သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ မီဒီယာလြတ္လပ္ခြင့္


သတင္းစာ၊ ဂ်ာနယ္မ်ား ေရာင္းခ်ေနသူ။ (စက္တင္ဘာ ၂၃၊ ၂၀၂၀)
ကိုဗစ္ကာလ မီဒီယာလြတ္လပ္ခြင့္
please wait

No media source currently available

0:00 0:10:54 0:00
တိုက္႐ိုက္ လင့္ခ္

လက္ရိွကိုဗစ္ကာလ အကန္႔အသတ္ေတြၾကားက သတင္းလုပ္ငန္းေတြ လုပ္ေနၾကတဲ့ ျမန္မာသတင္းမီဒီယာ အဖြဲ႔အစည္းေတြရဲ ႔ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ျမန္မာ့သတင္းမီဒီယာေကာင္စီမွ တြဲဘက္အတြင္းေရးမွဴး ကိုျမင့္ေက်ာ္နဲ႔ ေဆြးေႏြးထားပါတယ္။

ေမး ။ ။ အခုလက္ရိွ ျမန္မာႏုိင္ငံမွာ ကိုဗစ္အကန္႔အသတ္ေတြ ျဖစ္လာတဲ့အခါမွာ ေျပာမယ္ဆိုရင္ မျဖစ္မေန လုပ္ရမယ့္စာရင္းထဲမွာ မီဒီယာလုပ္ငန္း မပါပါဘူး။ မပါေတာ့ က်ေနာ္တုိ႔ ၾကားရသေလာက္ေတာ့ တခ်ဳိ ႔မီဒီယာလုပ္ငန္းေတြ ရပ္ေနတယ္လို႔ ၾကားပါတယ္။ ကိုဗစ္ကာလ အကန္႔အသတ္ခ်က္ေၾကာင့္ ျမန္မာမီဒီယာလုပ္ငန္းေတြက ဘယ္လိုလုပ္ကိုင္ေနတယ္ဆိုတာကို အရင္ဆံုးအႏွစ္ခ်ဳပ္ၿပီး ေျပာေပးပါလား။

ေျဖ ။ ။ သတင္းစာတခ်ဳိ ႔ မထုတ္ႏိုင္ဘူး။ တခ်ဳိ ႔ကေတာ့ နည္းလမ္းရွာၿပီးေတာ့ ထုတ္တယ္။ သို႔ေသာ္ ျဖန္႔ျဖဴးေရးတို႔၊ သတင္းလုိက္တဲ့ကိစၥ၊ လိုအပ္ရင္ အျပင္ထြက္တဲ့ကိစၥေတြက တရားဝင္ေတာ့ အခုအခ်ိန္အထိ မလုပ္ႏိုင္ေသးဘူး။ Online ေတြကေတာ့ တင္တာကေတာ့ ျဖန္႔ျဖဴးေရး မရိွဘူး။ Online ေပၚ တင္လို႔ရတယ္။ ဒါေပမဲ့ သတင္းလိုက္မယ့္ကိစၥမွာေတာ့ Online သတင္းဌာနေတြလည္း အလားတူပဲ ဒီလိုအခက္အခဲ ရိွတယ္။ ေနာက္တစ္ခုကေတာ့ ေစာေစာက သတင္းစာလုိဟာမ်ဳိး၊ ပံုႏိွပ္ဂ်ာနယ္လုပ္ငန္းေတြဆုိရင္ ဒီအခ်ိန္မွာ ရန္ကုန္တၿမိဳ ႔လံုးကို အသြားအလာ ကန္႔သတ္ထားေတာ့ လမ္းေဘးအေရာင္းဆိုင္တို႔ဘာတုိ႔က မရိွသေလာက္ပဲ။ တခ်ဳိ ႔အိမ္ပို႔တဲ့ ဝန္ေဆာင္မႈေတြေတာ့ ရိွတယ္။ သို႔ေသာ္ အေရာင္းဆိုင္ေတြက လူမထြက္တဲ့အတြက္ ေရာင္းရမွာလဲ မဟုတ္ဘူး။ ဆိုေတာ့ အဲဒီလို အေျခအေနမ်ဳိး ျဖစ္ေနေတာ့ ဝင္ေငြမွာ ေၾကာ္ျငာနဲ႔ ေရာင္းရေငြေတြမွာ အားလံုးထိခိုက္တယ္။ ဧၿပီလနဲ႔ ေမလမွာ တခ်ဳိ ႔လည္း ရပ္တဲ့ဟာေတြ ရိွတယ္။ အခုလဲ လူေလွ်ာ့တဲ့ဟာေတြ ေလွ်ာ့ကုန္တယ္။

ဒီတျပန္မွာ အခုတစ္ခါ ဒုတိယထုိးႏွက္ခ်က္ဆုိေတာ့ ဝန္ထမ္းေတြ လစာေလွ်ာ့ေပးတာ၊ လူေလွွ်ာ့တဲ့ဟာတို႔ အဲဒီလိုဟာမ်ဳိးေတြကေတာ့ ဒုတိယအေၾကာ့မွာ ထပ္ၿပီးေတာ့ ျဖစ္ပြားေနတဲ့ဟာမ်ဳိးေတြကို က်ေနာ္တို႔ ၾကားသိေနရပါတယ္။

ေမး ။ ။ ျမန္မာသတင္းမီဒီယာေကာင္စီအေနနဲ႔ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက အရာရိွေတြနဲ႔ ေဆြးေႏြးတယ္လို႔လဲ ၾကားသိရပါတယ္။ အဲဒီထူးျခားခ်က္ ေနာက္ဆံုးအေျခအေန ဘယ္လုိရိွပါသလဲ။ အခု မီဒီယာေတြ အခုလို လုပ္ရကိုင္ရ ခက္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ပါ။

ေျဖ ။ ။ ဒီကိစၥနဲ႔ ပတ္သက္လို႔ေတာ့ သီးျခားေဆြးေႏြးတာ မဟုတ္ဘူး။ ၿပီးခဲ့တဲ့ (၂၉) ရက္ေန႔က သတင္းသမားေတြကို အကူအညီေပးေရး၊ သတင္းသမား၊ စာေပ၊ ရုပ္ရွင္၊ ဂီတ အစည္းအေဝးမွာေတာ့ သတင္းမီဒီယာဘက္က က်ေနာ္တုိ႔ ဒီကိစၥကို တင္ျပခဲ့တယ္။ ေကာင္စီဘက္ကလဲ တင္ျပတာ ရိွခဲ့တယ္။ ဒီေခါင္းစဥ္နဲ႔ အစည္းအေဝးေတာ့ မဟုတ္ဘူး။ အဲဒီမွာ သိရတဲ့ဟာကေတာ့ ျပန္ၾကားေရးဝန္ႀကီးဌာနအေနနဲ႔ က်ေနာ္တုိ႔ သတင္းမီဒီယာေကာင္စီက ပို႔လိုက္တဲ့စာ၊ ေကာင္စီက အမ်ဳိးသားကိုဗစ္ေကာ္မတီကိုလည္း ပို႔ပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနလည္း Focal Ministry ဆိုေတာ့ က်ေနာ္တို႔ ပို႔ခဲ့ပါတယ္။ အဲဒါကို သူတုိ႔လည္း အထက္ကို အဆင့္ဆင့္ တင္ျပေပးပါတယ္။ သို႔ေသာ္လဲ အခုအခ်ိန္အထိေတာ့ ခြင့္ျပဳမယ့္ဟာမ်ဳိး၊ ခြင့္ျပဳခ်က္ေတာ့ မရေသးဘူးဆိုတဲ့ သေဘာမ်ဳိးပဲ က်ေနာ္တိုိ႔ သိရတယ္။ က်ေနာ္တို႔လည္း သံုးႀကိမ္ေလာက္ ၿပီးခဲ့တဲ့ (၂၀) ရက္ေန႔ ေနာက္ပိုင္းမွာ (၂၁) ရက္ေန႔၊ (၂၄) ရက္ေန႔၊ (၂၅) ရက္ေန႔ (၃) ႀကိမ္ေလာက္ ပို႔ထားတာေတြ ရိွတယ္။ သို႔ေသာ္ တရားဝင္စာနဲ႔ ျပန္ၾကားလာတာေတာ့ အခုအခ်ိန္အထိ မရိွေသးပါဘူး။ အခုအခ်ိိန္အထိလဲ ခြင့္မျပဳေသးဘူး။

ေမး ။ ။ ေျပာရမယ္ဆိုရင္ေတာ့ အခုလို ကိုဗစ္ကမာၻ႔ကပ္ေရာဂါ အေျခအေနမွာ သတင္းစီးဆင္းမႈက လူထုေတြၾကားထဲမွာ သတင္းမွန္မွန္္ကန္ကန္ေရာက္ဖို႔ အေျခအေနဟာ ေတာ္ေတာ္ေလး အေရးႀကီးပါတယ္။ အဲဒီေတာ့ အခုျမန္မာႏိုင္ငံမွာ အခုလို အကန္႔အသတ္ေတြႀကံဳေနရတဲ့ အခါၾကေတာ့ သတင္းဌာနေတြက တခ်ဳိ ႔အြန္လုိင္းေတြနဲ႔ေတာ့ အလုပ္လုပ္ေနတယ္။ တခ်ဳိ ႔သတင္းစာေတြ မထြက္ႏုိင္ေတာ့ဘူး။ သတင္းသမားေတြလည္း သြားရလာရ အခက္အခဲ ရိွေနေတာ့ သတင္း reporting အပိုင္း၊ သတင္းလုပ္ေရးအပိုင္းမွာ ဘယ္ေလာက္အထိ ထိခိုက္မႈေတြ ရိွပါသလဲ။

ေျဖ ။ ။ ေျပာရရင္ေတာ့ အရည္အေသြးအားျဖင္ေကာ၊ အေရအတြက္အားျဖင့္ေကာ ႏွစ္ခုစလံုး ထိခို္က္တယ္လို႔ ေျပာရမွာေပါ့။ အရည္အေသြးအားျဖင့္လို႔ ေျပာရတာက တခ်ဳိ ႔ေသာသတင္းေတြက သြားႏိုင္မွ တခ်ဳိ ႔သတင္းေတြက အတည္ျပဳလို႔ရမယ္။ ပိုက်ယ္က်ယ္ျပန္႔ျပန္႔ရမယ့္ဟာမ်ဳိးေတြ မသြားႏုိင္တဲ့အခါ ဖုန္းနဲ႔လုပ္ရတယ္။ ေနာက္တစ္ခုက အခ်ဳိ ႔ေသာက႑ေတြ ဒီလုိၾကားထဲမွာ ကိုဗစ္ကိစၥနဲ႔ ေရြးေကာက္ပြဲ စည္းရံုးေရးေတြ ကိစၥေတြနဲ႔ ပတ္သက္လို႔ တစံုတရာ ျဖစ္တဲ့ကိစၥေတြ၊ ရဲစခန္းကိုေမးရင္ ရဲစခန္းကလာခဲ့ပါဆိုတဲ့ဟာမ်ဳိး - ဒီလိုကန္႔သတ္ခ်က္ၾကားထဲမွာ သဃၤန္ကၽြန္းရဲစခန္းလိုဟာမ်ဳိး အဲဒီလိုမ်ဳိး ေျပာေနတုန္းပါ။ သူတုိ႔ ဒီအမိန္႔ကို မသိလုိ႔ေတာ့ မဟုတ္ဘူး။ သို႔ေသာ္ မီဒီယာေတြကို မေျပာခ်င္ေတာ့ ဒီနည္းလမ္းနဲ႔ ေရွာင္တာလည္း ျဖစ္ႏိုင္တယ္။ ဒါလဲ တကယ္တမ္း လက္ေတြ႔ၾကေတာ့ ေစာေစာက ေျပာသလို မလာရင္ သတင္းမရဘူးဆုိတဲ့ဟာမ်ဳိး၊ ဒီဘက္ကလဲ တရားဝင္သြားခြင့္မျပဳထားေတာ့ ဒီအေျခအေနမ်ဳိးက တဘက္က သတင္းေပးရမယ့္လူေတြဘက္က ဒါကို အခြင့္ေကာင္းယူၿပီးေတာ့ ဒီလိုမ်ဳိး ဆင္ျခင္ေပးတာေပါ့။ အေၾကာင္းျပတာက - မီဒီယာဘက္ကေျပာတယ္၊ တိက်မႈတို႔၊ သတင္းအေရအတြက္ တင္ဆက္ႏိုင္ဘက္အပိုင္းမွာ က်သြားတာေပါ့။

ေမး ။ ။ အခုနေျပာတဲ့ သတင္းအေရအတြက္ပိုင္း၊ အရည္အေသြးပိုင္း က်ၿပီးေတာ့ တဘက္မွာ Online ကေန ဆက္ၿပီးေတာ့ လုပ္ေနၾကတဲ့ သတင္းဌာနေတြ အေတာ္မ်ားမ်ားကိုလည္း ေတြ႔ပါတယ္။ ဆုိေတာ့ Online က လုပ္ေနတာ ထိေရာက္သက္ေရာက္မႈ ရိွပါသလား။

ေျဖ ။ ။ Online မွာေတာ့ ပရိသတ္ေတြကေတာ့ ရိွပါတယ္။ သို႔ေသာ္ သတင္းစာဖတ္တဲ့ ပရိသတ္လည္း သူ႔အခ်ဳိးအစားတစ္ခုေတာ့ ရိွေနတာေပါ့။ သတင္းစာဖတ္တဲ့ - ဥပမာ နယ္ေတြက ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ အသက္အရြယ္ႀကီးေတာ့ ဒီဘက္ Online နဲ႔ အင္တာနက္နဲ႔ မနီးစပ္တဲ့လူေတြ။ သူတုိိ႔အတြက္ကေတာ့ အခုအခ်ိန္မွာ ႏိုင္ငံပိုင္သတင္းစာမ်ဳိးကလြဲရင္ တျခားဟာ မရိွဘူး။ ရန္ကုန္မွာလဲ ျဖန္႔ခ်ီေရးလည္း ခက္တယ္။ နယ္ေတြမွာေတာ့ ရန္ကုန္လိုေတာ့ တားျမစ္ခံထားရတဲ့ နယ္မဟုတ္ရင္ေတာ့ သူတုိ႔ႏုိင္ငံပိုင္သတင္းစာေတာ့ ေရာက္လိမ့္မယ္။ ဒါေပမဲ့ ပုဂၢလိကသတင္းစာကေတာ့ ရန္ကုန္မွာ အေျခစိုက္ၾကေတာ့ ရန္ကုန္ကို အခုလို တင္းၾကပ္ထားတယ္။ မီဒီယာလုပ္ငန္းကို ခြင့္ျပဳခ်က္ထဲ မထည့္ထားတဲ့အတြက္ နယ္ေတြကို ေရာက္တာေတြ၊ သတင္းစာေတြ ေတာ္ေတာ္ကို နည္းသြားလိမ့္မယ္။ တခ်ဳိ ႔နယ္ေတြ မေရာက္တာလဲ ျဖစ္လိမ့္မယ္။ ပရိသတ္မွာလဲ သြားထိခိုက္တယ္။ ဒါေပမဲ့ Online ပရိသတ္ကေတာ့ အြန္လိုင္းေပၚမွာ ၾကည့္လို႔ရတယ္။ ၾကည့္တဲ့သူေတာ့ ဒီလိုပိတ္စို႔ထားတဲ့ ကာလမွာ ပိုမ်ားလာတာေတြ ရိွတယ္။ သို႔ေသာ္ ေစာေစာကေျပာသလိုပဲ အရည္အေသြးအားျဖင့္၊ တိက်မႈအားျဖင့္၊ သတင္းရႈေထာင့္တင္ဆက္မႈအားျဖင့္၊ အတည္ျပဳႏိုင္ျခင္း စသည္ျဖင့္ သတင္းခိုင္မာမႈ၊ အားေကာင္းမႈ အဲဒီပိုင္းမွာေတာ့ ေယဘုယ်အားျဖင့္ ထိခိုက္တာေတာ့ အမွန္ပါပဲ။

ေမး ။ ။ ေနာက္တစ္ခုက သတင္းသမားေတြရဲ ႔ အခက္အခဲ။ ဆိုလိုတာက စားဝတ္ေနေရး ျပႆနာပါ။ အခု ကိုဗစ္အကန္႔အသတ္ျဖစ္တဲ့အခါမွာ အလုပ္သမား အခြင့္အေရးေတြနဲ႔ ပတ္သက္လို႔၊ ေျပာၾကဆိုၾကတာ အကူအညီေပးၾကတာေတြ ရိွပါတယ္။ သတင္းသမားေတြနဲ႔ ပတ္သက္လို႔ အခုနေျပာသလို သတင္းလုပ္ငန္းေတြ ပိတ္လိုက္ရၿပီ၊ ရပ္လိုက္ရၿပီဆုိတဲ့ အေျခအေနမွာ ခံစားခြင့္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အစိုးရအာဏာပိုင္ေတြကျဖစ္ေစ၊ သတင္းအဖြဲ႔အစည္းေတြကျဖစ္ေစ၊ ဘယ္လိုမ်ား လုပ္ေပးႏုိင္ပါသလဲ။

ေျဖ ။ ။ အဲဒီလို အေလွ်ာ့ခံရတဲ့ ကိစၥေတြေတာ့ ရိွတယ္။ လူသိရွင္ၾကားေတာ့ တက္လာတာေတြ သိပ္မရိွဘူး။ သို႔ေသာ္ တခ်ဳိ ႔ကိစၥေတြေတာ့ ပထမဂယက္မွာကတည္းက ပထမရိုက္ခတ္မႈကတည္းက ေမလ၊ ဇြန္လကတည္းက တခ်ဳိ ႔ဟာေတြ ရိွခဲ့တယ္။ ေနာက္ဆံုးေတာ့ အလုပ္သမားရံုးေရာက္ေတာ့မယ္ အေျခအေနမ်ဳိးေရာက္မွ ကူညီေပးၾကတဲ့ဟာမ်ဳိး၊ ေပးတဲ့ဆုိတာ ရပိုင္ခြင့္ အျပည့္အဝေပးတာမ်ဳိး မဟုတ္ဘူး။ အဲဒီလိုအေနအထားမ်ဳိးေတြ ပထမအေက်ာ့မွာလဲ ရိွခဲ့တယ္။ အခုလဲ တခ်ဳိ ႔ဟာေတြ လစာမရေနတာေတြ၊ ေႏွာင့္ေႏွးၾကန္႔ၾကာေနတာေတြ ရိွတယ္။ အလုပ္သမားခံစားပိုင္ခြင့္နဲ႔ ပတ္သက္တာေတာ့ အလုပ္သမားဥပေဒနဲ႔ပဲ ေျဖရွင္းရမယ့္ဟာမ်ဳိးေတာ့ ရိွေတာ့ ေကာင္စီလုိ အဖြဲ႔အစည္းမ်ဳိးကေတာ့ အဲဒီကိစၥေတြမွာ ၾကားဝင္ဖုိ႔လဲ ဝင္ခြင့္မရိွဘူး။ သူ႔အလုပ္သမား ဥပေဒအတုိင္း။ သို႔ေသာ္ တဘက္မွာ အခ်င္းခ်င္းကူညီတဲ့ အစီအစဥ္လိုဟာမ်ဳိး ေကာင္စီရဲ ႔ ရန္ပံုေငြထဲက ရိကၡာတုိ႔ဘာတုိ႔ အဲဒီလိုဟာမ်ဳိး ကူညီတဲ့ အစီအစဥ္လုိမ်ဳိးေတာ့ ၿပီးခဲ့တဲ့ ေမလ၊ ဇြန္လမွာ ရိွခဲ့တယ္။ ေနာက္ ေကာ္မတီလိုမ်ဳိး သတင္းသမားအခ်င္းခ်င္း ပိုက္ဆံစုထည့္ၾက၊ ေနာက္ တခ်ဳိ ႔ေသာ အလွဴရွင္ေတြထည့္တဲ့ ပိုက္ဆံ၊ အမ်ားစုကေတာ့ သတင္းသမားေတြ ထည့္ဝင္တဲ့ေငြနဲ႔ အခ်င္းခ်င္း အလုပ္ျပဳတ္တဲ့လူေတြ၊ လစာမရတဲ့လူေတြကို ကူညီတဲ့အစီအစဥ္ေတာ့ ရိွတယ္။ ဒါကေတာ့ ေဆးၿမီးတိုလို႔ပဲ ေျပာရမွာေပါ့။ တကယ္တမ္းၾကေတာ့ ဒီဟာႀကီးက အားလံုးကိုေတာ့ ဝိုင္းၿခံဳႏိုင္တဲ့အရာေတာ့ မဟုတ္ဘူး။ ေတာ္ေတာ္ေလး ခက္ခဲတဲ့လူေတြကိုေတာ့ အခ်င္းခ်င္းကူညီၾကတဲ့ဆိုတဲ့ အစီအစဥ္နဲ႔ လုပ္ၾကတယ္။

ေမး ။ ။ ကိုဗစ္အေျခအေနေၾကာင့္ ထိခိုက္တဲ့ လုပ္ငန္းအဖြဲ႔အစည္းေတြကို ႏိုင္ငံေတာ္ကေန ေခ်းေငြေတြ ထုတ္ေပးတာမ်ဳိး၊ ကူညီေပးတာမ်ဳိး ရိွပါတယ္။ အဲဒီေတာ့ သတင္းဌာနေတြက အခုလိုမ်ဳိး လုပ္ငန္းေတြ ထိခိုက္လာတဲ့ အေျခအေနမွာ အခုနေျပာသလို လုပ္ငန္းကုမၸဏီေတြမွာရိွတဲ့ ဝန္ထမ္းေတြကို လစာေပးဖို႔ အခက္အခဲ ႀကံဳတဲ့အခါမွာ ႏိုင္ငံေတာ္က အကူအညီေပးတာ၊ ေခ်းေငြထုတ္ေပးတာမ်ဳိးေတြ အရင္ကရိွခဲ့ေတာ့ သတင္းဌာနေတြေကာ အဲဒီလိုမ်ဳိး အကူအညီေပးတာ ရိွပါသလား။

ေျဖ ။ ။ ပထမေၾကညာထုတ္ျပန္တဲ့ ဘီလီယံတစ္ရာ အစီအစဥ္မွာေတာ့ ေခါင္းစဥ္ထဲမွာ သတင္းမီဒီယာလုပ္ငန္း မပါဘူး။ အဲဒီမွာေတာ့ ဟိုတယ္ခရီးသြားလုပ္ငန္းမ်ဳိး၊ အဲဒါမ်ဳိးေတြက ပိုၿပီးေတာ့ပါတယ္။ အဲဒီကာလကတည္းက တခ်ဳိ ႔ေသာ - က်ေနာ္ သိသေလာက္ေတာ့ ႏွစ္ခု၊ သံုးခုေလာက္ကေတာ့ ေခ်းေငြရဖို႔ ေလွ်ာက္တာေတြရိွတယ္။ သို႔ေသာ္ အခုအခ်ိန္ထိ သူတုိ႔လဲတဲ့အဆင့္ မေရာက္ေသးဘူး။ မရေသးဘူးလို႔ ေျပာတယ္။ ၿပီးခဲ့တဲ့ (၂၉) ရက္ေန႔ ျပန္ၾကားေရးဝန္ႀကီးဌာနနဲ႔ အစည္းအေဝးမွာေတာ့ ျပန္ၾကားေရးဝန္ႀကီးဌာနဘက္က ေျပာတာေတာ့ ေခ်းေငြေလွ်ာက္မယ္ဆိုရင္ေတာ့ ဝန္ႀကီးဌာနအေနနဲ႔ သတင္းမီဒီယာ လုပ္ကိုင္ေနတဲ့ဌာနျဖစ္ေၾကာင္း သူတို႔ကေတာ့ ေထာက္ခံေပးဖို႔ အဆင္သင့္ရိွတယ္လို႔ ေျပာတယ္။ သို႔ေသာ္ စည္းမ်ဥ္းစည္းကမ္းေတြကေတာ့ ျပန္ၾကားေရးက ခ်မွတ္ထားတာေတြေတာ့ မဟုတ္ဘူး။ အဲဒါကိုေတာ့ စီမံနဲ႔ဘ႑ာဝန္ႀကီးဌာနက စည္းမ်ဥ္းစည္းကမ္းေတြေတာ့ ရိွတယ္။ အကယ္၍ သတင္းဌာနေတြအေနနဲ႔ အဲဒီလို ေခ်းေငြေလွ်ာက္မယ္ဆိုရင္ သူတုိ႔ဘက္ကေတာ့ တကယ္သတင္းဌာနလုပ္ေနသူေတြကို ေထာက္ခံခ်က္ေပးဖို႔ အဆင္သင့္ ရိွပါတယ္လို႔ေတာ့ အဲဒီလိုမ်ဳိး ေျပာတာရိွပါတယ္။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးတစ္ခုေမးခ်င္ပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ကိုဗစ္အကန္႔အသတ္ေတြ လုပ္ခဲ့တဲ့အခါမွာ မျဖစ္မေန ထြက္ႏိုင္တဲ့ လုပ္ငန္းေတြထဲမွာ သတင္းမီဒီယာဆိုတာ မထည့္ထားပါဘူး။ တကယ္ေျပာရရင္ေတာ့ သတင္းစီးဆင္းမႈ ျမန္ျမန္ဆန္ဆန္ျဖစ္ေရး၊ လူထုၾကားထဲ သတင္းမွန္ေရာက္ေရးက ကိုဗစ္ကာလမွာ ပိုၿပီးေတာ့ အေရးႀကီးပါတယ္။ သတင္းမီဒီယာနဲ႔ ပတ္သက္လို႔ အာဏာပိုင္ေတြရဲ ႔ သေဘာထားကို ကိုျမင့္ေက်ာ္တို႔ ဘယ္လိုမ်ား တီးေခါက္မိသလဲ။ ဒါဘာေၾကာင့္ မထည့္တာလို႔ ထင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ေတာ့ တရားဝင္ဘာမွ အေၾကာင္းၾကားခ်က္ ဘာမွမရေတာ့ တိတိပပေတာ့ သူတို႔ဘက္က ဘာေၾကာင့္လို႔လဲေတာ့ မသိဘူး။ မသိဘူးဆုိတာ က်န္းမာေရးဝန္ႀကီးဌာနကလည္း ေျပာတာမရိွဘူး။ ေနာက္ ႏုိင္ငံေတာ္အတိုင္ပင္ခံရံုး၊ အမ်ဳိးသားကိုဗစ္ေကာ္မတီတို႔ကေန တရားဝင္တံု႔ျပန္တာ မရိွဘူးဆိုေတာ့ က်ေနာ္တို႔ဆီမွာ တရားဝင္အေၾကာင္းျပခ်က္ေတာ့ မသိဘူး။ သို႔ေသာ္ က်ေနာ္ျမင္တဲ့အျမင္ကိုေျပာရရင္ ႏိုင္ငံပိုင္သတင္းမီဒီယာကို အားကိုးၿပီးေတာ့ ပုဂၢလိကမီဒီယာကို မလိုအပ္ဘူးဆိုတဲ့ သေဘာထားမ်ဳိးေပၚမွာ အေျခခံသလားဆိုတဲ့အေပၚ ေကာက္ခ်က္ခ်ရတယ္။ သို႔ေသာ္ ဒီဟာက တကယ္တမ္းၾကေတာ့ ျဖစ္ေနတဲ့ အေျခအေနေတြအားလံုးကို လႊမ္းၿခံဳၿပီး လူထုလိုအပ္တဲ့သတင္း၊ ရႈေထာင့္အမ်ဳိးမ်ဳိး၊ မတူတဲ့အျမင္၊ တကယ္ျဖစ္ေနတဲ့ ျပႆနာေတြ၊ အခက္အခဲေတြကို ေျဖရွင္းဖို႔ဆုိရင္ အဲဒါေတြကို တင္ျပဖို႔ဆုိရင္ ႏိုင္ငံေတာ္ပိုင္ သတင္းမီဒီယာနဲ႔ေတာ့ မလံုေလာက္ဘူးဆိုတာကို က်ေနာ္တုိ႔က နဂိုကတည္းက ေျပာၿပီသား။ ႏိုင္ငံေတာ္ပိုင္ သတင္းမီဒီယာဆုိတာ အစိုးရရဲ ႔ ဝါဒျဖန္႔မီဒီယာ၊ ဝါဒါျဖန္႔မီဒီယာဆိုတာ ပညာေပးေရး၊ ျပန္ၾကားေရးလို႔ ေျပာေပမယ့္ တခ်ဳိ ႔ျဖစ္ေနတဲ့ ျပႆနာေတြကို တင္ျပေလ့မရိွဘူး။ ဒါေၾကာင့္မို႔ ဒီ ပုဂၢလိကမီဒီယာ ရိွဖို႔လိုအပ္တယ္။

ေမး ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


==Unicode==

လက်ရှိကိုဗစ်ကာလ အကန့်အသတ်တွေကြားက သတင်းလုပ်ငန်းတွေ လုပ်နေကြတဲ့ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့သတင်းမီဒီယာကောင်စီမှ တွဲဘက်အတွင်းရေးမှူး ကိုမြင့်ကျော်နဲ့ ဆွေးနွေးထားပါတယ်။

မေး ။ ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်အကန့်အသတ်တွေ ဖြစ်လာတဲ့အခါမှာ ပြောမယ်ဆိုရင် မဖြစ်မနေ လုပ်ရမယ့်စာရင်းထဲမှာ မီဒီယာလုပ်ငန်း မပါပါဘူး။ မပါတော့ ကျနော်တို့ ကြားရသလောက်တော့ တချို့မီဒီယာလုပ်ငန်းတွေ ရပ်နေတယ်လို့ ကြားပါတယ်။ ကိုဗစ်ကာလ အကန့်အသတ်ချက်ကြောင့် မြန်မာမီဒီယာလုပ်ငန်းတွေက ဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာကို အရင်ဆုံးအနှစ်ချုပ်ပြီး ပြောပေးပါလား။

ဖြေ ။ ။ သတင်းစာတချို့ မထုတ်နိုင်ဘူး။ တချို့ကတော့ နည်းလမ်းရှာပြီးတော့ ထုတ်တယ်။ သို့သော် ဖြန့်ဖြူးရေးတို့၊ သတင်းလိုက်တဲ့ကိစ္စ၊ လိုအပ်ရင် အပြင်ထွက်တဲ့ကိစ္စတွေက တရားဝင်တော့ အခုအချိန်အထိ မလုပ်နိုင်သေးဘူး။ Online တွေကတော့ တင်တာကတော့ ဖြန့်ဖြူးရေး မရှိဘူး။ Online ပေါ် တင်လို့ရတယ်။ ဒါပေမဲ့ သတင်းလိုက်မယ့်ကိစ္စမှာတော့ Online သတင်းဌာနတွေလည်း အလားတူပဲ ဒီလိုအခက်အခဲ ရှိတယ်။ နောက်တစ်ခုကတော့ စောစောက သတင်းစာလိုဟာမျိုး၊ ပုံနှိပ်ဂျာနယ်လုပ်ငန်းတွေဆိုရင် ဒီအချိန်မှာ ရန်ကုန်တမြို့လုံးကို အသွားအလာ ကန့်သတ်ထားတော့ လမ်းဘေးအရောင်းဆိုင်တို့ဘာတို့က မရှိသလောက်ပဲ။ တချို့အိမ်ပို့တဲ့ ဝန်ဆောင်မှုတွေတော့ ရှိတယ်။ သို့သော် အရောင်းဆိုင်တွေက လူမထွက်တဲ့အတွက် ရောင်းရမှာလဲ မဟုတ်ဘူး။ ဆိုတော့ အဲဒီလို အခြေအနေမျိုး ဖြစ်နေတော့ ဝင်ငွေမှာ ကြော်ငြာနဲ့ ရောင်းရငွေတွေမှာ အားလုံးထိခိုက်တယ်။ ဧပြီလနဲ့ မေလမှာ တချို့လည်း ရပ်တဲ့ဟာတွေ ရှိတယ်။ အခုလဲ လူလျှော့တဲ့ဟာတွေ လျှော့ကုန်တယ်။

ဒီတပြန်မှာ အခုတစ်ခါ ဒုတိယထိုးနှက်ချက်ဆိုတော့ ဝန်ထမ်းတွေ လစာလျှော့ပေးတာ၊ လူလျှော့တဲ့ဟာတို့ အဲဒီလိုဟာမျိုးတွေကတော့ ဒုတိယအကြော့မှာ ထပ်ပြီးတော့ ဖြစ်ပွားနေတဲ့ဟာမျိုးတွေကို ကျနော်တို့ ကြားသိနေရပါတယ်။

မေး ။ ။ မြန်မာသတင်းမီဒီယာကောင်စီအနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ ဆွေးနွေးတယ်လို့လဲ ကြားသိရပါတယ်။ အဲဒီထူးခြားချက် နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ အခု မီဒီယာတွေ အခုလို လုပ်ရကိုင်ရ ခက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ပါ။

ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ သီးခြားဆွေးနွေးတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ (၂၉) ရက်နေ့က သတင်းသမားတွေကို အကူအညီပေးရေး၊ သတင်းသမား၊ စာပေ၊ ရုပ်ရှင်၊ ဂီတ အစည်းအဝေးမှာတော့ သတင်းမီဒီယာဘက်က ကျနော်တို့ ဒီကိစ္စကို တင်ပြခဲ့တယ်။ ကောင်စီဘက်ကလဲ တင်ပြတာ ရှိခဲ့တယ်။ ဒီခေါင်းစဉ်နဲ့ အစည်းအဝေးတော့ မဟုတ်ဘူး။ အဲဒီမှာ သိရတဲ့ဟာကတော့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ သတင်းမီဒီယာကောင်စီက ပို့လိုက်တဲ့စာ၊ ကောင်စီက အမျိုးသားကိုဗစ်ကော်မတီကိုလည်း ပို့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနလည်း Focal Ministry ဆိုတော့ ကျနော်တို့ ပို့ခဲ့ပါတယ်။ အဲဒါကို သူတို့လည်း အထက်ကို အဆင့်ဆင့် တင်ပြပေးပါတယ်။ သို့သော်လဲ အခုအချိန်အထိတော့ ခွင့်ပြုမယ့်ဟာမျိုး၊ ခွင့်ပြုချက်တော့ မရသေးဘူးဆိုတဲ့ သဘောမျိုးပဲ ကျနော်တို့ သိရတယ်။ ကျနော်တို့လည်း သုံးကြိမ်လောက် ပြီးခဲ့တဲ့ (၂၀) ရက်နေ့ နောက်ပိုင်းမှာ (၂၁) ရက်နေ့၊ (၂၄) ရက်နေ့၊ (၂၅) ရက်နေ့ (၃) ကြိမ်လောက် ပို့ထားတာတွေ ရှိတယ်။ သို့သော် တရားဝင်စာနဲ့ ပြန်ကြားလာတာတော့ အခုအချိန်အထိ မရှိသေးပါဘူး။ အခုအချိန်အထိလဲ ခွင့်မပြုသေးဘူး။

မေး ။ ။ ပြောရမယ်ဆိုရင်တော့ အခုလို ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ အခြေအနေမှာ သတင်းစီးဆင်းမှုက လူထုတွေကြားထဲမှာ သတင်းမှန်မှန်ကန်ကန်ရောက်ဖို့ အခြေအနေဟာ တော်တော်လေး အရေးကြီးပါတယ်။ အဲဒီတော့ အခုမြန်မာနိုင်ငံမှာ အခုလို အကန့်အသတ်တွေကြုံနေရတဲ့ အခါကြတော့ သတင်းဌာနတွေက တချို့အွန်လိုင်းတွေနဲ့တော့ အလုပ်လုပ်နေတယ်။ တချို့သတင်းစာတွေ မထွက်နိုင်တော့ဘူး။ သတင်းသမားတွေလည်း သွားရလာရ အခက်အခဲ ရှိနေတော့ သတင်း reporting အပိုင်း၊ သတင်းလုပ်ရေးအပိုင်းမှာ ဘယ်လောက်အထိ ထိခိုက်မှုတွေ ရှိပါသလဲ။

ဖြေ ။ ။ ပြောရရင်တော့ အရည်အသွေးအားဖြင်ကော၊ အရေအတွက်အားဖြင့်ကော နှစ်ခုစလုံး ထိခိုက်တယ်လို့ ပြောရမှာပေါ့။ အရည်အသွေးအားဖြင့်လို့ ပြောရတာက တချို့သောသတင်းတွေက သွားနိုင်မှ တချို့သတင်းတွေက အတည်ပြုလို့ရမယ်။ ပိုကျယ်ကျယ်ပြန့်ပြန့်ရမယ့်ဟာမျိုးတွေ မသွားနိုင်တဲ့အခါ ဖုန်းနဲ့လုပ်ရတယ်။ နောက်တစ်ခုက အချို့သောကဏ္ဍတွေ ဒီလိုကြားထဲမှာ ကိုဗစ်ကိစ္စနဲ့ ရွေးကောက်ပွဲ စည်းရုံးရေးတွေ ကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ဖြစ်တဲ့ကိစ္စတွေ၊ ရဲစခန်းကိုမေးရင် ရဲစခန်းကလာခဲ့ပါဆိုတဲ့ဟာမျိုး - ဒီလိုကန့်သတ်ချက်ကြားထဲမှာ သင်္ဃန်ကျွန်းရဲစခန်းလိုဟာမျိုး အဲဒီလိုမျိုး ပြောနေတုန်းပါ။ သူတို့ ဒီအမိန့်ကို မသိလို့တော့ မဟုတ်ဘူး။ သို့သော် မီဒီယာတွေကို မပြောချင်တော့ ဒီနည်းလမ်းနဲ့ ရှောင်တာလည်း ဖြစ်နိုင်တယ်။ ဒါလဲ တကယ်တမ်း လက်တွေ့ကြတော့ စောစောက ပြောသလို မလာရင် သတင်းမရဘူးဆိုတဲ့ဟာမျိုး၊ ဒီဘက်ကလဲ တရားဝင်သွားခွင့်မပြုထားတော့ ဒီအခြေအနေမျိုးက တဘက်က သတင်းပေးရမယ့်လူတွေဘက်က ဒါကို အခွင့်ကောင်းယူပြီးတော့ ဒီလိုမျိုး ဆင်ခြင်ပေးတာပေါ့။ အကြောင်းပြတာက - မီဒီယာဘက်ကပြောတယ်၊ တိကျမှုတို့၊ သတင်းအရေအတွက် တင်ဆက်နိုင်ဘက်အပိုင်းမှာ ကျသွားတာပေါ့။

မေး ။ ။ အခုနပြောတဲ့ သတင်းအရေအတွက်ပိုင်း၊ အရည်အသွေးပိုင်း ကျပြီးတော့ တဘက်မှာ Online ကနေ ဆက်ပြီးတော့ လုပ်နေကြတဲ့ သတင်းဌာနတွေ အတော်များများကိုလည်း တွေ့ပါတယ်။ ဆိုတော့ Online က လုပ်နေတာ ထိရောက်သက်ရောက်မှု ရှိပါသလား။

ဖြေ ။ ။ Online မှာတော့ ပရိသတ်တွေကတော့ ရှိပါတယ်။ သို့သော် သတင်းစာဖတ်တဲ့ ပရိသတ်လည်း သူ့အချိုးအစားတစ်ခုတော့ ရှိနေတာပေါ့။ သတင်းစာဖတ်တဲ့ - ဥပမာ နယ်တွေက ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အသက်အရွယ်ကြီးတော့ ဒီဘက် Online နဲ့ အင်တာနက်နဲ့ မနီးစပ်တဲ့လူတွေ။ သူတို့အတွက်ကတော့ အခုအချိန်မှာ နိုင်ငံပိုင်သတင်းစာမျိုးကလွဲရင် တခြားဟာ မရှိဘူး။ ရန်ကုန်မှာလဲ ဖြန့်ချီရေးလည်း ခက်တယ်။ နယ်တွေမှာတော့ ရန်ကုန်လိုတော့ တားမြစ်ခံထားရတဲ့ နယ်မဟုတ်ရင်တော့ သူတို့နိုင်ငံပိုင်သတင်းစာတော့ ရောက်လိမ့်မယ်။ ဒါပေမဲ့ ပုဂ္ဂလိကသတင်းစာကတော့ ရန်ကုန်မှာ အခြေစိုက်ကြတော့ ရန်ကုန်ကို အခုလို တင်းကြပ်ထားတယ်။ မီဒီယာလုပ်ငန်းကို ခွင့်ပြုချက်ထဲ မထည့်ထားတဲ့အတွက် နယ်တွေကို ရောက်တာတွေ၊ သတင်းစာတွေ တော်တော်ကို နည်းသွားလိမ့်မယ်။ တချို့နယ်တွေ မရောက်တာလဲ ဖြစ်လိမ့်မယ်။ ပရိသတ်မှာလဲ သွားထိခိုက်တယ်။ ဒါပေမဲ့ Online ပရိသတ်ကတော့ အွန်လိုင်းပေါ်မှာ ကြည့်လို့ရတယ်။ ကြည့်တဲ့သူတော့ ဒီလိုပိတ်စို့ထားတဲ့ ကာလမှာ ပိုများလာတာတွေ ရှိတယ်။ သို့သော် စောစောကပြောသလိုပဲ အရည်အသွေးအားဖြင့်၊ တိကျမှုအားဖြင့်၊ သတင်းရှုထောင့်တင်ဆက်မှုအားဖြင့်၊ အတည်ပြုနိုင်ခြင်း စသည်ဖြင့် သတင်းခိုင်မာမှု၊ အားကောင်းမှု အဲဒီပိုင်းမှာတော့ ယေဘုယျအားဖြင့် ထိခိုက်တာတော့ အမှန်ပါပဲ။

မေး ။ ။ နောက်တစ်ခုက သတင်းသမားတွေရဲ့ အခက်အခဲ။ ဆိုလိုတာက စားဝတ်နေရေး ပြဿနာပါ။ အခု ကိုဗစ်အကန့်အသတ်ဖြစ်တဲ့အခါမှာ အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့၊ ပြောကြဆိုကြတာ အကူအညီပေးကြတာတွေ ရှိပါတယ်။ သတင်းသမားတွေနဲ့ ပတ်သက်လို့ အခုနပြောသလို သတင်းလုပ်ငန်းတွေ ပိတ်လိုက်ရပြီ၊ ရပ်လိုက်ရပြီဆိုတဲ့ အခြေအနေမှာ ခံစားခွင့်တွေနဲ့ ပတ်သက်ပြီးတော့ အစိုးရအာဏာပိုင်တွေကဖြစ်စေ၊ သတင်းအဖွဲ့အစည်းတွေကဖြစ်စေ၊ ဘယ်လိုများ လုပ်ပေးနိုင်ပါသလဲ။

ဖြေ ။ ။ အဲဒီလို အလျှော့ခံရတဲ့ ကိစ္စတွေတော့ ရှိတယ်။ လူသိရှင်ကြားတော့ တက်လာတာတွေ သိပ်မရှိဘူး။ သို့သော် တချို့ကိစ္စတွေတော့ ပထမဂယက်မှာကတည်းက ပထမရိုက်ခတ်မှုကတည်းက မေလ၊ ဇွန်လကတည်းက တချို့ဟာတွေ ရှိခဲ့တယ်။ နောက်ဆုံးတော့ အလုပ်သမားရုံးရောက်တော့မယ် အခြေအနေမျိုးရောက်မှ ကူညီပေးကြတဲ့ဟာမျိုး၊ ပေးတဲ့ဆိုတာ ရပိုင်ခွင့် အပြည့်အဝပေးတာမျိုး မဟုတ်ဘူး။ အဲဒီလိုအနေအထားမျိုးတွေ ပထမအကျော့မှာလဲ ရှိခဲ့တယ်။ အခုလဲ တချို့ဟာတွေ လစာမရနေတာတွေ၊ နှောင့်နှေးကြန့်ကြာနေတာတွေ ရှိတယ်။ အလုပ်သမားခံစားပိုင်ခွင့်နဲ့ ပတ်သက်တာတော့ အလုပ်သမားဥပဒေနဲ့ပဲ ဖြေရှင်းရမယ့်ဟာမျိုးတော့ ရှိတော့ ကောင်စီလို အဖွဲ့အစည်းမျိုးကတော့ အဲဒီကိစ္စတွေမှာ ကြားဝင်ဖို့လဲ ဝင်ခွင့်မရှိဘူး။ သူ့အလုပ်သမား ဥပဒေအတိုင်း။ သို့သော် တဘက်မှာ အချင်းချင်းကူညီတဲ့ အစီအစဉ်လိုဟာမျိုး ကောင်စီရဲ့ ရန်ပုံငွေထဲက ရိက္ခာတို့ဘာတို့ အဲဒီလိုဟာမျိုး ကူညီတဲ့ အစီအစဉ်လိုမျိုးတော့ ပြီးခဲ့တဲ့ မေလ၊ ဇွန်လမှာ ရှိခဲ့တယ်။ နောက် ကော်မတီလိုမျိုး သတင်းသမားအချင်းချင်း ပိုက်ဆံစုထည့်ကြ၊ နောက် တချို့သော အလှူရှင်တွေထည့်တဲ့ ပိုက်ဆံ၊ အများစုကတော့ သတင်းသမားတွေ ထည့်ဝင်တဲ့ငွေနဲ့ အချင်းချင်း အလုပ်ပြုတ်တဲ့လူတွေ၊ လစာမရတဲ့လူတွေကို ကူညီတဲ့အစီအစဉ်တော့ ရှိတယ်။ ဒါကတော့ ဆေးမြီးတိုလို့ပဲ ပြောရမှာပေါ့။ တကယ်တမ်းကြတော့ ဒီဟာကြီးက အားလုံးကိုတော့ ဝိုင်းခြုံနိုင်တဲ့အရာတော့ မဟုတ်ဘူး။ တော်တော်လေး ခက်ခဲတဲ့လူတွေကိုတော့ အချင်းချင်းကူညီကြတဲ့ဆိုတဲ့ အစီအစဉ်နဲ့ လုပ်ကြတယ်။

မေး ။ ။ ကိုဗစ်အခြေအနေကြောင့် ထိခိုက်တဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို နိုင်ငံတော်ကနေ ချေးငွေတွေ ထုတ်ပေးတာမျိုး၊ ကူညီပေးတာမျိုး ရှိပါတယ်။ အဲဒီတော့ သတင်းဌာနတွေက အခုလိုမျိုး လုပ်ငန်းတွေ ထိခိုက်လာတဲ့ အခြေအနေမှာ အခုနပြောသလို လုပ်ငန်းကုမ္ပဏီတွေမှာရှိတဲ့ ဝန်ထမ်းတွေကို လစာပေးဖို့ အခက်အခဲ ကြုံတဲ့အခါမှာ နိုင်ငံတော်က အကူအညီပေးတာ၊ ချေးငွေထုတ်ပေးတာမျိုးတွေ အရင်ကရှိခဲ့တော့ သတင်းဌာနတွေကော အဲဒီလိုမျိုး အကူအညီပေးတာ ရှိပါသလား။

ဖြေ ။ ။ ပထမကြေညာထုတ်ပြန်တဲ့ ဘီလီယံတစ်ရာ အစီအစဉ်မှာတော့ ခေါင်းစဉ်ထဲမှာ သတင်းမီဒီယာလုပ်ငန်း မပါဘူး။ အဲဒီမှာတော့ ဟိုတယ်ခရီးသွားလုပ်ငန်းမျိုး၊ အဲဒါမျိုးတွေက ပိုပြီးတော့ပါတယ်။ အဲဒီကာလကတည်းက တချို့သော - ကျနော် သိသလောက်တော့ နှစ်ခု၊ သုံးခုလောက်ကတော့ ချေးငွေရဖို့ လျှောက်တာတွေရှိတယ်။ သို့သော် အခုအချိန်ထိ သူတို့လဲတဲ့အဆင့် မရောက်သေးဘူး။ မရသေးဘူးလို့ ပြောတယ်။ ပြီးခဲ့တဲ့ (၂၉) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစည်းအဝေးမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနဘက်က ပြောတာတော့ ချေးငွေလျှောက်မယ်ဆိုရင်တော့ ဝန်ကြီးဌာနအနေနဲ့ သတင်းမီဒီယာ လုပ်ကိုင်နေတဲ့ဌာနဖြစ်ကြောင်း သူတို့ကတော့ ထောက်ခံပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောတယ်။ သို့သော် စည်းမျဉ်းစည်းကမ်းတွေကတော့ ပြန်ကြားရေးက ချမှတ်ထားတာတွေတော့ မဟုတ်ဘူး။ အဲဒါကိုတော့ စီမံနဲ့ဘဏ္ဍာဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းတွေတော့ ရှိတယ်။ အကယ်၍ သတင်းဌာနတွေအနေနဲ့ အဲဒီလို ချေးငွေလျှောက်မယ်ဆိုရင် သူတို့ဘက်ကတော့ တကယ်သတင်းဌာနလုပ်နေသူတွေကို ထောက်ခံချက်ပေးဖို့ အဆင်သင့် ရှိပါတယ်လို့တော့ အဲဒီလိုမျိုး ပြောတာရှိပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးတစ်ခုမေးချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုဗစ်အကန့်အသတ်တွေ လုပ်ခဲ့တဲ့အခါမှာ မဖြစ်မနေ ထွက်နိုင်တဲ့ လုပ်ငန်းတွေထဲမှာ သတင်းမီဒီယာဆိုတာ မထည့်ထားပါဘူး။ တကယ်ပြောရရင်တော့ သတင်းစီးဆင်းမှု မြန်မြန်ဆန်ဆန်ဖြစ်ရေး၊ လူထုကြားထဲ သတင်းမှန်ရောက်ရေးက ကိုဗစ်ကာလမှာ ပိုပြီးတော့ အရေးကြီးပါတယ်။ သတင်းမီဒီယာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေရဲ့ သဘောထားကို ကိုမြင့်ကျော်တို့ ဘယ်လိုများ တီးခေါက်မိသလဲ။ ဒါဘာကြောင့် မထည့်တာလို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့တော့ တရားဝင်ဘာမှ အကြောင်းကြားချက် ဘာမှမရတော့ တိတိပပတော့ သူတို့ဘက်က ဘာကြောင့်လို့လဲတော့ မသိဘူး။ မသိဘူးဆိုတာ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြောတာမရှိဘူး။ နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အမျိုးသားကိုဗစ်ကော်မတီတို့ကနေ တရားဝင်တုံ့ပြန်တာ မရှိဘူးဆိုတော့ ကျနော်တို့ဆီမှာ တရားဝင်အကြောင်းပြချက်တော့ မသိဘူး။ သို့သော် ကျနော်မြင်တဲ့အမြင်ကိုပြောရရင် နိုင်ငံပိုင်သတင်းမီဒီယာကို အားကိုးပြီးတော့ ပုဂ္ဂလိကမီဒီယာကို မလိုအပ်ဘူးဆိုတဲ့ သဘောထားမျိုးပေါ်မှာ အခြေခံသလားဆိုတဲ့အပေါ် ကောက်ချက်ချရတယ်။ သို့သော် ဒီဟာက တကယ်တမ်းကြတော့ ဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို လွှမ်းခြုံပြီး လူထုလိုအပ်တဲ့သတင်း၊ ရှုထောင့်အမျိုးမျိုး၊ မတူတဲ့အမြင်၊ တကယ်ဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ဆိုရင် အဲဒါတွေကို တင်ပြဖို့ဆိုရင် နိုင်ငံတော်ပိုင် သတင်းမီဒီယာနဲ့တော့ မလုံလောက်ဘူးဆိုတာကို ကျနော်တို့က နဂိုကတည်းက ပြောပြီသား။ နိုင်ငံတော်ပိုင် သတင်းမီဒီယာဆိုတာ အစိုးရရဲ့ ဝါဒဖြန့်မီဒီယာ၊ ဝါဒါဖြန့်မီဒီယာဆိုတာ ပညာပေးရေး၊ ပြန်ကြားရေးလို့ ပြောပေမယ့် တချို့ဖြစ်နေတဲ့ ပြဿနာတွေကို တင်ပြလေ့မရှိဘူး။ ဒါကြောင့်မို့ ဒီ ပုဂ္ဂလိကမီဒီယာ ရှိဖို့လိုအပ်တယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG