သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါ ကာကြယ္ေရးစီမံခန႔္ခြဲမႈ စိန္ေခၚခ်က္


မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႕က ဦးေအာင္သူၿငိမ္း
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ေရးေဆာင္႐ြတ္ခ်က္ေတြမွာ တခ်ိဳ႕လုပ္တာေတြက တကယ္လိုအပ္ခ်က္နဲ႔ ကိုက္ညီရဲ႕လားဆိုတာ ေမးခြန္းထုတ္သံေတြ ထြက္ေနပါတယ္။ အဓိက စိန္ေခၚမႈေတြ၊ အားနည္းခ်က္ေတြ ဘာေတြရွိေနပါလဲ။ မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႔ (ISP) က ဦးေအာင္သူၿငိမ္းအား ကိုေအာင္လြင္ဦးက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ ဦးေအာင္သူၿငိမ္း။ အခုဆိုရင္ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ ျမန္မာႏိုင္ငံမွာ တိုးလာတာနဲ႔အမွ် စိုးရိမ္ပူပန္မႈေတြနဲ႔အတူ ေရာဂါကူးစက္မႈ တားဆီးေရးအစီအစဥ္ေတြကို အရိွန္ျမင့္လုပ္လာတာကိုလည္း ေတြ႔ရပါတယ္။ ဒါေပမဲ့လဲ တခ်ဳိ ႔အစီအစဥ္ေတြက တကယ္ပဲ လိုအပ္ခ်က္နဲ႔ ကိုက္ညီရဲ ႔လားဆုိတာကို ေမးခြန္းထုတ္တဲ့အသံ၊ ေဝဖန္သံေတြလည္း ၾကားေနရပါတယ္။ ဥပမာ ကူးစက္မႈေတြ အဓိကႀကံဳေနရတဲ့ ရန္ကုန္မွာ လမ္းေတြကို ပိတ္တာစို႔တာ၊ တားဆီးမႈေတြက တကယ္ပဲ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္မယ့္ လုပ္ရပ္မ်ဳိးေတြလား ဆိုတာမ်ဳိးေတြ ေမးခြန္းထုတ္တာေတြ ရိွပါတယ္။ ဆိုေတာ့ ကိုေအာင္သူၿငိမ္းကိုယ္တုိင္လည္း ရန္ကုန္မွာ ရိွေနတဲ့ လူတစ္ေယာက္ဆိုေတာ့ ဒါမ်ဳိးေတြကို ကိုယ္တိုင္လည္း ႀကံဳေတြ႔ေနရမယ္ ထင္ပါတယ္။ ကိုေအာင္သူၿငိမ္းရဲ ႔ အျမင္ကို ေျပာပါအံုး။

ေျဖ ။ ။ က်ေနာ္တို႔ သႀကၤန္ကာလမတိုင္မီ အဲဒီအခ်ိန္မွာ က်ေနာ္တို႔ဆီမွာ ကိုဗစ္ ကူးစက္မႈ စျဖစ္ပါတယ္။ စျဖစ္တဲ့အခါၾကေတာ့ ဒါကို က်ေနာ္တို႔ ႏုိင္ငံအတြက္က တစ္ခုမွ မႀကံဳဘူးေသးတဲ့ အေတြ႔အႀကံဳေပါ့။ အဲဒီအခ်ိန္မွာ အုိးနင္းခြက္နင္း ျဖစ္တာေတြ။ အစီအစဥ္ေတြ ေသခ်ာမျပင္ထားတာေတြကို က်ေနာ္တုိ႔ ခြင့္လြတ္လို႔ ရပါတယ္။ အဲဒီမွာပဲ က်ေနာ္တို႔ သႀကၤန္ပိတ္ရက္ ႏွစ္ပတ္ေလာက္ ျဖစ္သြားတယ္။ အဲဒီေနာက္ ကိုဗစ္ ကူးစက္မႈက က်တယ္ဆိုၿပီးေတာ့ ျဖစ္တယ္။ မၾကာေသးခင္ ၿပီးခဲ့တဲ့အပတ္ေလာက္ကစၿပီးေတာ့ ကူးစက္မႈဂဏန္းေတြကလဲ တက္လာတယ္။ ဒါကိုလဲ တဘက္ကေျပာရင္ မ်ားမ်ားရွာ၊ မ်ားမ်ားေတြ႔ေပါ့။ အရင္တုန္းကေတာ့ မစစ္ႏိုင္ဘူး။ အခုက စစ္ႏိုင္တဲ့အခါၾကေတာ့ ပိုၿပီးေတာ့ ေတြ႔လာတဲ့သေဘာေတာ့ ရိွပါတယ္။ ဆိုေတာ့ အဲဒီအခ်ိန္မွာပဲ က်ေနာ္တို႔ ျပန္ၾကည့္တဲ့အခါၾကေတာ့ ၿပီးခဲ့တဲ့ သႀကၤန္ကာလက ပထမဦးဆံုး ႀကံဳခဲ့ရတဲ့ အေတြ႔အႀကံဳေတြကို အစိုးရက သင္ခန္းစာ မယူဘူးလားဆိုတာမ်ဳိးကို က်ေနာ္တို႔ သံုးသပ္မိတယ္။ အဲဒီေတာ့ ပထမတစ္ႀကိမ္ ႀကံဳရတဲ့အခါမွာလဲ က်ေနာ္တုိ႔ ဒီလိုဒုကၡေတြ ႀကံဳတာပဲ။ အခု ဒုတိယတစ္ႀကိမ္ႀကံဳေတာ့လဲ အတူတူပဲ။ လမ္းေတြ၊ ဘာေတြ ပိတ္စို႔တယ္။ အစိုးရဘက္ က်န္းမာေရးဝန္ႀကီးဌာနက အမိန္႔ေတြထုတ္တယ္။ ၿပီိးေတာ့ ရန္ကုန္တိုင္းအစိုးရက အမိန္႔ေတြထုတ္တယ္။ တစ္ခုနဲ႔တစ္ခုက ေဝေဝဝါးဝါးနဲ႔ ျပႆနာရိွတယ္။

အဲဒီေတာ့ လမ္းေတြပိတ္စို႔တဲ့အခါမွာ တစ္ေနရာနဲ႔ တစ္ေနရာ သြားဖို႔လာဖုိ႔လဲ ခက္တယ္။ လမ္းမႀကီးေတြေတာ့ ဖြင့္ပါတယ္။ ေနာက္တစ္ခါက်ေတာ့ ရန္ကုန္ၿမိဳ ႔အဝင္အထြက္ တင္းက်ပ္တယ္ဆိုတာမ်ဳိးေတြ လုပ္ပါတယ္။ အဲဒီအခ်ိန္မွာပဲ ေနာက္ထပ္ျပႆနာတက္တာကေတာ့ ကုန္စည္ကူးသန္းမႈ Logistics က ျပႆနာတက္ပါတယ္။ ဆိုေတာ့ ပစၥည္းေတြက ရန္ကုန္ၿမိဳ ႔အဝင္မွာပဲ ကုန္ကားေတြ ရပ္ရမလိုလို။ အခုလဲ သတင္းေတြအရဆိုရင္ မႏၱေလးအဝင္လမ္းမႀကီးမွာ ကုန္ကားေတြရပ္ခုိင္းၿပီး ေနာက္ထပ္ဒရိုင္ဘာအသစ္ေျပာင္းၿပီးေတာ့ ေမာင္းခိုင္းတယ္ဆိုတဲ့ဟာမ်ဳိးေတြ။ ဆိုေတာ့ အဲဒီလိုဟာမ်ဳိးေတြက ေျပာမယ္ဆိုရင္ ၿပီးခဲ့တဲ့ ဧၿပီကာလကို သင္ခန္းစာမယူထားဘူးလားဆိုတဲ့ အေနအထားေတြကို ေတြ႔ရတယ္။

ေမး ။ ။ ရန္ကုန္မွာ လမ္းေတြပိတ္စို႔တာနဲ႔ ပတ္သက္လို႔ လိုအပ္တဲ့ အတိုင္းအတာေလာက္သာလုပ္ဖို႔ဆိုၿပီး ေနာက္ပိုင္းမွာ ညႊန္ၾကားခ်က္ ထြက္လာတာကို ေတြ႔ပါတယ္။ ဆိုေတာ့ ဒီလိုတစ္ခုလုပ္လိုက္၊ ေနာက္ကလိုက္ျပင္လိုက္ အမိန္႔ေတြဆိုရင္လဲ ထုတ္ျပန္လိုက္၊ ျပန္ရုတ္သိမ္းလိုက္ ျဖစ္ေနတာမ်ဳိးေတြ ရိွပါတယ္။ ဆိုေတာ့ ဒီလိုအလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ရတာ အဓိက ဘာေၾကာင့္လို႔ ကိုေအာင္သူၿငိမ္း နားလည္ထားလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာက အထူးသျဖင့္ ဒါက crisis အက်ပ္အတည္းအေျခအေနလို႔ သံုးသပ္ထားဖို႔ လိုတယ္လို႔ ထင္ပါတယ္။ ဆိုပါစို႔ အေစာပိုင္းမွာလဲ က်ေနာ္တို႔ ေဆြးေႏြးမႈေတြ ရိွပါတယ္။ စစ္ပြဲႀကီးတစ္ပြဲကို ကိုင္တြယ္သလိုမ်ဳိး - War Room - အဲဒီ Operation Management ကို တကယ္လုပ္မယ့္ စစ္ဆင္ေရးစင္တာမ်ဳိး လိုတယ္လို႔ထင္ပါတယ္။ အဲဒီကေန ဘယ္အမိန္႔ေတြထုတ္မယ္။ အေျခအေနေတြ ဘယ္လို၊ ဘယ္ေဒသကေတာ့ သတင္းေတြ တက္လာတယ္ စသည္ျဖင့္ ဒါမ်ဳိးေတြကို ေသခ်ာစီမံႏိုင္မယ္။ အဲဒီလိုအေနအထားမွာ ၾကားကာလထဲမွာ ေကာ္မတီတစ္ခု ဖြဲ႔ေသးတယ္။ အဲဒီေကာ္မတီမွာ ဒုသမၼတ ဦးျမင့္ေဆြ ဦးေဆာင္ၿပီးေတာ့ တပ္မေတာ္ဘက္ကလည္း တပ္မေတာ္ညိွႏိႈင္းကြပ္ကဲေရးမွဴး ဗိုလ္ခ်ဳပ္ျမတ္ထူးဦးတို႔ပါ ပါလာတယ္ဆိုေတာ့ က်ေနာ္တုိ႔ ထင္တာကေတာ့ ဒီေကာ္မတီက Operation Management အသြင္ေဆာင္မယ္လို႔ ယူဆတာေပါ့။ ဒါေပမဲ့ အဲဒီေကာ္မတီလည္း ေနာက္ပိုင္းမွာ အသံမၾကားရေတာ့ျပန္ဘူး။ အဲဒါမ်ဳိးေတြ ျဖစ္ပါတယ္။

ေနာက္တစ္ခုကေတာ့ အထူးသျဖင့္ ရန္ကုန္ၿမိဳ ႔ေတာ္ဝန္တို႔၊ ဝန္ႀကီးခ်ဳပ္တို႔ - အခုက ရန္ကုန္မွာ case ေတြက မ်ားေနတယ္။ အဲဒီအေနအထားမွာ က်ေနာ္ျမင္တာ အလြယ္ဆံုးနည္းလမ္းကေတာ့ FM Radio ေတြ ရိွတယ္။ လူေတြလည္း က်ေနာ္တို႔လည္း FM ေရဒီယို နားေထာင္ၾကပါတယ္။ ကားေမာင္းရင္ ဖြင့္ထားတာတို႔ စသည္ျဖင့္။ အဲဒီအေနအထားမွာ Communication လုပ္ခ်င္ရင္၊ အလြယ္ေလးလို႔ ထင္တယ္။ အထူးသျဖင့္ မနက္တုိင္းျဖစ္ျဖစ္၊ ညပိုင္းျဖစ္ျဖစ္ FM ကေန က်ေနာ္တုိ႔က သတင္းေတြ ေပးေနေပါ့။ အဲဒီလိုမ်ဳိးဆိုရင္ က်ေနာ္တို႔အတြက္က လံုၿခံဳမယ္၊ ကိုယ္က အေျခအေနလဲ သိရမယ္ေပါ့။ ဒီလိုအေနအထားမ်ဳိး ထင္ပါတယ္။

ေနာက္တစ္ခုကေတာ့ သူမ်ားႏိုင္ငံေတြမွာလဲ က်ေနာ္တုိ႔ ေတြ႔ပါတယ္။ ေတြ႔တယ္ဆိုတာကေတာ့ အုပ္ခ်ဳပ္ေရးဘက္က ပုဂၢိဳလ္တစ္ဦး၊ က်န္းမာေရးဘက္ကဆုိလဲ epidemiologist ကူးစက္ေရာဂါ တိုက္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ ဦးေဆာင္တဲ့ ေျပာေရးဆိုခြင့္ရိွသူတစ္ဦး။ ဒီလို ႏွစ္ဦးက အၿမဲတမ္းထြက္ထြက္ၿပီးေတာ့ သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာေနတာေတြ ေတြ႔ရတယ္။ အဲဒါမ်ဳိးေတြက က်ေနာ္တို႔ဆီမွာ မေတြ႔ရဘူး။ ဒီလိုအေနအထား ရိွပါတယ္။

ေမး ။ ။ တကယ္ေတာ့ အေရးေပၚအေျခအေနကို တံု႔ျပန္ဖို႔ ႏုိင္ငံေတာ္အဆင့္ ေကာ္မတီေတြလည္း ဖြဲ႔စည္းထားတာ ရိွပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး အမ်ဳိးသားအဆင့္ ဗဟိုေကာ္မတီဆုိရင္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဥကၠ႒အျဖစ္နဲ႔ ဦးေဆာင္ေနတာမ်ဳိးလဲ ရိွပါတယ္။ ဆိုေတာ့ ကပ္ေရာဂါ စျဖစ္တဲ့အခ်ိန္ကစလို႔ Facebook စာမ်က္ႏွာအသစ္ဖြင့္ၿပီး Online ေဆြးေႏြးပြဲေတြ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ လုပ္ေနတာမ်ဳိးလည္း ေတြ႔ပါတယ္။ ဆိုေတာ့ ဒါေတြက မလံုေလာက္ဘူးလား။

ေျဖ ။ ။ က်ေနာ္ျမင္တာက ဆုိပါစို႔ ႏိုင္ငံေတာ္အဆင့္ ေကာ္မတီေတြ - သူတို႔ဆီမွာ အစည္းအေဝးလုပ္တာေတြ၊ ဆံုးျဖတ္ခ်က္ေပးတာေတြ ရိွပါလိမ့္မယ္။ ဒါေပမဲ့ က်ေနာ္ျမင္တာက ေဒၚေအာင္ဆန္းစုၾကည္ပဲ ထြက္ၿပီးေတာ့ သတင္းစာရွင္းလင္းေျပာတာေတြ၊ ေနာက္တစ္ခါ Facebook ကေန က်န္တဲ့ ပုဂၢိဳလ္ေတြနဲ႔ ေဆြးေႏြးတာေတြ ရိွပါတယ္။ ဒါေပမဲ့လဲ က်ေနာ္ျမင္တာက ျပည္သူလူထုရဲ ႔ Trust ဒီလိုအက်ပ္အတည္းမ်ဳိးမွာ ပိုၿပီးေတာ့ ယံုၾကည္ကိုးစားမႈ လိုတယ္။ က်ေနာ္ထင္တယ္ - ေန႔တုိင္းနီးပါးေလာက္ထြက္ၿပီးေတာ့ ေျပာေနတာမ်ဳိးက ပိုအဆင္ေျပလိမ့္မယ္လို႔ ထင္တယ္။

ေမး ။ ။ တစ္ခုရိွတာက ကိုဗစ္ကပ္ေရာဂါရဲ ႔ အတိုင္းအတာက ႀကီးမားလြန္ေတာ့ ဖြံ႔ၿဖိဳးတိုးတက္ေနတဲ့ ႏုိင္ငံႀကီးေတြမွာေတာင္ ကိုင္တြယ္ရခက္ခဲတဲ့ အေျခအေနမ်ဳိးေတြ ႀကံဳရတာေတြ ရိွပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံလို ဖြံ႔ၿဖိဳးမႈ ေနာက္က်တယ္၊ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ကလဲ နဂိုကတည္းက အားနည္းတဲ့ တုိင္းျပည္မ်ဳိးမွာ အခုလို ဝန္နဲ႔အားမမွ်တဲ့ ျပႆနာမ်ဳိးကို ကိုင္တြယ္ေျဖရွင္းရတဲ့ ေနရာမ်ဳိးမွာ ေယဘုယ်အားျဖင့္ ေျပာမယ္ဆိုရင္ အားနည္းခ်က္ေတြ ရိွတာက သဘာဝက်တယ္လို႔ မဆိုႏိုင္ဘူးလား။ ဒါမွမဟုတ္ တခ်ဳိ ႔အားနည္းခ်က္၊ ဟာကြက္ေတြက မျဖစ္သင့္ဘဲ ျဖစ္ေနတာမ်ဳိးေတြ ရိွေနလို႔လား။

ေျဖ ။ ။ ဟုတ္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံက မျပည့္စံုဘူး။ ဆင္းလည္းဆင္းရဲတယ္။ အတတ္ႏိုင္ဆံုး ႏိုင္ငံေတာ္ဘက္က ၾကည့္ေပးတယ္။ လက္ခံစရာလဲ ေကာင္းပါတယ္။ ေနာက္တစ္ခုက ဒီလိုႀကိဳးပမ္းေနတာကိုလဲ ေက်းဇူးတင္ရမွာပါ။ ဒါေပမဲ့လဲ က်ေနာ္ျမင္တာက ဒီအေျခအေနမ်ဳိးမွာ အစိုးရလုပ္တဲ့လူေတြက အခြင့္သာပါတယ္။ ဘာကိုအခြင့္သာလဲဆိုရင္ အနာဂတ္ကို ေမ်ွာ္ျမင္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ခ်င္တယ္ဆိုရင္ ဒီအခ်ိန္ဟာ အေကာင္းဆံုးပဲ။ ဆိုလိုတဲ့သေဘာက ဘတ္ဂ်က္ ႀကိဳက္သေလာက္ဆြဲၿပီးေတာ့ သံုးပါ။ ျပည္သူေတြ ကန္႔ကြက္မယ္ မထင္ဘူး။ အတိုက္အခံပါတီေတြလဲ ကန္႔ကြက္မယ္ မထင္ပါဘူး။ အဲဒီလို သံုးေနရင္နဲ႔ တၿပိဳင္နက္ထဲမွာ က်န္းမာေရးစနစ္မွာရိွတဲ့ အားနည္းခ်က္ေတြကို ျပင္သြားလို႔ရတယ္လို႔ ထင္ပါတယ္။ အခုအခ်ိန္မွာ ျပင္ပေဆးခန္း ေတာ္ေတာ္မ်ားမ်ား ပိတ္ထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆရာဝန္ေတြကလဲ ကူးစက္ေရာဂါကို ေၾကာက္ၾကတယ္။ အဲဒီေတာ့ တခါတေလ ပုဂၢလိက ေဆးရံုေတြကလဲ ပိတ္ထားတယ္။ ပုဂၢလိကေဆးရံုေတြကိုလဲ Lockdown ခ်တယ္ဆိုတဲ့ သတင္းေတြရိွတယ္။ အဲဒီလို အေနအထားမွာ က်န္တဲ့ေရာဂါျဖစ္တဲ့လူေတြက ေတာ္ေတာ္ေလး ျပႆနာ ရိွသြားႏိုင္ပါတယ္။ အဲဒီအေနအထားမွာေတာ့ က်ေနာ္ျမင္တာကေတာ့ သူမ်ားႏိုင္ငံေတြမွာ စသံုးတဲ့ Telemedicine - အင္တာနက္နည္းပညာကို သံုးၿပီးေတာ့ ဆရာဝန္ႀကီးေတြက တျခားတစ္ေနရာမွာ ရိွမယ္။ ေရွ ႔တန္းမွာ ရင္ဆိုင္ၿပီး ေဆြးေႏြးေနတဲ့ သူနာျပဳ၊ ဆရာဝန္ေလးေတြ ရိွမယ္။ ဒီလုိမ်ဳိးနဲ႔ ခက္ခဲတဲ့ ေရာဂါေတြကိုလည္း အေဝးကေန ကူးႏုိင္တဲ့ အေနအထားေတြ ျဖစ္လာႏိုင္တယ္။
ဆိုေတာ့ အဲဒီလိုမ်ဳိး စနစ္ေတြ၊ ျပဳျပင္ေျပာင္းလဲမႈေတြကို အခုလိုအခ်ိိန္မွာ လုပ္သင့္တယ္လို႔ က်ေနာ္ထင္တယ္။ ေနာက္တခါၾကေတာ့ က်ေနာ္တုိ႔ဆီမွာ က်န္းမာေရးစနစ္ထဲမွာ မမွ်တမႈေတြ ေတာ္ေတာ္မ်ားတယ္။ မမွ်တမႈဆုိတာ ပိုက္ဆံမရိွရင္ ေဆးကုသႏုိင္ဖို႔ ခက္ခဲတယ္။ Quality ကုသေရးခက္ပါတယ္။ ဆိုေတာ့ အဲဒီလိုအေနအထားမ်ဳိးေတြကိုလဲ ဒီအခ်ိန္မွာစၿပီးေတာ့ ျပင္မယ္ဆိုရင္ အခ်ိန္ေကာင္းလို႔ ထင္ပါတယ္။ ေနာက္တခါၾကေတာ့ ပညာေရးလည္း အလားတူပဲ။ က်ေနာ္တို႔ ပညာေရးဝန္ႀကီးဌာနဘက္က ျပင္ဆင္ထားတယ္လို႔ က်ေနာ္တုိ႔ သတင္းေတြအမ်ားႀကီး ၾကားတာေပါ့။ အခုေတာ့ ေက်ာင္းေတြဖြင့္ၿပီး မၾကာခင္မွာ ျပန္ပိတ္လိုက္ရတယ္။ ဆိုေတာ့ အခုအခ်ိန္အထိ ဘယ္အခ်ိန္ျပန္ဖြင့္မယ္ဆိုတာ မေသခ်ာေသးဘူး။ Online Learning လို႔ ေျပာေနတဲ့ ပညာေရးက ဘယ္လိုဆက္ျဖစ္မလဲဆိုတာ မသိဘူး။ အဲဒီလိုဟာမ်ဳိးေတြက က်ေနာ္ထင္တယ္ ျပင္ဆင္မႈနဲ႔ ျပဳျပင္ေျပာင္းလဲေရးတို႔ကို စဥ္းစားၿပီးေတာ့ ပိုအားထည့္လုပ္ရမယ့္ ကာလလို႔ ထင္ပါတယ္။

ေမး ။ ။ လက္ရိွအက်ပ္အတည္းကို ေက်ာ္လႊားတဲ့ေနရာမွာ ဘ႑ာေငြေၾကး စိုက္ထုတ္သံုးစြဲတာမ်ဳိးေတြ လုပ္သင့္တာေတြ ရိွတယ္လို႔ အေစာပိုင္းမွာ ကိုေအာင္သူၿငိမ္း ေထာက္ျပတာေတြ ရိွပါတယ္။ ဆိုေတာ့ အားလံုးကိုၿခံဳၿပီး ျပန္သံုးသပ္ၾကည့္မယ္ဆိုရင္ လက္ရိွအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔ဆိုရင္ မျဖစ္မေန ဘာေတြမ်ားလုပ္ဖို႔လိုမလဲ။ ဘာေတြကို ဦးစားေပးသင့္တယ္လို႔ ထင္သလဲ။

ေျဖ ။ ။ ပထမတစ္ခ်က္ က်ေနာ္ ေဆြးေႏြးရင္ အစိုးရက Digital မျဖစ္ေသးဘူး။ ကိန္းဂဏန္းအမ်ားစုက စကၠဴနဲ႔ လုပ္ေနတာ။ ဆုိေတာ့ အခုအေနအထားမ်ဳိးမွာ Data ေတြက ပိုအေရးႀကီးလာတယ္။ ဒါကို ျမန္ျမန္ဆန္ဆန္နဲ႔ အသြင္ေျပာင္းႏိုင္ဖို႔လဲ လိုအပ္တယ္လို႔ က်ေနာ္ထင္တယ္။ ဒုတိယတပိုင္းကေတာ့ အခုနေျပာသလိုပဲ ဒီဥစၥာကို စစ္ပြဲတစ္ပြဲလို ရင္ဆိုင္တိုက္မယ္ဆိုရင္ အဲဒါကို အေသအခ်ာ စီမံခန္႔ခြဲတဲ့ theme – War Room လိုဟာမ်ဳိး၊ အဖြဲ႔အစည္းမ်ဳိးနဲ႔ စုေပါင္းစဥ္းစားတာမ်ဳိးေတြ ပိုလိုအပ္လိမ့္မယ္လို႔ က်ေနာ္ ယူဆပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဒီအေျခအေနမွာ ေနာက္ထပ္ျပႆနာတစ္ခုရိွတာက အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးျပႆနာလည္း ထည့္ေျပာရမယ္ထင္ပါတယ္။ အထူးသျဖင့္ တပ္ဘက္ကေန ကမ္းလွမ္းထားတာေတြ ရိွတယ္။ သူတုိ႔တပ္က Quarantine Center ေတြ ျပင္ဆင္ထားတာေတြ ရိွတယ္။ တပ္ရဲ ႔ က်န္းမာေရး facility ေတြနဲ႔ ဝန္ထမ္းေတြ ကူညီမယ္ဆိုတဲ့ဟာေတြ။ အခုအခ်ိန္အထိက အစိုးရက ဒါေတြကို စနစ္တက် အသံုးခ်တယ္ဆိုတဲ့ဟာမ်ဳိး မေတြ႔ေသးဘူး။ ေနာက္တစ္ခုက လက္ေရွာင္ေနသလိုမ်ဳိးေတာင္ ျဖစ္ေနတယ္လို႔ ထင္တယ္။ ဆိုေတာ့ အဲဒီလိုအေနအထားမ်ဳိးမွာ က်ေနာ္ထင္တယ္ ဘာပဲျဖစ္ျဖစ္ ဒီလိုညိွႏိႈင္းၿပီးေတာ့ လုပ္တာက တုိင္းျပည္အက်ဳိး၊ အမ်ားအက်ဳိးအတြက္ ပိုေကာင္းမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တကယ္ေတာ့ ဒီအခ်ိန္မွာ ျမန္မာႏိုင္ငံမွာ ေနာက္တစ္ႀကိမ္ ေရြးေကာက္ပြဲေတြလည္း က်င္းပဖို႔ ရိွေနတဲ့အတြက္ အေရးႀကီးတဲ့ အခ်ိန္ကာလလည္း ျဖစ္ပါတယ္။ ဆိုေတာ့ ဒီလိုအခ်ိန္မ်ဳိးမွာ အခုလို အက်ပ္အတည္း ႀကံဳေနရတာလဲ အစိုးရအတြက္ တကယ့္ကို စိန္ေခၚမႈလို႔လဲ ေျပာရမွာပါ။ ဒီေနရာမွာ အစိုးရနဲ႔ တာဝန္ရိွသူေတြအေနနဲ႔ ဒီလိုစိန္ေခၚမႈေတြကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္လႊာႏိုင္ဖို႔ဆိုရင္ အနိမ့္ဆံုးအဆင့္ ဘာေတြမ်ား လုပ္ဖို႔ဆိုတာကို နိဂံုးခ်ဳပ္အေနနဲ႔ သိခ်င္ပါတယ္။

ေျဖ ။ ။ အဓိကေတာ့ Trust လို႔ေခၚတဲ့ ျပည္သူလူထု ယံုၾကည္ကိုးစားမႈကို အျမန္ျမွင့္တင္ဖို႔ လိုအပ္တယ္လို႔ ထင္တယ္။ ေနာက္တစ္ခါၾကေတာ့ ေရြးေကာက္ပြဲ နီးလာရင္ ျဖစ္တတ္တဲ့ သေဘာသဘာဝ - အစိုးရေတြက Lame duck လို႔ေခၚတဲ့ - မၾကာခင္ ေရြးေကာက္ပြဲ လုပ္ေတာ့မယ္၊ က်န္တဲ့လူေတြလဲ မလုပ္မရႈပ္မျပဳတ္ ဒီလိုမိန္းၿပီးေတာ့ ေနသြားတယ္ဆိုတဲ့ အေနအထားမ်ဳိးက အခုေတြ႔ေနရတယ္လို႔ က်ေနာ္ထင္တယ္။ ဆိုေတာ့ အဲဒီလိုမ်ဳိး မဟုတ္ဘဲနဲ႔ ဒီကပ္ေဘးဟာ က်ေနာ္တို႔ ပိုၿပီး Serious လုပ္ရမယ္ဆိုတဲ့ဟာမ်ဳိး၊ သေဘာမ်ဳိး လုပ္ဖို႔လိုတယ္လို႔ ထင္ပါတယ္။ ေနာက္တစ္ခုကေတာ့ အစိုးရဘက္က လုပ္စရာရိွရင္လဲ ျပတ္ျပတ္သားသားလုပ္။ ဒါေပမဲ့လဲ အိမ္နီးခ်င္းထုိင္းႏုိင္ငံမွာ ေတြ႔တာကေတာ့ အစိုးရပိုက္ဆံေတြ အမ်ားႀကီး ထုတ္သံုးရတဲ့ကိစၥေတြ။ ေနာက္တစ္ခုၾကေတာ့ တခ်ဳိ ႔ေနရာေတြမွာ အာဏာကို သံုးရတဲ့ကိစၥေတြ။ အခု ကိုဗစ္ကာလအတြင္းမွာ သာမန္ျပစ္မႈေလးေတြ ညမထြက္ရဘာတို႔ စသည္ျဖင့္ ဒါေတြနဲ႔ ဖမ္းဆီးထားတဲ့လူ အေရအတြက္က မနည္းဘူး။ အဲဒီေတာ့ အာဏာကို သံုးရတာေပါ့။ ဒါေတြနဲ႔ ပတ္သက္လို႔ Accountability တစ္ခ်ိန္က်ရင္ လႊတ္ေတာ္မွာ ျပန္တင္ျပၿပီးေတာ့ ေျဖရွင္းတာမ်ဳိးေတြလဲ လိုလိမ့္မယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အခုလို အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးခဲ့တဲ့ မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႔ (ISP Myanmar) က ဦးေအာင္သူၿငိမ္းနဲ႔ နားဆင္ေနသူ ပရိသတ္အားလံုးကို ေက်းဇူးတင္ပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေးဆောင်ရွတ်ချက်တွေမှာ တချို့လုပ်တာတွေက တကယ်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာ မေးခွန်းထုတ်သံတွေ ထွက်နေပါတယ်။ အဓိက စိန်ခေါ်မှုတွေ၊ အားနည်းချက်တွေ ဘာတွေရှိနေပါလဲ။ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP) က ဦးအောင်သူငြိမ်းအား ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးအောင်သူငြိမ်း။ အခုဆိုရင် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြန်မာနိုင်ငံမှာ တိုးလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ရောဂါကူးစက်မှု တားဆီးရေးအစီအစဉ်တွေကို အရှိန်မြင့်လုပ်လာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့လဲ တချို့အစီအစဉ်တွေက တကယ်ပဲ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာကို မေးခွန်းထုတ်တဲ့အသံ၊ ဝေဖန်သံတွေလည်း ကြားနေရပါတယ်။ ဥပမာ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ရန်ကုန်မှာ လမ်းတွေကို ပိတ်တာစို့တာ၊ တားဆီးမှုတွေက တကယ်ပဲ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မယ့် လုပ်ရပ်မျိုးတွေလား ဆိုတာမျိုးတွေ မေးခွန်းထုတ်တာတွေ ရှိပါတယ်။ ဆိုတော့ ကိုအောင်သူငြိမ်းကိုယ်တိုင်လည်း ရန်ကုန်မှာ ရှိနေတဲ့ လူတစ်ယောက်ဆိုတော့ ဒါမျိုးတွေကို ကိုယ်တိုင်လည်း ကြုံတွေ့နေရမယ် ထင်ပါတယ်။ ကိုအောင်သူငြိမ်းရဲ့ အမြင်ကို ပြောပါအုံး။

ဖြေ ။ ။ ကျနော်တို့ သင်္ကြန်ကာလမတိုင်မီ အဲဒီအချိန်မှာ ကျနော်တို့ဆီမှာ ကိုဗစ် ကူးစက်မှု စဖြစ်ပါတယ်။ စဖြစ်တဲ့အခါကြတော့ ဒါကို ကျနော်တို့ နိုင်ငံအတွက်က တစ်ခုမှ မကြုံဘူးသေးတဲ့ အတွေ့အကြုံပေါ့။ အဲဒီအချိန်မှာ အိုးနင်းခွက်နင်း ဖြစ်တာတွေ။ အစီအစဉ်တွေ သေချာမပြင်ထားတာတွေကို ကျနော်တို့ ခွင့်လွတ်လို့ ရပါတယ်။ အဲဒီမှာပဲ ကျနော်တို့ သင်္ကြန်ပိတ်ရက် နှစ်ပတ်လောက် ဖြစ်သွားတယ်။ အဲဒီနောက် ကိုဗစ် ကူးစက်မှုက ကျတယ်ဆိုပြီးတော့ ဖြစ်တယ်။ မကြာသေးခင် ပြီးခဲ့တဲ့အပတ်လောက်ကစပြီးတော့ ကူးစက်မှုဂဏန်းတွေကလဲ တက်လာတယ်။ ဒါကိုလဲ တဘက်ကပြောရင် များများရှာ၊ များများတွေ့ပေါ့။ အရင်တုန်းကတော့ မစစ်နိုင်ဘူး။ အခုက စစ်နိုင်တဲ့အခါကြတော့ ပိုပြီးတော့ တွေ့လာတဲ့သဘောတော့ ရှိပါတယ်။ ဆိုတော့ အဲဒီအချိန်မှာပဲ ကျနော်တို့ ပြန်ကြည့်တဲ့အခါကြတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလက ပထမဦးဆုံး ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အစိုးရက သင်ခန်းစာ မယူဘူးလားဆိုတာမျိုးကို ကျနော်တို့ သုံးသပ်မိတယ်။ အဲဒီတော့ ပထမတစ်ကြိမ် ကြုံရတဲ့အခါမှာလဲ ကျနော်တို့ ဒီလိုဒုက္ခတွေ ကြုံတာပဲ။ အခု ဒုတိယတစ်ကြိမ်ကြုံတော့လဲ အတူတူပဲ။ လမ်းတွေ၊ ဘာတွေ ပိတ်စို့တယ်။ အစိုးရဘက် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်တွေထုတ်တယ်။ ပြီးတော့ ရန်ကုန်တိုင်းအစိုးရက အမိန့်တွေထုတ်တယ်။ တစ်ခုနဲ့တစ်ခုက ဝေဝေဝါးဝါးနဲ့ ပြဿနာရှိတယ်။

အဲဒီတော့ လမ်းတွေပိတ်စို့တဲ့အခါမှာ တစ်နေရာနဲ့ တစ်နေရာ သွားဖို့လာဖို့လဲ ခက်တယ်။ လမ်းမကြီးတွေတော့ ဖွင့်ပါတယ်။ နောက်တစ်ခါကျတော့ ရန်ကုန်မြို့အဝင်အထွက် တင်းကျပ်တယ်ဆိုတာမျိုးတွေ လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ နောက်ထပ်ပြဿနာတက်တာကတော့ ကုန်စည်ကူးသန်းမှု Logistics က ပြဿနာတက်ပါတယ်။ ဆိုတော့ ပစ္စည်းတွေက ရန်ကုန်မြို့အဝင်မှာပဲ ကုန်ကားတွေ ရပ်ရမလိုလို။ အခုလဲ သတင်းတွေအရဆိုရင် မန္တလေးအဝင်လမ်းမကြီးမှာ ကုန်ကားတွေရပ်ခိုင်းပြီး နောက်ထပ်ဒရိုင်ဘာအသစ်ပြောင်းပြီးတော့ မောင်းခိုင်းတယ်ဆိုတဲ့ဟာမျိုးတွေ။ ဆိုတော့ အဲဒီလိုဟာမျိုးတွေက ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ဧပြီကာလကို သင်ခန်းစာမယူထားဘူးလားဆိုတဲ့ အနေအထားတွေကို တွေ့ရတယ်။

မေး ။ ။ ရန်ကုန်မှာ လမ်းတွေပိတ်စို့တာနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အတိုင်းအတာလောက်သာလုပ်ဖို့ဆိုပြီး နောက်ပိုင်းမှာ ညွှန်ကြားချက် ထွက်လာတာကို တွေ့ပါတယ်။ ဆိုတော့ ဒီလိုတစ်ခုလုပ်လိုက်၊ နောက်ကလိုက်ပြင်လိုက် အမိန့်တွေဆိုရင်လဲ ထုတ်ပြန်လိုက်၊ ပြန်ရုတ်သိမ်းလိုက် ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ ဆိုတော့ ဒီလိုအလွဲလွဲအချော်ချော် ဖြစ်ရတာ အဓိက ဘာကြောင့်လို့ ကိုအောင်သူငြိမ်း နားလည်ထားလဲ။

ဖြေ ။ ။ ကျနော်မြင်တာက အထူးသဖြင့် ဒါက crisis အကျပ်အတည်းအခြေအနေလို့ သုံးသပ်ထားဖို့ လိုတယ်လို့ ထင်ပါတယ်။ ဆိုပါစို့ အစောပိုင်းမှာလဲ ကျနော်တို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ စစ်ပွဲကြီးတစ်ပွဲကို ကိုင်တွယ်သလိုမျိုး - War Room - အဲဒီ Operation Management ကို တကယ်လုပ်မယ့် စစ်ဆင်ရေးစင်တာမျိုး လိုတယ်လို့ထင်ပါတယ်။ အဲဒီကနေ ဘယ်အမိန့်တွေထုတ်မယ်။ အခြေအနေတွေ ဘယ်လို၊ ဘယ်ဒေသကတော့ သတင်းတွေ တက်လာတယ် စသည်ဖြင့် ဒါမျိုးတွေကို သေချာစီမံနိုင်မယ်။ အဲဒီလိုအနေအထားမှာ ကြားကာလထဲမှာ ကော်မတီတစ်ခု ဖွဲ့သေးတယ်။ အဲဒီကော်မတီမှာ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီးတော့ တပ်မတော်ဘက်ကလည်း တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်မြတ်ထူးဦးတို့ပါ ပါလာတယ်ဆိုတော့ ကျနော်တို့ ထင်တာကတော့ ဒီကော်မတီက Operation Management အသွင်ဆောင်မယ်လို့ ယူဆတာပေါ့။ ဒါပေမဲ့ အဲဒီကော်မတီလည်း နောက်ပိုင်းမှာ အသံမကြားရတော့ပြန်ဘူး။ အဲဒါမျိုးတွေ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အထူးသဖြင့် ရန်ကုန်မြို့တော်ဝန်တို့၊ ဝန်ကြီးချုပ်တို့ - အခုက ရန်ကုန်မှာ case တွေက များနေတယ်။ အဲဒီအနေအထားမှာ ကျနော်မြင်တာ အလွယ်ဆုံးနည်းလမ်းကတော့ FM Radio တွေ ရှိတယ်။ လူတွေလည်း ကျနော်တို့လည်း FM ရေဒီယို နားထောင်ကြပါတယ်။ ကားမောင်းရင် ဖွင့်ထားတာတို့ စသည်ဖြင့်။ အဲဒီအနေအထားမှာ Communication လုပ်ချင်ရင်၊ အလွယ်လေးလို့ ထင်တယ်။ အထူးသဖြင့် မနက်တိုင်းဖြစ်ဖြစ်၊ ညပိုင်းဖြစ်ဖြစ် FM ကနေ ကျနော်တို့က သတင်းတွေ ပေးနေပေါ့။ အဲဒီလိုမျိုးဆိုရင် ကျနော်တို့အတွက်က လုံခြုံမယ်၊ ကိုယ်က အခြေအနေလဲ သိရမယ်ပေါ့။ ဒီလိုအနေအထားမျိုး ထင်ပါတယ်။

နောက်တစ်ခုကတော့ သူများနိုင်ငံတွေမှာလဲ ကျနော်တို့ တွေ့ပါတယ်။ တွေ့တယ်ဆိုတာကတော့ အုပ်ချုပ်ရေးဘက်က ပုဂ္ဂိုလ်တစ်ဦး၊ ကျန်းမာရေးဘက်ကဆိုလဲ epidemiologist ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဦးဆောင်တဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး။ ဒီလို နှစ်ဦးက အမြဲတမ်းထွက်ထွက်ပြီးတော့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောနေတာတွေ တွေ့ရတယ်။ အဲဒါမျိုးတွေက ကျနော်တို့ဆီမှာ မတွေ့ရဘူး။ ဒီလိုအနေအထား ရှိပါတယ်။

မေး ။ ။ တကယ်တော့ အရေးပေါ်အခြေအနေကို တုံ့ပြန်ဖို့ နိုင်ငံတော်အဆင့် ကော်မတီတွေလည်း ဖွဲ့စည်းထားတာ ရှိပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်နဲ့ ဦးဆောင်နေတာမျိုးလဲ ရှိပါတယ်။ ဆိုတော့ ကပ်ရောဂါ စဖြစ်တဲ့အချိန်ကစလို့ Facebook စာမျက်နှာအသစ်ဖွင့်ပြီး Online ဆွေးနွေးပွဲတွေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လုပ်နေတာမျိုးလည်း တွေ့ပါတယ်။ ဆိုတော့ ဒါတွေက မလုံလောက်ဘူးလား။

ဖြေ ။ ။ ကျနော်မြင်တာက ဆိုပါစို့ နိုင်ငံတော်အဆင့် ကော်မတီတွေ - သူတို့ဆီမှာ အစည်းအဝေးလုပ်တာတွေ၊ ဆုံးဖြတ်ချက်ပေးတာတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်မြင်တာက ဒေါ်အောင်ဆန်းစုကြည်ပဲ ထွက်ပြီးတော့ သတင်းစာရှင်းလင်းပြောတာတွေ၊ နောက်တစ်ခါ Facebook ကနေ ကျန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတာတွေ ရှိပါတယ်။ ဒါပေမဲ့လဲ ကျနော်မြင်တာက ပြည်သူလူထုရဲ့ Trust ဒီလိုအကျပ်အတည်းမျိုးမှာ ပိုပြီးတော့ ယုံကြည်ကိုးစားမှု လိုတယ်။ ကျနော်ထင်တယ် - နေ့တိုင်းနီးပါးလောက်ထွက်ပြီးတော့ ပြောနေတာမျိုးက ပိုအဆင်ပြေလိမ့်မယ်လို့ ထင်တယ်။

မေး ။ ။ တစ်ခုရှိတာက ကိုဗစ်ကပ်ရောဂါရဲ့ အတိုင်းအတာက ကြီးမားလွန်တော့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာတောင် ကိုင်တွယ်ရခက်ခဲတဲ့ အခြေအနေမျိုးတွေ ကြုံရတာတွေ ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု နောက်ကျတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကလဲ နဂိုကတည်းက အားနည်းတဲ့ တိုင်းပြည်မျိုးမှာ အခုလို ဝန်နဲ့အားမမျှတဲ့ ပြဿနာမျိုးကို ကိုင်တွယ်ဖြေရှင်းရတဲ့ နေရာမျိုးမှာ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် အားနည်းချက်တွေ ရှိတာက သဘာဝကျတယ်လို့ မဆိုနိုင်ဘူးလား။ ဒါမှမဟုတ် တချို့အားနည်းချက်၊ ဟာကွက်တွေက မဖြစ်သင့်ဘဲ ဖြစ်နေတာမျိုးတွေ ရှိနေလို့လား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့နိုင်ငံက မပြည့်စုံဘူး။ ဆင်းလည်းဆင်းရဲတယ်။ အတတ်နိုင်ဆုံး နိုင်ငံတော်ဘက်က ကြည့်ပေးတယ်။ လက်ခံစရာလဲ ကောင်းပါတယ်။ နောက်တစ်ခုက ဒီလိုကြိုးပမ်းနေတာကိုလဲ ကျေးဇူးတင်ရမှာပါ။ ဒါပေမဲ့လဲ ကျနော်မြင်တာက ဒီအခြေအနေမျိုးမှာ အစိုးရလုပ်တဲ့လူတွေက အခွင့်သာပါတယ်။ ဘာကိုအခွင့်သာလဲဆိုရင် အနာဂတ်ကို မျှော်မြင်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုရင် ဒီအချိန်ဟာ အကောင်းဆုံးပဲ။ ဆိုလိုတဲ့သဘောက ဘတ်ဂျက် ကြိုက်သလောက်ဆွဲပြီးတော့ သုံးပါ။ ပြည်သူတွေ ကန့်ကွက်မယ် မထင်ဘူး။ အတိုက်အခံပါတီတွေလဲ ကန့်ကွက်မယ် မထင်ပါဘူး။ အဲဒီလို သုံးနေရင်နဲ့ တပြိုင်နက်ထဲမှာ ကျန်းမာရေးစနစ်မှာရှိတဲ့ အားနည်းချက်တွေကို ပြင်သွားလို့ရတယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ ပြင်ပဆေးခန်း တော်တော်များများ ပိတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်တွေကလဲ ကူးစက်ရောဂါကို ကြောက်ကြတယ်။ အဲဒီတော့ တခါတလေ ပုဂ္ဂလိက ဆေးရုံတွေကလဲ ပိတ်ထားတယ်။ ပုဂ္ဂလိကဆေးရုံတွေကိုလဲ Lockdown ချတယ်ဆိုတဲ့ သတင်းတွေရှိတယ်။ အဲဒီလို အနေအထားမှာ ကျန်တဲ့ရောဂါဖြစ်တဲ့လူတွေက တော်တော်လေး ပြဿနာ ရှိသွားနိုင်ပါတယ်။ အဲဒီအနေအထားမှာတော့ ကျနော်မြင်တာကတော့ သူများနိုင်ငံတွေမှာ စသုံးတဲ့ Telemedicine - အင်တာနက်နည်းပညာကို သုံးပြီးတော့ ဆရာဝန်ကြီးတွေက တခြားတစ်နေရာမှာ ရှိမယ်။ ရှေ့တန်းမှာ ရင်ဆိုင်ပြီး ဆွေးနွေးနေတဲ့ သူနာပြု၊ ဆရာဝန်လေးတွေ ရှိမယ်။ ဒီလိုမျိုးနဲ့ ခက်ခဲတဲ့ ရောဂါတွေကိုလည်း အဝေးကနေ ကူးနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်။
ဆိုတော့ အဲဒီလိုမျိုး စနစ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေကို အခုလိုအချိန်မှာ လုပ်သင့်တယ်လို့ ကျနော်ထင်တယ်။ နောက်တခါကြတော့ ကျနော်တို့ဆီမှာ ကျန်းမာရေးစနစ်ထဲမှာ မမျှတမှုတွေ တော်တော်များတယ်။ မမျှတမှုဆိုတာ ပိုက်ဆံမရှိရင် ဆေးကုသနိုင်ဖို့ ခက်ခဲတယ်။ Quality ကုသရေးခက်ပါတယ်။ ဆိုတော့ အဲဒီလိုအနေအထားမျိုးတွေကိုလဲ ဒီအချိန်မှာစပြီးတော့ ပြင်မယ်ဆိုရင် အချိန်ကောင်းလို့ ထင်ပါတယ်။ နောက်တခါကြတော့ ပညာရေးလည်း အလားတူပဲ။ ကျနော်တို့ ပညာရေးဝန်ကြီးဌာနဘက်က ပြင်ဆင်ထားတယ်လို့ ကျနော်တို့ သတင်းတွေအများကြီး ကြားတာပေါ့။ အခုတော့ ကျောင်းတွေဖွင့်ပြီး မကြာခင်မှာ ပြန်ပိတ်လိုက်ရတယ်။ ဆိုတော့ အခုအချိန်အထိ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာ မသေချာသေးဘူး။ Online Learning လို့ ပြောနေတဲ့ ပညာရေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသိဘူး။ အဲဒီလိုဟာမျိုးတွေက ကျနော်ထင်တယ် ပြင်ဆင်မှုနဲ့ ပြုပြင်ပြောင်းလဲရေးတို့ကို စဉ်းစားပြီးတော့ ပိုအားထည့်လုပ်ရမယ့် ကာလလို့ ထင်ပါတယ်။

မေး ။ ။ လက်ရှိအကျပ်အတည်းကို ကျော်လွှားတဲ့နေရာမှာ ဘဏ္ဍာငွေကြေး စိုက်ထုတ်သုံးစွဲတာမျိုးတွေ လုပ်သင့်တာတွေ ရှိတယ်လို့ အစောပိုင်းမှာ ကိုအောင်သူငြိမ်း ထောက်ပြတာတွေ ရှိပါတယ်။ ဆိုတော့ အားလုံးကိုခြုံပြီး ပြန်သုံးသပ်ကြည့်မယ်ဆိုရင် လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် မဖြစ်မနေ ဘာတွေများလုပ်ဖို့လိုမလဲ။ ဘာတွေကို ဦးစားပေးသင့်တယ်လို့ ထင်သလဲ။

ဖြေ ။ ။ ပထမတစ်ချက် ကျနော် ဆွေးနွေးရင် အစိုးရက Digital မဖြစ်သေးဘူး။ ကိန်းဂဏန်းအများစုက စက္ကူနဲ့ လုပ်နေတာ။ ဆိုတော့ အခုအနေအထားမျိုးမှာ Data တွေက ပိုအရေးကြီးလာတယ်။ ဒါကို မြန်မြန်ဆန်ဆန်နဲ့ အသွင်ပြောင်းနိုင်ဖို့လဲ လိုအပ်တယ်လို့ ကျနော်ထင်တယ်။ ဒုတိယတပိုင်းကတော့ အခုနပြောသလိုပဲ ဒီဥစ္စာကို စစ်ပွဲတစ်ပွဲလို ရင်ဆိုင်တိုက်မယ်ဆိုရင် အဲဒါကို အသေအချာ စီမံခန့်ခွဲတဲ့ theme – War Room လိုဟာမျိုး၊ အဖွဲ့အစည်းမျိုးနဲ့ စုပေါင်းစဉ်းစားတာမျိုးတွေ ပိုလိုအပ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ နောက်တစ်ချက်ကတော့ ဒီအခြေအနေမှာ နောက်ထပ်ပြဿနာတစ်ခုရှိတာက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပြဿနာလည်း ထည့်ပြောရမယ်ထင်ပါတယ်။ အထူးသဖြင့် တပ်ဘက်ကနေ ကမ်းလှမ်းထားတာတွေ ရှိတယ်။ သူတို့တပ်က Quarantine Center တွေ ပြင်ဆင်ထားတာတွေ ရှိတယ်။ တပ်ရဲ့ ကျန်းမာရေး facility တွေနဲ့ ဝန်ထမ်းတွေ ကူညီမယ်ဆိုတဲ့ဟာတွေ။ အခုအချိန်အထိက အစိုးရက ဒါတွေကို စနစ်တကျ အသုံးချတယ်ဆိုတဲ့ဟာမျိုး မတွေ့သေးဘူး။ နောက်တစ်ခုက လက်ရှောင်နေသလိုမျိုးတောင် ဖြစ်နေတယ်လို့ ထင်တယ်။ ဆိုတော့ အဲဒီလိုအနေအထားမျိုးမှာ ကျနော်ထင်တယ် ဘာပဲဖြစ်ဖြစ် ဒီလိုညှိနှိုင်းပြီးတော့ လုပ်တာက တိုင်းပြည်အကျိုး၊ အများအကျိုးအတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။

မေး ။ ။ တကယ်တော့ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲတွေလည်း ကျင်းပဖို့ ရှိနေတဲ့အတွက် အရေးကြီးတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုအချိန်မျိုးမှာ အခုလို အကျပ်အတည်း ကြုံနေရတာလဲ အစိုးရအတွက် တကယ့်ကို စိန်ခေါ်မှုလို့လဲ ပြောရမှာပါ။ ဒီနေရာမှာ အစိုးရနဲ့ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကျော်လွှာနိုင်ဖို့ဆိုရင် အနိမ့်ဆုံးအဆင့် ဘာတွေများ လုပ်ဖို့ဆိုတာကို နိဂုံးချုပ်အနေနဲ့ သိချင်ပါတယ်။

ဖြေ ။ ။ အဓိကတော့ Trust လို့ခေါ်တဲ့ ပြည်သူလူထု ယုံကြည်ကိုးစားမှုကို အမြန်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ထင်တယ်။ နောက်တစ်ခါကြတော့ ရွေးကောက်ပွဲ နီးလာရင် ဖြစ်တတ်တဲ့ သဘောသဘာဝ - အစိုးရတွေက Lame duck လို့ခေါ်တဲ့ - မကြာခင် ရွေးကောက်ပွဲ လုပ်တော့မယ်၊ ကျန်တဲ့လူတွေလဲ မလုပ်မရှုပ်မပြုတ် ဒီလိုမိန်းပြီးတော့ နေသွားတယ်ဆိုတဲ့ အနေအထားမျိုးက အခုတွေ့နေရတယ်လို့ ကျနော်ထင်တယ်။ ဆိုတော့ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ဒီကပ်ဘေးဟာ ကျနော်တို့ ပိုပြီး Serious လုပ်ရမယ်ဆိုတဲ့ဟာမျိုး၊ သဘောမျိုး လုပ်ဖို့လိုတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ အစိုးရဘက်က လုပ်စရာရှိရင်လဲ ပြတ်ပြတ်သားသားလုပ်။ ဒါပေမဲ့လဲ အိမ်နီးချင်းထိုင်းနိုင်ငံမှာ တွေ့တာကတော့ အစိုးရပိုက်ဆံတွေ အများကြီး ထုတ်သုံးရတဲ့ကိစ္စတွေ။ နောက်တစ်ခုကြတော့ တချို့နေရာတွေမှာ အာဏာကို သုံးရတဲ့ကိစ္စတွေ။ အခု ကိုဗစ်ကာလအတွင်းမှာ သာမန်ပြစ်မှုလေးတွေ ညမထွက်ရဘာတို့ စသည်ဖြင့် ဒါတွေနဲ့ ဖမ်းဆီးထားတဲ့လူ အရေအတွက်က မနည်းဘူး။ အဲဒီတော့ အာဏာကို သုံးရတာပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ Accountability တစ်ချိန်ကျရင် လွှတ်တော်မှာ ပြန်တင်ပြပြီးတော့ ဖြေရှင်းတာမျိုးတွေလဲ လိုလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီးတော့ ဖြေကြားပေးခဲ့တဲ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) က ဦးအောင်သူငြိမ်းနဲ့ နားဆင်နေသူ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG