သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးဂယက္နဲ႔ ျမန္မာ့စီးပြားေရး


ႏိုင္ငံေရးဂယက္နဲ႔ ျမန္မာ့စီးပြားေရး
please wait

No media source currently available

0:00 0:10:44 0:00
တိုက္႐ိုက္ လင့္ခ္

အခုႀကဳံေနရတဲ့ ျမန္မာ့စီးပြားေရးအက်ပ္အတည္းဟာ အရင္ ၁၉၈၈ ခုႏွစ္ အာဏာသိမ္းစဥ္အခ်ိန္နဲ႔ အေျခအေန မတူညီတာေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ပိုၿပီးေတာ့ အခက္အခဲ ႀကီးႏိုင္တယ္လို႔ ျပည္သူေရးရာ မူဝါဒ ဆိုင္ရာ ကြၽမ္းက်င္သူ ဦးခိုင္ဝင္း က သုံးသပ္ပါတယ္။ ကိုသားညြန္႔ဦးက ဆက္သြယ္ေမးျမန္း ေဆြးေႏြးထားပါ တယ္။

(Zawgyi/Unicode)

ေမး ။ ။ ျမန္မာႏုိင္ငံစီးပြားေရးနဲ႔ ပတ္သက္လို႔ေတာ့ တေလာကပဲ ICG (International Crisis Group) က ထုတ္ပါတယ္။ တစ္လအတြင္းမွာပဲ ျမန္မာေငြေၾကးတန္းဖိုးက ေျခာက္ဆယ္ရာခိုင္ႏႈန္းေလာက္ကို ထုိးၾကသြားတယ္လို႔ သူတုိ႔သံုးသပ္ထားတယ္။ ဒီေလာက္အထိ ေငြေစ်းေတြ က်သြားတဲ့အေျခအေန။ ဒီေလာက္အထိ စီးပြားေရး ဖရိုဖရဲ ျဖစ္သြားတဲ့ အေျခအေနက ဘာေၾကာင့္ အဓိကလို႔ ကိုခိုင္ဝင္းတုိ႔ သံုးသပ္မိပါသလဲ။


ေျဖ ။ ။ ပထမဦးဆံုးကေတာ့ အာဏာသိမ္းမႈေပါ့။ ဒီဟာကေတာ့ political shock လို႔ ေခၚတာပဲ။ ျပည္သူလူထုအေနနဲ႔က ယံုၾကည္မႈ trust က ဗဟိုဘဏ္တို႔ ဘာတို႔အေပၚ၊ လက္ရိွ သူတုိ႔ေငြေတြ အပ္ထားတဲ့ ေငြေတြအေပၚမွာ ယံုၾကည္မႈ ေလ်ာ့နည္းသြားတဲ့အတြက္ေၾကာင့္ အဓိကအေၾကာင္းရင္းေတြ ျဖစ္တယ္လို႔ သံုးသပ္ပါတယ္။

ေမး ။ ။ တခ်ိန္တည္းမွာ ဗဟိုဘဏ္ကလည္း ဒီၾကားထဲမွာ ေငြေၾကးတန္းဖိုး ထိန္းႏုိင္ေအာင္ဆုိၿပီးေတာ့ ေဒၚလာေတြ ထုတ္ေရာင္းေနတာ ရိွတယ္။ အဲဒီေတာ့ လက္ရိွ ဗဟိုဘဏ္ ကိုင္တြယ္မႈ၊ ေငြေၾကးထိန္းႏိုင္ေအာင္ ကိုင္တြယ္မႈနဲ႔ ပတ္သက္လို႔ ဘာမ်ားသံုးသပ္ခ်င္ပါလဲ။

ေျဖ ။ ။ ဗဟိုဘဏ္က ဘယ္လိုပဲထုတ္ထုတ္၊ ထုတ္ေရာင္းေနတဲ့ဟာေတြက ေတြ႔ရသေလာက္ သန္းတစ္ရာေက်ာ္သြားၿပီ။ အတိအက်ေတာ့ မမွတ္မိဘူး။ တခါတခါေရာင္းရင္ ဆယ့္ငါးသန္းေလာက္ ေရာင္းတယ္။ ဟိုတေန႔ကလည္း ငါးသန္းလား၊ ေျခာက္သန္းလား မသိ၊ ေရာင္းခ်တယ္။ အဲဒီလို ဗဟိုဘဏ္ ထုတ္ေရာင္းေနတဲ့အခ်ိန္အတြင္းမွာပဲ ေဒၚလာအေကာင့္ေတြေပၚ ထိန္းခ်ဳပ္လာတာကို ေတြ႔ရတယ္။ သေဘာကေတာ့ ေဒၚလာဝင္ေငြ နည္းလာတာေတြ အကုန္ေရာဆင္းလာတယ္။ Trade ကုန္သြယ္မႈမွာလည္း သြင္းကုန္ပို႔ကုန္ Export-Import ကလည္း ဒီႏွစ္ စက္တင္ဘာလ (၃) ရက္ေန႔အထိလား၊ စက္တင္ဘာလ အကုန္အထိ (၇) ဘီလီယံ​ေလာက္ တက္သြားတယ္လို႔ ေျပာတယ္။ အဲဒီေလာက္ ဆင္းသြားတယ္ဆုိေတာ့ သူတုိ႔ ေဒၚလာေတြနည္းသြားတယ္။ အဲဒီေတာ့ ဗဟိုဘဏ္က ဘယ္ေလာက္ထုတ္ေရာင္းထုတ္ေရာင္း ထုတ္ေရာင္းတဲ့ဟာနဲ႔ ဒီဘက္က လိုအပ္တဲ့ ေဒၚလာနဲ႔က မကိုက္ဘူး ျဖစ္ေနတာေပါ့။ ကမာၻ႔ဘဏ္ရဲ ႔ ေနာက္ထပ္အာဏာသိမ္းၿပီးေတာ့ ထုတ္တဲ့ အစီရင္ခံစာတခုမွာလည္း ေရးထားတယ္။ (၁၉) ဘီလီယံ တပ္ထဲမွာ၊ ေလွာင္ကန္ေတြထဲမွာ နည္းသြားၿပီ၊ (၃၀) ရာခိုင္ႏႈန္းေလာက္ပဲ ရိွတယ္လို႔ေတာင္မွ အဲဒီလို သူတုိ႔က ေျပာေနတယ္။ အဲဒါလဲ ရိွတယ္။ ေနာက္တခုကေတာ့ ျပႆနာက ဗဟိုဘဏ္ ဘယ္လိုပဲေရာင္းေရာင္း လိုက္မမီတဲ့အေၾကာင္းရင္းကေတာ့ ျပည္သူေတြက ဘဏ္ထဲအပ္ႏံွထားတဲ့ ေငြေတြကို ထုတ္ၿပီးေတာ့ တန္းဖိုးရိွတဲ့အရာကို စုေဆာင္းတဲ့အေနနဲ႔ စုေဆာင္းလာၾကတယ္။ ေနာက္ ျပည္ပကို လႊဲတဲ့ဟာေတြကလည္း ပိုၿပီးေတာ့ မ်ားလာတယ္ဆိုေတာ့ သူတုိ႔ မလိုက္ႏိုင္ဘူး ျဖစ္ေနတယ္။ တျခားႏုိင္ငံေတြမွာလည္း ဒီလုိနမူနာမ်ဳိးေတြ ရိွတယ္။ ဥပမာ တူရကီမွာ ကတၱာႏုိင္ငံကေန (၁၅)ဘီလီယံ ေပးမယ္။ အဲဒီလိုေပးတာေတာင္ သူတုိ႔ရဲ ႔ ေငြက်ဆင္းတာကို မထိန္းႏိုင္ဘူး။

ေမး ။ ။ အဲဒီေတာ့ တခ်ိန္တည္းမွာပဲ သြင္းကုန္ေတြအေနနဲ႔ အေတာ္ေလး ခက္ခဲ ရိွလာၿပီဆိုၿပီးေတာ့ ကုန္သည္ေတြ ညည္းညဴတာကိုလည္း ၾကားလာပါတယ္။ အဲဒီေတာ့ တဘက္မွာ ထုတ္ကုန္မ်ားမ်ား ထုတ္ေပးရမယ္ဆိုတဲ့ ပံုစံမ်ဳိး ေျပာလာၾကေတာ့ အခုျမန္မာႏိုင္ငံမွာ တကယ္ရိွထားတဲ့ ဓါတ္ေငြ႔ေတြ၊ တြင္းထြက္ေတြ၊ သံယဇာတေတြ။ ဒါေတြအေပၚမွာ ပိုၿပီးေတာ့ မီွခုိလာရႏိုင္ေျခ ရိွပါသလား။ ဒါေတြကို ထုတ္ေရာင္းရင္ အဆင္ေျပလာႏိုင္သလား။

ေျဖ ။ ။ ထုတ္ေရာင္းဖို႔ကေတာ့ အဲဒီဘက္ကို အားျပဳလာရမယ္လို႔ေတာ့ ယူဆလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု သြင္းကုန္ေတြအတြက္ ေဒၚလာကို မသံုးႏိုင္ေတာ့လို႔ ပထမဦးဆံုး သူတုိ႔လုပ္တဲ့ဟာက ဘာလဲဆိုေတာ့ Now Essential Goods ဆိုၿပီးေတာ့ ထိုင္းကေန အခ်ဳိရည္ေတြ ဘာေတြကို ပိတ္ပင္တာမ်ဳိးေတြ လုပ္တယ္။ အခုေနာက္ပိုင္း ဒီထက္စက်လာလို႔ ထင္တယ္။ စက္သံုးဆီကိုေတာင္မွ စက္သံုးဆီ တင္သြင္းတဲ့သူေတြကို လူတခ်ဳိ ႔ကိုပဲ - ေဒၚလာကို တနည္းအားျဖင့္ ေဒၚလာကို Quota - ကိုယ္တာနဲ႔ေပးသလို ကိုယ့္ရဲ ႔လူေတြကိုပဲ တခ်ဳိ ႔ကိုပဲ ေပးႏုိင္တယ္။ ကိုယ္တာနဲ႔ခြဲေပး၊ အဲဒီလူေတြက သြင္းၿပီးေတာ့ ေလွ်ာ့ေစ်းနဲ႔ ျပန္ေရာင္းခိုင္းတာေပါ့။ ေသခ်ာတယ္ ေဒၚလာကေတာ့ လိုေနၿပီ။ ပို႔ကုန္ေတြကို ပိုၿပီးေတာ့ တိုးျမွင့္ရမယ္။ ပို႔ကုန္ေတြပိုင္းကေရာ တုိးျမွင့္ႏိုင္သလား။ လယ္ယာစိုက္ပ်ဳိးေရးမွာလည္း သြင္းအားစုေတြျဖစ္တဲ့ ဓါတ္ေျမၾသဇာေတြ၊ ေစ်းေတြက ေတာ္ေတာ္ေလးကို တက္တယ္လို႔ေျပာတယ္။ International Food Policy Research Institute ကလည္း ထုတ္ထားတဲ့ သူတုိ႔ရဲ ႔ သုေတသနေတြအရ ေတာ္ေတာ္တက္သြားတဲ့အတြက္ ဓါတ္ေျမၾသဇာေတြ က်သြားမယ္။ ေရာင္းအားေတြ က်သြားမယ္ဆိုရင္က လယ္ယာစိုက္ပ်ဳိးေရးက႑ေပၚမွာလည္း အခု မုတ္သုန္ရာသီအၿပီးမွာ ထြက္ႏႈန္းေတြက အမ်ားႀကီးဟိုဟာ ျဖစ္သြားမယ္။ ဒီေန႔ပဲ ေထာပတ္ဓါတ္ေျမၾသဇာ အုပ္စုရဲ ႔ Facebook စာမ်က္ႏွာမွာပဲ ဘာေတြ႔ရသလဲဆိုေတာ့ စက္သံုးဆီေစ်းေတြ တက္တဲ့အတြက္ ရုိတ္သိမ္းခေတြ အရင္ကနဲ႔မတူေတာ့ဘူးဆုိၿပီး သူတို႔စာမ်က္ႏွာမွာ ေရးထားတာကို ေတြ႔ရတယ္။
ဒီအခက္အခဲေတြ ပို႔ကုန္ေတြကလည္း က်ဖို႔မ်ားေနတယ္။ အဲဒီေတာ့ တခုပဲရိွတယ္ - ဘာေတြရိွသလဲဆိုရင္ေတာ့ အခုနေျပာတဲ့ သံယံဇာတေတြ။ သံယံဇာတေတြမွာလည္း ေရနံတို႔၊ သဘာဝဓါတ္ေငြေတြကလည္း ခ်က္ခ်င္းထုတ္လို႔ မရဘူး။ ရွာထားတဲ့တြင္းေတြ ရိွတယ္ဆိုရင္ေတာင္မွ တန္ဒါေခၚရအံုးမယ္။ အမ်ားႀကီးေခၚရအံုးမယ္ဆိုေတာ့ အခက္အခဲ ရိွတယ္။ သစ္ ကၽြန္းသစ္တုိ႔ဘာတို႔ပိုင္းေတာ့ မေျပာတတ္ဘူး။ ေက်ာက္စိမ္းတို႔ဘာတုိ႔ ဖားကန္႔တို႔ဘာတိုိ႔ပိုင္းကေတာ့ အေျခအေန ဘယ္လိုရိွမလဲ မသိဘူး။ ဒါေပမဲ့ ေက်ာက္စိမ္းကြက္ကေတာ့ ကုန္သည္ေတြရဲ ႔ ေျပာတဲ့အရကေတာ့ တရုတ္ျပည္ကိုိ အဓိကမီွခိုရတယ္။ တရုတ္ျပည္ကလည္း အရင္လို မဟုတ္ေတာ့ဘူး။ တရုတ္ျပည္မွာလည္း အေဆာက္အဦးေစ်းကြက္ကလည္း ပ်က္ေနၿပီ။ မဝယ္ႏုိင္ေတာ့ဘူး။ သူတို႔မွာလည္း စီးပြားေရး အခက္အခဲေတြ အမ်ားႀကီး ရိွေနတဲ့အတြက္ ပို႔ခ်င္တုိင္းလည္း ပို႔လို႔မရဘူး။ လက္တေလာမွာေတာ့ ေဒၚလာအတြက္ကို ေတာ္ေတာ္ေလးကို သူတုိ႔ ၿခိဳၿခံေခၽြတာေနတဲ့သေဘာ ရိွတယ္။

ေမး ။ ။ သြင္းကုန္ေတြအေနနဲ႔ ပတ္သက္္လုိ႔ သူတုိ႔ ကန္႔သတ္မႈေတြ အခုလုပ္ေနတာ က်ေနာ္တို႔ ၾကားပါတယ္။ ကားသြင္းတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကန္႔သတ္တယ္။ အဲဒီေတာ့ တဘက္မွာ စစ္ေကာင္စီ အႀကီးအကဲက ေနာက္ပိုင္း သူတို႔ေျပာတဲ့အထဲမွာ စိုက္ပ်ဳိးေရးက႑ကို မီွရမယ္။ ျပည္တြင္းမီွခိုေရး မူဝါဒဆုိတဲ့သေဘာမ်ဳိး။ အဓိကေတာ့ ျပင္ပကလည္း ပိတ္တာေတြ မ်ားလာတဲ့အခါမွာ ျပည္တြင္းမွာပဲ ဖူလံုဖို႔။ ျပည္တြင္းကို မီွခိုေရးဆုိၿပီး စိုက္ပ်ဳိးေရးကိုပဲ မီွၿပီးလုပ္မယ့္ဟာမ်ဳိး ေျပာလာတာ ရိွပါတယ္။ ဒါကေကာ တကယ္အလုပ္ျဖစ္ပါ့မလား။

ေျဖ ။ ။ ဒါကလဲ အခက္အခဲေတြက ဘာေတြရိွသလဲဆိုရင္ေတာ့ စိုက္ပ်ဳိးေရးက႑လို႔ ေျပာေပမယ္လို႔ အခုနေျပာတဲ့ ေျမအစ၊ agricultural value change တခုလံုးမွာ သြင္းကုန္ေတြေပၚမွာ - အခုနေျပာတဲ့ ဓါတ္ေျမၾသဇာ၊ ပိုးသတ္ေဆး အဲဒါေတြက အခက္အခဲက ဘာလဲဆိုေတာ့ ျမန္မာႏို္င္ငံက ကိုယ့္ျပည္တြင္းမွာ မထုတ္ႏုိင္ဘူး။ ဓါတ္ေျမၾသဇာ အမ်ားစုက အကုန္နီးပါးက သန္း (၅၀၀) ဖိုိးေလာက္ ႏိုင္ငံျခားကေန တင္သြင္းရတယ္။ အဓိက တရုတ္၊ ထိုင္းတုိ႔က တင္သြင္းရတယ္ဆိုေတာ့ ဒီက႑ႀကီးက အဆင္ေျပပါ့မလား။ ေနာက္တခုက သူတုိ႔ အခုလုပ္ေနတဲ့ပံုစံက ကုန္ေစ်းႏႈန္းကို ထိန္းခ်င္တဲ့အတြက္ ကုန္ေစ်းႏႈန္းကို ထိန္းဖို႔အတြက္ကို ေလွ်ာ့ေရာင္းမယ္။ စားအုန္းဆီတို႔ကို ေလွ်ာ့ေစ်းနဲ႔ ေရာင္းေနတာေတြ႔တယ္။ ဒါမ်ဳိးေတြကလဲ တကယ္တမ္း ျပန္ၿပီးေတာ့ စီးပြားေရးအေနနဲ႔ ျပန္သံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ လယ္ယာစိုက္ပ်ဳိးေရးက႑ေပၚမွာ ပိုၿပီးေတာ့ လက္ခံသြားႏုိင္တဲ့ ေနရာေတြ ရိွတယ္။ အခက္အခဲေတြ ျဖစ္ေနၿပီ၊ ဓါတ္ေျမၾသဇာမွ မဟုတ္ဘူး၊ စက္ပစၥည္းေတြ၊ လယ္ယာက႑မွာသံုးတဲ့ စက္ယႏၱရားေတြ တင္သြင္းမႈ အဲဒါေတြပါ အခက္အခဲေတြ ရိွတယ္။ ျမန္မာႏုိင္ငံက လက္မႈ႔လယ္ယာကေန စက္မႈ႔လယ္ယာသို႔ မၾကာေသးမီကမွ နည္းနည္းေလး စေျပာင္းလာတာ။

ေမး ။ ။ ဒီလို အခက္အခဲေတြ၊ အက်ပ္အတည္းေတြ ရိွေနခ်ိန္မွာပဲ စစ္ေကာင္စီ အႀကီးအကဲက ေျပာလာတာက အာဆီယံထဲမွာ ျမန္မာႏုိင္ငံက တကယ္တမ္း ငါးႏွစ္ဆယ္ႏွစ္ေလာက္အတြင္းမွာ ထိပ္ေရာက္လာေအာင္ ႀကိဳးစားရင္ ျဖစ္ႏုိင္တယ္ဆိုတဲ့ဟာမ်ဳိးေတြ ေျပာလာပါတယ္။ ဒီေတာ့ စစ္ေကာင္စီ စကစရဲ ႔ စီးပြားေရး vision နဲ႔ ပတ္သက္လို႔ ကိုခိုင္ဝင္း ဘယ္လို ျမင္ပါသလဲ။

ေျဖ ။ ။ သူ႔ရဲ ႔ vision နဲ႔ စီးပြားေရး vision နဲ႔ ေျပာရမယ္ဆိုရင္ေတာ့ စိတ္ကူးယဥ္ဆန္တဲ့ဟာေပါ့။ ဒါေၾကာင့္လဲ သူတုိ႔ကို လူရယ္စရာ ျဖစ္ေနတယ္။ ဘယ္လိုမွ တကယ္တမ္း ဆက္လုပ္မယ္ဆိုရင္ အာဆီယံမွာ အလယ္အလတ္ ျဖစ္ဖို႔ဆိုတာကလဲ ငါးႏွစ္နဲ႔ မလြယ္ဘူး။ အာဆီယံမွာ ထိပ္သီးႏုိင္ငံျဖစ္ဖို႔အတြက္ ထိပ္သီးဆိုတာ စကၤာပူတုိ႔ မေလးရွားတို႔လို ထိပ္ကိုေရာက္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏုိင္ဘူး။ အရင္တုန္းကေတာင္မွ ေဒၚေအာင္ဆန္းစုၾကည္က အႏွစ္ (၂၀) နဲ႔ စကၤာပူကို မီွေအာင္လုပ္မယ္ဆိုလို႔ လူေတြက ေဝဖန္တာေတြ ရိွခဲ့တယ္။ အခုက ငါးႏွစ္ဆယ္ႏွစ္နဲ႔ သြားမယ္ဆိုတာကေတာ့ တနည္းအားျဖင္ေျပာရရင္ False Hope မျဖစ္ႏုိင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ျပည္သူလူထုကို ေပးတဲ့သေဘာမ်ဳိး ျဖစ္ေနတာေပါ့။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးတခု ေမးခ်င္ပါတယ္။ ျမန္မာႏုိင္ငံက ေျပာရမယ္ဆိုရင္ တခ်ိန္တုန္းက စီးပြားေရးပိတ္စို႔တာကို ခံခဲ့ရတဲ့ ႏုိင္ငံလည္း ျဖစ္ပါတယ္။ စစ္အစိုးရလက္ထက္ေတြမွာ။ အဲဒီေတာ့ အဲဒီအခ်ိန္ကာလေတြတုန္းက သူတို႔က စီးပြားေရး ပိတ္စို႔မႈခံခဲ့ရေပမယ့္ အိမ္နီးခ်င္းႏုိင္ငံတခ်ဳိ ႔နဲ႔ တခ်ဳိ ႔အာဆီယံႏုိင္ငံေတြ၊ တခ်ဳိ ႔အာရွႏုိင္ငံေတြနဲ႔ စီးပြားေရးတဲြလုပ္ၿပီးေတာ့ ျပန္ထိန္းထားႏိုင္ခဲ့တာေတြ ရိွပါတယ္။ အဲဒီေတာ့ အခုစစ္ေကာင္စီလက္ထက္မွာ ဒီလိုမ်ဳိး အလားအလာ စီးပြားေရးကို တိုးတက္ေအာင္ မဟုတ္တာေတာင္မွ ထိန္းထားႏုိင္တဲ့ အလားအလာ ေရွ ႔မွာေကာ ရိွႏိုင္ပါသလား။

ေျဖ ။ ။ ေခတ္ကာလႏွစ္ခုကေတာ့ မတူေတာ့ဘူး။ တခ်ိန္တုန္းကေတာ့ ဟုတ္တယ္။ တခ်ိန္တုန္းက စီးပြားေရးပိတ္စို႔တာ ဒို႔မမူပါ ဆုိတဲ့ ေဆာင္ပုဒ္နဲ႔အညီ သူတုိ႔ ဘယ္လိုပဲျဖစ္ျဖစ္ အာဏာကို တည္ၿမဲေအာင္ ထိန္းထားႏိ္ုင္ခဲ့တယ္။ ဒါေပမဲ့လို႔ ၂၀၂၁ - ၂၁ ရာစု အေျခအေနက ၁၉၈၈ အေျခအေနထက္ အေတာ္ကြာသြားၿပီ။ ပထမတခုက ဘာလဲဆိုေတာ့ ၁၉၈၈ ခုႏွစ္တုန္းက ဘယ္လိုပဲေျပာေျပာ တက္လာတဲ့ စစ္အစိုးရဟာ ပိတ္ထားတဲ့ စီးပြားေရးကို သူကဖြင့္တာ။ Market Economy ေစ်းကြက္စီးပြားေရးကို ဖြင့္ခဲ့ေတာ့ အတိုင္းအတာတခုအထိ အဆင္ေျပတဲ့လူေတြ အမ်ားႀကီးရိွတယ္။ ပထမဦးဆံုးစစဖြင့္တဲ့အခ်ိန္မွာ အေနာက္ႏိုင္ငံေတြရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြ အမ်ားႀကီးဝင္လာတယ္။ Total တို႔ဘာတုိ႔ သူတုိ႔ပဲ စတာပဲ။ တရုတ္ဆိုတာ ေနာက္မွဝင္လာတဲ့ ရင္းနီွးျမဳပ္ႏံွမႈ ျဖစ္ခဲ့တယ္။ ၂၀၀၀ ေက်ာ္ေလာက္မွ ဝင္လာၾကတာ။ အရင္ဆံုးဝင္လာတာ ဂ်ပန္၊ ကိုရီးယားနဲ႔ အေနာက္ႏုိင္ငံ အေမရိကန္နဲ႔ ဥေရာပ Total တို႔ သူတုိ႔စၿပီးေတာ့ ဝင္လာၾကတာ။ ဆုိေတာ့ ပိတ္ထားတာကေန ဖြင့္တယ္။ ဘာမွမရိွတဲ့ အင္မတန္နည္းတဲ့ GDP ကို လက္ထက္မွာ၊ အင္မတန္ဆင္းရဲေနတဲ့ ႏိုင္ငံက စဖြင့္တဲ့အတြက္ အတိုင္းအတာတခုအထိ ေအာင္ျမင္ခဲ့တယ္။ ေနာက္ပိုင္းမွာလဲ ခ်မွတ္တဲ့ စီးပြားေရးပိတ္စို႔မႈေတြကိုလည္း ဂရုမစိုက္ဘဲနဲ႔ အိမ္နီးခ်င္းႏုိုင္ငံေတြနဲ႔ ကုန္သြယ္ၿပီးေတာ့ ေနလုိ႔ရခဲ့တယ္။ အခုကေတာ့ ေျပာင္းျပန္ျဖစ္သြားၿပီ။ တည္ေဆာက္ထားတဲ့ အရာေတြကို ျပန္ၿပီးေတာ့ ၿဖိခ်သလို ျဖစ္သြားတယ္။ အခုေလာေလာဆယ္ကို ကမာၻ႔ဘဏ္က (၁၈) ရာခိုင္ႏႈန္း စီးပြားေရးက်သြားမယ္လို႔ ေျပာေနတယ္။ အဲဒီေတာ့ တည္ေဆာက္ထားတဲ့ဟာေတြ ၿပိဳဆင္းလာတာ ထိန္းဖို႔ပိုၿပီးေတာ့ အရမ္းကိုခက္ခဲတယ္။ ျပည္သူလူထုအေနနဲ႔လဲ အရင္ေခတ္ကလို မေနခ်င္ၾကေတာ့ဘူး။ ဘာပဲေျပာေျပာ လွ်ပ္စစ္မီးတို႔ဘာတုိ႔ကလည္း ၿမိဳ ႔ေတြေတာ္ေတာ္မ်ားမ်ားမွာ ရလာတယ္။ လမ္းေတြဘာေတြ ေကာင္းလာတယ္။ ဆက္သြယ္ေရးေတြ တယ္လီဖုန္းေတြ ေကာင္းလာတယ္။ Telenor တို႔လို ဆက္သြယ္ေရး ရင္းႏီွးျမဳပ္ႏံွမႈေတြ ဝင္လာတဲ့အတြက္ အဲဒီလို အေျခအေနကေန ျပန္ၿပီးေတာ့ ၿပိဳလဲသြားမယ္။ ျပန္ေလ်ာ့သြားမယ္။ အခုေတာင္ (၁၈) ရာခိုင္ႏႈန္းဆိုတာ နည္းတဲ့ပမာဏ မဟုတ္ဘူး။

ကိုသားညြန္႔ဦး ။ ။ ကိုခိုင္ဝင္း VOA ကို အခုလို ရွင္းျပေျဖၾကားေပးတာကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
.............................

(Unicode)

အခုကြုံနေရတဲ့ မြန်မာ့စီးပွားရေးအကျပ်အတည်းဟာ အရင် ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်အချိန်နဲ့ အခြေအနေ မတူညီတာကြောင့် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပိုပြီးတော့ အခက်အခဲ ကြီးနိုင်တယ်လို့ ပြည်သူရေးရာ မူဝါဒဆိုင်ရာကျွမ်းကျင်သူ ဦးခိုင်ဝင်း က သုံးသပ်ပါတယ်။ စီးပွားရေးနဲ့ဘဏ်စနစ်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းတာဟာ လက်ရှိကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်းရဲ့ အဓိက ရင်းမြစ်ဖြစ်တယ်လို့လည်း သူက သုံးသပ်ထားပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံစီးပွားရေးနဲ့ ပတ်သက်လို့တော့ တလောကပဲ ICG (International Crisis Group) က ထုတ်ပါတယ်။ တစ်လအတွင်းမှာပဲ မြန်မာငွေကြေးတန်းဖိုးက ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကို ထိုးကြသွားတယ်လို့ သူတို့သုံးသပ်ထားတယ်။ ဒီလောက်အထိ ငွေဈေးတွေ ကျသွားတဲ့အခြေအနေ။ ဒီလောက်အထိ စီးပွားရေး ဖရိုဖရဲ ဖြစ်သွားတဲ့ အခြေအနေက ဘာကြောင့် အဓိကလို့ ကိုခိုင်ဝင်းတို့ သုံးသပ်မိပါသလဲ။

ဖြေ ။ ။ ပထမဦးဆုံးကတော့ အာဏာသိမ်းမှုပေါ့။ ဒီဟာကတော့ political shock လို့ ခေါ်တာပဲ။ ပြည်သူလူထုအနေနဲ့က ယုံကြည်မှု trust က ဗဟိုဘဏ်တို့ ဘာတို့အပေါ်၊ လက်ရှိ သူတို့ငွေတွေ အပ်ထားတဲ့ ငွေတွေအပေါ်မှာ ယုံကြည်မှု လျော့နည်းသွားတဲ့အတွက်ကြောင့် အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

မေး ။ ။ တချိန်တည်းမှာ ဗဟိုဘဏ်ကလည်း ဒီကြားထဲမှာ ငွေကြေးတန်းဖိုး ထိန်းနိုင်အောင်ဆိုပြီးတော့ ဒေါ်လာတွေ ထုတ်ရောင်းနေတာ ရှိတယ်။ အဲဒီတော့ လက်ရှိ ဗဟိုဘဏ် ကိုင်တွယ်မှု၊ ငွေကြေးထိန်းနိုင်အောင် ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ဘာများသုံးသပ်ချင်ပါလဲ။

ဖြေ ။ ။ ဗဟိုဘဏ်က ဘယ်လိုပဲထုတ်ထုတ်၊ ထုတ်ရောင်းနေတဲ့ဟာတွေက တွေ့ရသလောက် သန်းတစ်ရာကျော်သွားပြီ။ အတိအကျတော့ မမှတ်မိဘူး။ တခါတခါရောင်းရင် ဆယ့်ငါးသန်းလောက် ရောင်းတယ်။ ဟိုတနေ့ကလည်း ငါးသန်းလား၊ ခြောက်သန်းလား မသိ၊ ရောင်းချတယ်။ အဲဒီလို ဗဟိုဘဏ် ထုတ်ရောင်းနေတဲ့အချိန်အတွင်းမှာပဲ ဒေါ်လာအကောင့်တွေပေါ် ထိန်းချုပ်လာတာကို တွေ့ရတယ်။ သဘောကတော့ ဒေါ်လာဝင်ငွေ နည်းလာတာတွေ အကုန်ရောဆင်းလာတယ်။ Trade ကုန်သွယ်မှုမှာလည်း သွင်းကုန်ပို့ကုန် Export-Import ကလည်း ဒီနှစ် စက်တင်ဘာလ (၃) ရက်နေ့အထိလား၊ စက်တင်ဘာလ အကုန်အထိ (၇) သန်းလောက် တက်သွားတယ်လို့ ပြောတယ်။ အဲဒီလောက် ဆင်းသွားတယ်ဆိုတော့ သူတို့ ဒေါ်လာတွေနည်းသွားတယ်။ အဲဒီတော့ ဗဟိုဘဏ်က ဘယ်လောက်ထုတ်ရောင်းထုတ်ရောင်း ထုတ်ရောင်းတဲ့ဟာနဲ့ ဒီဘက်က လိုအပ်တဲ့ ဒေါ်လာနဲ့က မကိုက်ဘူး ဖြစ်နေတာပေါ့။ ကမ္ဘာ့ဘဏ်ရဲ့ နောက်ထပ်အာဏာသိမ်းပြီးတော့ ထုတ်တဲ့ အစီရင်ခံစာတခုမှာလည်း ရေးထားတယ်။ (၁၉) ဘီလီယံ တပ်ထဲမှာ၊ လှောင်ကန်တွေထဲမှာ နည်းသွားပြီ၊ (၃၀) ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့တောင်မှ အဲဒီလို သူတို့က ပြောနေတယ်။ အဲဒါလဲ ရှိတယ်။ နောက်တခုကတော့ ပြဿနာက ဗဟိုဘဏ် ဘယ်လိုပဲရောင်းရောင်း လိုက်မမီတဲ့အကြောင်းရင်းကတော့ ပြည်သူတွေက ဘဏ်ထဲအပ်နံှထားတဲ့ ငွေတွေကို ထုတ်ပြီးတော့ တန်းဖိုးရှိတဲ့အရာကို စုဆောင်းတဲ့အနေနဲ့ စုဆောင်းလာကြတယ်။ နောက် ပြည်ပကို လွှဲတဲ့ဟာတွေကလည်း ပိုပြီးတော့ များလာတယ်ဆိုတော့ သူတို့ မလိုက်နိုင်ဘူး ဖြစ်နေတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုနမူနာမျိုးတွေ ရှိတယ်။ ဥပမာ တူရကီမှာ ကတ္တာနိုင်ငံကနေ (၁၅) သန်း ပေးမယ်။ အဲဒီလိုပေးတာတောင် သူတို့ရဲ့ ငွေကျဆင်းတာကို မထိန်းနိုင်ဘူး။

မေး ။ ။ အဲဒီတော့ တချိန်တည်းမှာပဲ သွင်းကုန်တွေအနေနဲ့ အတော်လေး ခက်ခဲ ရှိလာပြီဆိုပြီးတော့ ကုန်သည်တွေ ညည်းညူတာကိုလည်း ကြားလာပါတယ်။ အဲဒီတော့ တဘက်မှာ ထုတ်ကုန်များများ ထုတ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး ပြောလာကြတော့ အခုမြန်မာနိုင်ငံမှာ တကယ်ရှိထားတဲ့ ဓါတ်ငွေ့တွေ၊ တွင်းထွက်တွေ၊ သံယဇာတတွေ။ ဒါတွေအပေါ်မှာ ပိုပြီးတော့ မှီခိုလာရနိုင်ခြေ ရှိပါသလား။ ဒါတွေကို ထုတ်ရောင်းရင် အဆင်ပြေလာနိုင်သလား။

ဖြေ ။ ။ ထုတ်ရောင်းဖို့ကတော့ အဲဒီဘက်ကို အားပြုလာရမယ်လို့တော့ ယူဆလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု သွင်းကုန်တွေအတွက် ဒေါ်လာကို မသုံးနိုင်တော့လို့ ပထမဦးဆုံး သူတို့လုပ်တဲ့ဟာက ဘာလဲဆိုတော့ Now Essential Goods ဆိုပြီးတော့ ထိုင်းကနေ အချိုရည်တွေ ဘာတွေကို ပိတ်ပင်တာမျိုးတွေ လုပ်တယ်။ အခုနောက်ပိုင်း ဒီထက်စကျလာလို့ ထင်တယ်။ စက်သုံးဆီကိုတောင်မှ စက်သုံးဆီ တင်သွင်းတဲ့သူတွေကို လူတချို့ကိုပဲ - ဒေါ်လာကို တနည်းအားဖြင့် ဒေါ်လာကို Quota - ကိုယ်တာနဲ့ပေးသလို ကိုယ့်ရဲ့လူတွေကိုပဲ တချို့ကိုပဲ ပေးနိုင်တယ်။ ကိုယ်တာနဲ့ခွဲပေး၊ အဲဒီလူတွေက သွင်းပြီးတော့ လျှော့ဈေးနဲ့ ပြန်ရောင်းခိုင်းတာပေါ့။ သေချာတယ် ဒေါ်လာကတော့ လိုနေပြီ။ ပို့ကုန်တွေကို ပိုပြီးတော့ တိုးမြှင့်ရမယ်။ ပို့ကုန်တွေပိုင်းကရော တိုးမြှင့်နိုင်သလား။ လယ်ယာစိုက်ပျိုးရေးမှာလည်း သွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေသြဇာတွေ၊ ဈေးတွေက တော်တော်လေးကို တက်တယ်လို့ပြောတယ်။ International Food Policy Research Institute ကလည်း ထုတ်ထားတဲ့ သူတို့ရဲ့ သုတေသနတွေအရ တော်တော်တက်သွားတဲ့အတွက် ဓါတ်မြေသြဇာတွေ ကျသွားမယ်။ ရောင်းအားတွေ ကျသွားမယ်ဆိုရင်က လယ်ယာစိုက်ပျိုးရေးကဏ္ဍပေါ်မှာလည်း အခု မုတ်သုန်ရာသီအပြီးမှာ ထွက်နှုန်းတွေက အများကြီးဟိုဟာ ဖြစ်သွားမယ်။ ဒီနေ့ပဲ ထောပတ်ဓါတ်မြေသြဇာ အုပ်စုရဲ့ Facebook စာမျက်နှာမှာပဲ ဘာတွေ့ရသလဲဆိုတော့ စက်သုံးဆီဈေးတွေ တက်တဲ့အတွက် ရိုတ်သိမ်းခတွေ အရင်ကနဲ့မတူတော့ဘူးဆိုပြီး သူတို့စာမျက်နှာမှာ ရေးထားတာကို တွေ့ရတယ်။
ဒီအခက်အခဲတွေ ပို့ကုန်တွေကလည်း ကျဖို့များနေတယ်။ အဲဒီတော့ တခုပဲရှိတယ် - ဘာတွေရှိသလဲဆိုရင်တော့ အခုနပြောတဲ့ သံယံဇာတတွေ။ သံယံဇာတတွေမှာလည်း ရေနံတို့၊ သဘာဝဓါတ်ငွေတွေကလည်း ချက်ချင်းထုတ်လို့ မရဘူး။ ရှာထားတဲ့တွင်းတွေ ရှိတယ်ဆိုရင်တောင်မှ တန်ဒါခေါ်ရအုံးမယ်။ အများကြီးခေါ်ရအုံးမယ်ဆိုတော့ အခက်အခဲ ရှိတယ်။ သစ် ကျွန်းသစ်တို့ဘာတို့ပိုင်းတော့ မပြောတတ်ဘူး။ ကျောက်စိမ်းတို့ဘာတို့ ဖားကန့်တို့ဘာတို့ပိုင်းကတော့ အခြေအနေ ဘယ်လိုရှိမလဲ မသိဘူး။ ဒါပေမဲ့ ကျောက်စိမ်းကွက်ကတော့ ကုန်သည်တွေရဲ့ ပြောတဲ့အရကတော့ တရုတ်ပြည်ကို အဓိကမှီခိုရတယ်။ တရုတ်ပြည်ကလည်း အရင်လို မဟုတ်တော့ဘူး။ တရုတ်ပြည်မှာလည်း အဆောက်အဦးဈေးကွက်ကလည်း ပျက်နေပြီ။ မဝယ်နိုင်တော့ဘူး။ သူတို့မှာလည်း စီးပွားရေး အခက်အခဲတွေ အများကြီး ရှိနေတဲ့အတွက် ပို့ချင်တိုင်းလည်း ပို့လို့မရဘူး။ လက်တလောမှာတော့ ဒေါ်လာအတွက်ကို တော်တော်လေးကို သူတို့ ခြိုခြံချွေတာနေတဲ့သဘော ရှိတယ်။

မေး ။ ။ သွင်းကုန်တွေအနေနဲ့ ပတ်သက်လို့ သူတို့ ကန့်သတ်မှုတွေ အခုလုပ်နေတာ ကျနော်တို့ ကြားပါတယ်။ ကားသွင်းတာတွေနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်တယ်။ အဲဒီတော့ တဘက်မှာ စစ်ကောင်စီ အကြီးအကဲက နောက်ပိုင်း သူတို့ပြောတဲ့အထဲမှာ စိုက်ပျိုးရေးကဏ္ဍကို မှီရမယ်။ ပြည်တွင်းမှီခိုရေး မူဝါဒဆိုတဲ့သဘောမျိုး။ အဓိကတော့ ပြင်ပကလည်း ပိတ်တာတွေ များလာတဲ့အခါမှာ ပြည်တွင်းမှာပဲ ဖူလုံဖို့။ ပြည်တွင်းကို မှီခိုရေးဆိုပြီး စိုက်ပျိုးရေးကိုပဲ မှီပြီးလုပ်မယ့်ဟာမျိုး ပြောလာတာ ရှိပါတယ်။ ဒါကကော တကယ်အလုပ်ဖြစ်ပါ့မလား။

ဖြေ ။ ။ ဒါကလဲ အခက်အခဲတွေက ဘာတွေရှိသလဲဆိုရင်တော့ စိုက်ပျိုးရေးကဏ္ဍလို့ ပြောပေမယ်လို့ အခုနပြောတဲ့ မြေအစ၊ agricultural value change တခုလုံးမှာ သွင်းကုန်တွေပေါ်မှာ - အခုနပြောတဲ့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး အဲဒါတွေက အခက်အခဲက ဘာလဲဆိုတော့ မြန်မာနိုင်ငံက ကိုယ့်ပြည်တွင်းမှာ မထုတ်နိုင်ဘူး။ ဓါတ်မြေသြဇာ အများစုက အကုန်နီးပါးက သန်း (၅၀၀) ဖိုးလောက် နိုင်ငံခြားကနေ တင်သွင်းရတယ်။ အဓိက တရုတ်၊ ထိုင်းတို့က တင်သွင်းရတယ်ဆိုတော့ ဒီကဏ္ဍကြီးက အဆင်ပြေပါ့မလား။ နောက်တခုက သူတို့ အခုလုပ်နေတဲ့ပုံစံက ကုန်ဈေးနှုန်းကို ထိန်းချင်တဲ့အတွက် ကုန်ဈေးနှုန်းကို ထိန်းဖို့အတွက်ကို လျှော့ရောင်းမယ်။ စားအုန်းဆီတို့ကို လျှော့ဈေးနဲ့ ရောင်းနေတာတွေ့တယ်။ ဒါမျိုးတွေကလဲ တကယ်တမ်း ပြန်ပြီးတော့ စီးပွားရေးအနေနဲ့ ပြန်သုံးသပ်ကြည့်မယ်ဆိုရင်တော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍပေါ်မှာ ပိုပြီးတော့ လက်ခံသွားနိုင်တဲ့ နေရာတွေ ရှိတယ်။ အခက်အခဲတွေ ဖြစ်နေပြီ၊ ဓါတ်မြေသြဇာမှ မဟုတ်ဘူး၊ စက်ပစ္စည်းတွေ၊ လယ်ယာကဏ္ဍမှာသုံးတဲ့ စက်ယန္တရားတွေ တင်သွင်းမှု အဲဒါတွေပါ အခက်အခဲတွေ ရှိတယ်။ မြန်မာနိုင်ငံက လက်မှု့လယ်ယာကနေ စက်မှု့လယ်ယာသို့ မကြာသေးမီကမှ နည်းနည်းလေး စပြောင်းလာတာ။

မေး ။ ။ ဒီလို အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိနေချိန်မှာပဲ စစ်ကောင်စီ အကြီးအကဲက ပြောလာတာက အာဆီယံထဲမှာ မြန်မာနိုင်ငံက တကယ်တမ်း ငါးနှစ်ဆယ်နှစ်လောက်အတွင်းမှာ ထိပ်ရောက်လာအောင် ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးတွေ ပြောလာပါတယ်။ ဒီတော့ စစ်ကောင်စီ စကစရဲ့ စီးပွားရေး vision နဲ့ ပတ်သက်လို့ ကိုခိုင်ဝင်း ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ သူ့ရဲ့ vision နဲ့ စီးပွားရေး vision နဲ့ ပြောရမယ်ဆိုရင်တော့ စိတ်ကူးယဉ်ဆန်တဲ့ဟာပေါ့။ ဒါကြောင့်လဲ သူတို့ကို လူရယ်စရာ ဖြစ်နေတယ်။ ဘယ်လိုမှ တကယ်တမ်း ဆက်လုပ်မယ်ဆိုရင် အာဆီယံမှာ အလယ်အလတ် ဖြစ်ဖို့ဆိုတာကလဲ ငါးနှစ်နဲ့ မလွယ်ဘူး။ အာဆီယံမှာ ထိပ်သီးနိုင်ငံဖြစ်ဖို့အတွက် ထိပ်သီးဆိုတာ စင်္ကာပူတို့ မလေးရှားတို့လို ထိပ်ကိုရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရင်တုန်းကတောင်မှ ဒေါ်အောင်ဆန်းစုကြည်က အနှစ် (၂၀) နဲ့ စင်္ကာပူကို မှီအောင်လုပ်မယ်ဆိုလို့ လူတွေက ဝေဖန်တာတွေ ရှိခဲ့တယ်။ အခုက ငါးနှစ်ဆယ်နှစ်နဲ့ သွားမယ်ဆိုတာကတော့ တနည်းအားဖြင်ပြောရရင် False Hope မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို ပြည်သူလူထုကို ပေးတဲ့သဘောမျိုး ဖြစ်နေတာပေါ့။

မေး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ မြန်မာနိုင်ငံက ပြောရမယ်ဆိုရင် တချိန်တုန်းက စီးပွားရေးပိတ်စို့တာကို ခံခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်တွေမှာ။ အဲဒီတော့ အဲဒီအချိန်ကာလတွေတုန်းက သူတို့က စီးပွားရေး ပိတ်စို့မှုခံခဲ့ရပေမယ့် အိမ်နီးချင်းနိုင်ငံတချို့နဲ့ တချို့အာဆီယံနိုင်ငံတွေ၊ တချို့အာရှနိုင်ငံတွေနဲ့ စီးပွားရေးတွဲလုပ်ပြီးတော့ ပြန်ထိန်းထားနိုင်ခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ အခုစစ်ကောင်စီလက်ထက်မှာ ဒီလိုမျိုး အလားအလာ စီးပွားရေးကို တိုးတက်အောင် မဟုတ်တာတောင်မှ ထိန်းထားနိုင်တဲ့ အလားအလာ ရှေ့မှာကော ရှိနိုင်ပါသလား။

ဖြေ ။ ။ ခေတ်ကာလနှစ်ခုကတော့ မတူတော့ဘူး။ တချိန်တုန်းကတော့ ဟုတ်တယ်။ တချိန်တုန်းက စီးပွားရေးပိတ်စို့တာ ဒို့မမူပါ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် အာဏာကို တည်မြဲအောင် ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမဲ့လို့ ၂၀၂၁ - ၂၁ ရာစု အခြေအနေက ၁၉၈၈ အခြေအနေထက် အတော်ကွာသွားပြီ။ ပထမတခုက ဘာလဲဆိုတော့ ၁၉၈၈ ခုနှစ်တုန်းက ဘယ်လိုပဲပြောပြော တက်လာတဲ့ စစ်အစိုးရဟာ ပိတ်ထားတဲ့ စီးပွားရေးကို သူကဖွင့်တာ။ Market Economy ဈေးကွက်စီးပွားရေးကို ဖွင့်ခဲ့တော့ အတိုင်းအတာတခုအထိ အဆင်ပြေတဲ့လူတွေ အများကြီးရှိတယ်။ ပထမဦးဆုံးစစဖွင့်တဲ့အချိန်မှာ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နံှမှုတွေ အများကြီးဝင်လာတယ်။ Total တို့ဘာတို့ သူတို့ပဲ စတာပဲ။ တရုတ်ဆိုတာ နောက်မှဝင်လာတဲ့ ရင်းနှီးမြုပ်နံှမှု ဖြစ်ခဲ့တယ်။ ၂၀၀၀ ကျော်လောက်မှ ဝင်လာကြတာ။ အရင်ဆုံးဝင်လာတာ ဂျပန်၊ ကိုရီးယားနဲ့ အနောက်နိုင်ငံ အမေရိကန်နဲ့ ဥရောပ Total တို့ သူတို့စပြီးတော့ ဝင်လာကြတာ။ ဆိုတော့ ပိတ်ထားတာကနေ ဖွင့်တယ်။ ဘာမှမရှိတဲ့ အင်မတန်နည်းတဲ့ GDP ကို လက်ထက်မှာ၊ အင်မတန်ဆင်းရဲနေတဲ့ နိုင်ငံက စဖွင့်တဲ့အတွက် အတိုင်းအတာတခုအထိ အောင်မြင်ခဲ့တယ်။ နောက်ပိုင်းမှာလဲ ချမှတ်တဲ့ စီးပွားရေးပိတ်စို့မှုတွေကိုလည်း ဂရုမစိုက်ဘဲနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ပြီးတော့ နေလို့ရခဲ့တယ်။ အခုကတော့ ပြောင်းပြန်ဖြစ်သွားပြီ။ တည်ဆောက်ထားတဲ့ အရာတွေကို ပြန်ပြီးတော့ ဖြိချသလို ဖြစ်သွားတယ်။ အခုလောလောဆယ်ကို ကမ္ဘာ့ဘဏ်က (၁၈) ရာခိုင်နှုန်း စီးပွားရေးကျသွားမယ်လို့ ပြောနေတယ်။ အဲဒီတော့ တည်ဆောက်ထားတဲ့ဟာတွေ ပြိုဆင်းလာတာ ထိန်းဖို့ပိုပြီးတော့ အရမ်းကိုခက်ခဲတယ်။ ပြည်သူလူထုအနေနဲ့လဲ အရင်ခေတ်ကလို မနေချင်ကြတော့ဘူး။ ဘာပဲပြောပြော လျှပ်စစ်မီးတို့ဘာတို့ကလည်း မြို့တွေတော်တော်များများမှာ ရလာတယ်။ လမ်းတွေဘာတွေ ကောင်းလာတယ်။ ဆက်သွယ်ရေးတွေ တယ်လီဖုန်းတွေ ကောင်းလာတယ်။ Telenor တို့လို ဆက်သွယ်ရေး ရင်းနှီးမြုပ်နံှမှုတွေ ဝင်လာတဲ့အတွက် အဲဒီလို အခြေအနေကနေ ပြန်ပြီးတော့ ပြိုလဲသွားမယ်။ ပြန်လျော့သွားမယ်။ အခုတောင် (၁၈) ရာခိုင်နှုန်းဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး။

ကိုသားညွန့်ဦး ။ ။ ကိုခိုင်ဝင်း VOA ကို အခုလို ရှင်းပြဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
XS
SM
MD
LG