်နယ်အထက်လွှတ်တော်တို့က အသိအမှတ်ပြုတယ်လို့ ထင်ပါသလားရှင့်။
ဖြေ ။ ။ အဲဒီဆုအတွက် အဓိကအသိအမှတ်ပြုတယ်လို့ ခိုင် သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ YWCA အဖွဲ့ကြီးက အင်မတန်သြဇာကြီးမားပါတယ်။ ဒီနိုင်ငံမှာလည်း အမ သိတဲ့အတိုင်းပဲ။ အဲဒီတော့ YWCA က ပေးတဲ့ဆုတွေ အကုန်လုံးဟာ သူတို့ သတ်မှတ်ထားတဲ့ စံနှုန်း ရှိတာပေါ့။ Volunteer ဆိုလို့ရှိရင် ဘယ်လို အနေအထားမှာ ရှိတဲ့လူတွေအတွက် Volunteer လုပ်ပေးနေတာလဲ။ ဘယ်လို အဖွဲ့အစည်းတွေမှာ သွားပြီးတေ့ အချိန်ဘယ်လောက်နဲ့ Volunteer လုပ်ပေးနေတာလဲ ဆိုပြီးတော့ သူတို့ သတ်မှတ်ထားတာတွေ ရှိပါတယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံးက YWCA က ပေးတာတော့ ကိုယ့်ရဲ့ရပ်ရွာထဲမှာရှိတဲ့ အခြားအမျိုးသမီးငယ်လေးတွေရဲ့ ဘဝတက်လှမ်းအတွက် ကိုယ်က တဘက်တလမ်းကနေပြီးတော့ တကယ့်ကို ထိရောက်တဲ့ ကူညီဖေးမမှုမျိုးတွေ လုပ်ပေးနေတဲ့လူတွေကို သူတို့က ဦးစားပေးပြီးတော့ ရွေးပေးတယ်လို့ ခိုင် သိရပါတယ်။ YWCA မှာ ခိုင်က အဖွဲ့ဝင် မဟုတ်ပါဘူး။ YWCA အဖွဲ့ကြီးက ဒီလိုမျိုး အသိအမှတ်ပြုတယ်ဆိုတာကို ဆုရတော့မှပဲ သိပါတယ်။ အဲဒီတော့ ကိုယ်က ခရစ်ယာန်ဘာသာဝင် မဟုတ်ပေမယ့် ကိုယ့်ကို ခရစ်ယာန်ဘာသာဝင်တွေ အရမ်းကိုအလေးထားတဲ့ အဖွဲ့အစည်းကြီးကအစ အသိအမှတ်ပြုတယ်ဆိုတော့ ကိုယ်လုပ်နေတဲ့ဥစ္စာတွေက ဘာသာမတူတဲ့ လူတွေအတွက်လဲ အကျိုးရှိတယ်ဆိုတဲ့ အဓိပ္ပါယ်တခုလို့ ခိုင်ကတော့ ခံယူထားပါတယ်။
မေး ။ ။ နောက်တခုက ဒီလိုမျိုး အများအတွက် လုပ်တယ်ဆိုတာက တော်ရုံတန်ရုံလူ မလုပ်နိုင်ပါဘူး။ လူတွေက တချို့ဆိုရင် စိတ်ထဲမှာ ရှိပေမယ့် တကယ်တမ်း လက်တွေ့လုပ်ဖို့အတွက်ကြတော့ အားစိုက်ထုတ်မှုတွေလိုတယ်။ အခက်အခဲတွေ ရှိတယ်ဆိုတော့ အဲဒါမျိုးတွေကို မခိုင်ငွေနှင်းဇော်က ဒီလိုမျိုး ကိုယ်ကိုယ်တိုင် လုပ်နိုင်တာက ဘယ်လိုမျိုး တွန်းအားတွေကြောင့် လုပ်နိုင်၊ လုပ်ဖြစ်တယ်လို့ ပြောနိုင်ပါလဲ။
ဖြေ ။ ။ Volunteer လုပ်တာကတော့ အဓိကတော့ ခိုင် လုပ်ရတာ စိတ်ချမ်းသာလို့ပေါ့။ အချိန်တွေ ရှိတာမရှိတာဆိုတာထက် ခိုင်အတွက်က သားလေးနဲ့ ခိုင်နဲ့ ကိုယ်အချိန်ရတဲ့အခါတိုင်းသွားတဲ့ လုပ်တဲ့ Activities တွေ ရှိတယ်။ ဥပမာ Hiking သွားတာမျိုး။ သူ သူငယ်ချင်းတွေအိမ်မှာသွားပြီး Play Date လုပ်တာမျိုး။ ဒါတွေအပြင် ခိုင်ကိုယ်တိုင်က ဒီလို Volunteer လုပ်ရတာကို သဘောကျတယ်၊ ဝါသနာပါတယ်။ သားကိုလည်း သူ့ရဲ့မိသားစုဝင်တွေ၊ သူ့ရဲ့ Cousins တွေ၊ ဦးလေးတွေ၊ အဒေါ်တွေက မြန်မာပြည်မှာ ရှိနေတယ်ဆိုပေမယ့် ဒီမှာ တခြားမိသားစုဝင်တွေနဲ့အတူတူ ကိုယ်က သိစရာမလိုဘူး၊ ဘာသာစကားချင်း တူစရာမလိုဘူး၊ သားအရောင်ချင်း တူစရာမလိုဘူး၊ အားလုံးနဲ့ သူငယ်ချင်းဖြစ်လို့ရတယ်၊ အားလုံးနဲ့အတူတူ ကစားလို့ရတယ်ဆိုတဲ့ အသိလေးတွေ ပေးချင်တော့ အဲဒီလိုကနေ Volunteer ပိုလုပ်ဖြစ်ပါတယ်။ Volunteer ကြိးဆိုတဲ့ အသိကြီးနဲ့ လုပ်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင်က သဘောကျလို့ လုပ်ဖြစ်တာကနေ ဆက်လုပ်ဖြစ်သွားတာပေါ့။
မေး ။ ။ တဆက်တည်းမှာ မခိုင် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့လည်း ပတ်သက်ပြီးတော့ မေးပါရစေ။ ဆိုတော့ မခိုင်က အစပိုင်းမှာ မိတ်ဆက်ပေးခဲ့သလိုပဲ၊ သဘာဝနဲ့လုပ်တဲ့ Skincare တွေ အဲဒါတွေကို ထုတ်လုပ်ပြီးတော့ ရောင်းချနေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင် ဖြစ်ပါတယ်ဆိုတော့ ဒီလုပ်ငန်းကလည်း အကူအညီ လိုနေတဲ့ အမျိုးသမီးတွေကို အများကြီးပံ့ပိုးတယ်။ နောက် ဒီအမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးတွေကိုလည်း လုပ်နေတယ်ဆိုတာ သိထားပါတယ်။ အဲဒီအကြောင်းကိုလည်း နည်းနည်းပြောပြပေးပါရှင့်။
ဖြေ ။ ။ ခိုင် ဒီလုပ်ငန်းကို ၂၀၁၆ နွေရာသီတုန်းက စပြီးတော့ လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ စစချင်းကတော့ ခိုင်တို့အိမ်မှာ လာပြီးတော့ သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသမီးရဲ့ မိသားစုကို အကူအညီပေးချင်တာနဲ့ စတာပေါ့။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင် ဒီပညာကို လေ့လာသင်ယူဖို့တွေ၊ စိတ်ကအလိုလိုပြောင်းလာပါတယ်။ နောက် ဘာကိုစဉ်းစားမိသလဲဆိုတော့ မြန်မာနိုင်ငံမှာ ခိုင်က အဖွားတွေနဲ့ ကြီးလာခဲ့တဲ့အခါမှာ အဖွားတွေရဲ့ ဆံပင်တွေ၊ အသားအရည်တွေက အရမ်းကို ကျန်းမာတယ်။ ခိုင့်အဖွားတယောက်ဆိုရင် အသက်တစ်ရာကျော်မှ ဆုံးသွားတယ်။ နောက်အဖွားတစ်ယောက်ဆိုရင် ကိုးဆယ်ကျော်။ နောက် အဖွားဆိုလည်း အသက်ရှည်တယ်။ နောက်ပြီး ကျန်းမာတယ်။ အဲဒီတော့ သူတို့ရဲ့ နေ့တဓုဝ သုံးစွဲနေတဲ့ ပစ္စည်းလေးတွေက အရမ်းကို ရိုးစင်းတယ်။ စားသောက်တာတွေကလည်း အရမ်းကိုရိုးစင်းတယ်။ အဲဒီဟာတွေကို ကြည့်ပြီးတော့ မြန်မာပြည်မှာ ကိုယ်မွေးတုန်းက ကိုယ်ကြီးလာတဲ့အခါမှာ ကိုယ်သုံးခဲ့တဲ့ သဘာဝပစ္စည်းတွေကို ဒီနိုင်ငံမှာလဲ Recipe အနေနဲ့ ပြောင်းပြီးတော့ ထုတ်နိုင်မယ်ဆိုရင် တကယ့်ကို All Natural ပစ္စည်းလေးတွေ လုပ်နိုင်မယ်။ အဲဒီဟာနှစ်ခုကို ပေါင်းလိုက်ပြီး - သူများကို ကူညီချင်တဲ့ဟာနဲ့ ကိုယ်ကိုယ်တိုင်ကို Sustainable ဖြစ်တဲ့ တကယ့်ကို ရေရှည်သုံးစွဲလို့ရမယ့် အရေပြားလည်း ပျော်မယ်၊ ကိုယ့်ရဲ့ကျန်းမာရေးလည်းကောင်းမယ့် ပစ္စည်းတွေကို ထုတ်ချင်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်လည်း လေ့လာဖြစ်တယ်။ တချိန်တည်းမှာပဲ ဒီနိုင်ငံမှာ လူကုန်ကူးခံရပြီးတော့ ပြန်ပြီးတော့ လူမှုအသိုင်းအဝိုင်းအတွင်းကို ဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထူးသဖြင့် မိခင်ငယ်လေးတွေ၊ အမျိုးသမီးငယ်လေးတွေကို ခိုင်က Training ပေးတယ်။ နောက်တခုက အတတ်နိုင်ဆုံး အလုပ်ခန့်နိုင်တယ်ဆိုရင်လဲ အလုပ်ပေးတယ်။ အလုပ်ဆိုတာထက် သူတို့ကို သင်တန်းပေးတယ်။ နောက် ကိုယ်နဲ့အတူတူ အလုပ်လုပ်နေတဲ့ အခုကတော့ ကျောင်းသူလေးတွေပါ ခန့်ပါတယ်။ အရင်တုန်းကတော့ မိခင်တွေကြီးပဲ။ တဆိုင်လုံး၊ ပစ္စည်းတွေအကုန်လုံး ထုတ်သမျှ လုပ်နေသူတွေက မိခင်တွေကြီးပဲ။ မိခင်တွေမှာမှ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ Domestic violence အမျိုးသမီးတွေ။ သူတို့မှာ အိမ်တွင်းအကြမ်းဖက်ခံရပြီးမှ ပြိုမလဲသွားဘဲနဲ့ သူတို့ဘဝကိုသူတို့ အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်နေတဲ့၊ အရမ်းကိုလေးစားစရာကောင်းတဲ့ မိခင်တွေနဲ့ အလုပ်လုပ်ခွင့်ရတယ်။ အဲဒီတော့ Missions နှစ်ခုကို ပေါင်းလိုက်တာပေါ့။ Organic လည်း ဖြစ်ရမယ်၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်ရမယ်။ တဘက်မှာလဲ ကိုယ်ထုတ်တဲ့ပစ္စည်းကနေတဆင့် မိခင်တွေ ဒီလိုမျိုး အကြမ်းဖက်မှုဒဏ်ကို ခံရပြီးတော့ ပြန်ပြီးတော့ နလန်ထူနိုင်တဲ့ မိခင်တွေနဲ့ အလုပ်လုပ်ရတယ် - သူတို့ရဲ့ခွန်အားတွေကို ရတာပေါ့။ အဲဒီနှစ်ခုကို ပေါင်းထားတဲ့သဘောပေါ့။ ခိုင့်စီးပွားရေး လုပ်ငန်းက။
မေး ။ ။ အဲဒီလိုမျိုး လုပ်တဲ့အခါမှာ တခါတလေမှာ ကိုယ်က စိတ်ထဲမှာရှိတဲ့အတိုင်း၊ စိတ်သွားတိုင်း ကိုယ်မပါတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက် အခက်အခဲ ကြုံတာမျိုးတွေရှိတာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုအခါမျိုးတွေ ရှိခဲ့ရင် ဘယ်လိုမျိုး ကျော်လွှာပါလဲရှင့်။
ဖြေ ။ ။ အခက်အခဲကတော့ ပထမဦးဆုံးနှစ်ကတော့ Challenges တွေကြီးပါပဲ။ ပထမနှစ်၊ ဒုတိယနှစ် ပြောရမယ်ဆိုရင် (၃) နှစ်ကျော်လာတော့မှ နည်းနည်းလေး နေသာကျ Stable ဖြစ်လာတာပေါ့။ ခိုင့်ပစ္စည်းတွေက Lab Test လုပ်ထားတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို တကမ္ဘာလုံးကို ဖြန့်ဖြူးနိုင်လောက်တဲ့ Packaging ဘာညာစဉ်းစားဖို့ အချိန်မရလိုက်ဘူး။ ကိုယ်က ပစ္စည်းလေးတွေ စထုတ်တယ်။ ကံကောင်းချင်တော့ ချက်ချင်းအသိအမှတ်ပြုခံရတယ်။ ..ချက်ချင်းရလာတယ်။ အမ သိတဲ့အတိုင်းပဲ ဒီနိုင်ငံမှာ Organic ဆပ်ပြာထုတ်တဲ့လူတွေ သိန်းနဲ့သန်းနဲ့ချီပြီး ရှိတယ်။ ဒီအထဲမှာမှ ကိုယ်ကိုယ်တိုင် ကိုယ့် Brand နဲ့ ကိုယ် ထုတ်ပြီးတော့ ပေါက်အောင်လုပ်ဖို့ဆိုတာ တော်တော်ကြီး ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ အားလုံးရဲ့ အားပေးမှုကြောင့် အခြေလေးတခု ခိုင်လာခဲ့တာပေါ့။ အခြေခိုင်လာခဲ့တယ် ဆိုပေမယ့်လဲ Challenges တွေကတော့ အမျိုးမျိုး ရှိပါတယ်။ ပစ္စည်းပို့ဆောင်တဲ့ နေရာမှာ။ ထုတ်ပိုးတဲ့နေရာမှာ။ နောက် ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေး၊ အထူးသဖြင့် ခိုင်က ဒီလို Background ရှိတဲ့ အမျိုးသမီးတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ တခါတလေကြတော့ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးရတဲ့နေ့တွေ ရှိတာပေါ့။ အဲဒီတော့ အလုပ်မှာ ဘာမှလုပ်လို့မဖြစ်တော့တဲ့နေ့တွေလည်း အများကြီး ရှိခဲ့ပါတယ်။ အဲဒီလို အခြေအနေမှာ ဘာကိုပဲ ပြန်ပြီးတော့ စိတ်ထဲမှာ နှလုံးသွင်းရသလဲဆိုတော့ ငါ လုပ်နိုင်တာ ဒါပဲရှိတယ်။ ဒီထက်ပိုပြီးတော့လဲ ငါ သူတို့ကို မပြောင်းလဲနိုင်ဘူး။ ဒီလိုပဲ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါ ကြိုးစားသမျှ အရာမထင်သေးတဲ့ နေ့တွေဆိုတာလဲ ရှိမှာပဲ။ အဲဒီတော့ ဒီဥစ္စာတွေကို ငါ ပြောင်းလဲလို့ မရတဲ့ဥစ္စာတွေကို တအားကြီးတွေးပြီးတော့ စိတ်ဆင်းရဲနေမယ်ဆိုရင် ငါ့ရဲ့ ကျန်သေးတဲ့ တစ်နေ့တာအချိန်တွေလဲ ပုပ်သိုးသွားမယ်၊ သားနဲ့နေရမယ့် အချိန်တွေလည်း ဒီအလုပ်ကို စဉ်းစားပြီး၊ စိတ်ပူနေတာတွေကြောင့်မို့ ပျော်ချင်သလောက်လဲ ပျော်လို့မရဘူး၊ လုပ်ချင်တာတွေလည်း လုပ်လို့မရဘူးဆိုပြီးတော့ ပြန်တွေးပါတယ်။
မေး ။ ။ အခုနောက်ဆုံး မေးချင်တာက အမေရိကန်ပြည်ထောင်စုမှာ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ဆိုင်ပါတယ်။ အခုအခြေအနေက ကိုဗစ်ကြောင့် လူတွေအများကြီးလည်း သိန်းနဲ့သန်းနဲ့ချီပြီးတော့ ဝင်ငွေတွေ ထိခိုက်နေတယ်။ နောက်တခါ အသားအရောင်ခွဲခြားမှုနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ သိသိသာသာ အခုမြင်နေရတယ်ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ လူတွေက တယောက်နဲ့တယောက် သူကဖြူတယ်၊ ကိုယ်ကမည်းတယ် အဲဒီလိုဟာမျိုးတွေကို ခွဲခြားမနေဘဲနဲ့ တယောက်နဲ့တယောက် ချစ်ခင်စိတ်နဲ့ မခိုင်တို့လိုမျိုး လိုအပ်နေတာကို ကူညီပေးမယ့်လူတွေ ဘယ်လောက်အထိ လိုအပ်နေတယ်လို့ ထင်ပါသလဲရှင့်။
ဖြေ ။ ။ အပြည့်အဝ လိုအပ်ပါတယ်။ တကယ်ပါ ကိုယ်တတ်နိုင်တဲ့ဘက်က။ အခုဆိုရင် ခိုင်လည်း ဒီမှာ အာရှလူမျိုး စီးပွားရေးလုပ်ငန်း ဒီမှာဖွင့်ထားတာ ခိုင်ရယ်၊ မျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်စားသောက်ဆိုင် ခိုင်တို့ နှစ်ယောက်ပဲ ရှိတယ်။ ဆိုတော့ တခါတလေကျတော့ မျက်စောင်းထိုး ခံရတာပဲ။ သူတို့တွေက ဒီမှာလာပြီးတော့ ဒီမှာရှိတဲ့ အများစုရဲ့ လူဖြူအများစုရဲ့ အလုပ်တွေကို ယူနေတယ်လို့ မြင်တဲ့လူတွေ ရှိတယ်။ ဒီပြောသမျှ မကောင်းမြင်သမျှကို လိုက်ပြီးတော့ တုံ့ပြန်နေမယ့်အစား ကိုယ်ရောက်နေတဲ့ အခြေအနေမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေဖို့ အဲဒီစိတ်ကလေးနဲ့သာ ထားလိုက်မယ်ဆိုလို့ရှိရင် သူများကလည်း ကိုယ့်ကိုယ် တော်ရုံတန်ရုံ လာပြီးတော့ ဘလိုင်းကြီး မစော်ကားရဲဘူး။ ကိုယ့်စည်းလေးနဲ့ကိုယ် နေတယ်။ ကိုယ်တတ်နိုင်တာပဲ လုပ်တယ်။ ကိုယ်တတ်နိုင်တဲ့ဟာကိုလည်း တခါတည်း အသိပေးပါတယ်။ ဒီထက်ပိုပြီးတာ့လဲ ကိုယ့်ကိုယ် လာပြီးတော့ မတောင်းဆိုဖို့ ပြတ်ပြတ်သားသား တခါတည်း ပြောထားတာပေါ့။ အဲဒီလိုလေး နေပေးရင်းနဲ့ အတတ်နိုင်ဆုံး ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ပြီးတော့ တခုခု အကျိုးပြုပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲလို့ ခိုင့်အဖေနဲ့အမေကလည်း အဲဒီအတိုင်းပဲ သူတို့က နေ့တိုင်းကျင့်ကြံနေတော့ ခိုင်လည်း သူတို့ဆီက အများကြီး သင်ခန်းစာ ရပါတယ်။ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။
မစုမြတ်မွန် ။ ။ မခိုင်ဝေနှင်းဇော် အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ ။ ။ ကျေးဇူးအများကြီး တင်ပါတယ် အမ။