အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့နေရာမှာ မြန်မာကျပ်ငွေတန်ဖိုးဟာ လွန်ခဲ့တဲ့ လပိုင်း အတွင်း တဟုန်ထိုး ကျဆင်းနေတာကြောင့် ဒီအပေါ် ဝေဖန် ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေသလို အစိုးရဘက်ကလည်း နိုင်ငံအတွင်း ဒေါ်လာဈေး တည်ငြိမ်ဖို့အတွက် ကြိုးစား လုပ်ဆောင်မှုတွေ ရှိနေပါတယ်။ ဒေါ်လာနဲ့ လဲလှယ်တဲ့နေရာမှာ ကျပ်ငွေတန်ဖိုး အထူးတလည် ကျဆင်းနေတဲ့အပေါ် တုန့်ပြန်ပြောဆိုမှုတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။