သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးဝင်မြန်မာလုပ်သားတွေကို ထိုင်းဆက်လက်ဖမ်းဆီး


 စာရွက်စာတန်းအ ထောက်အထားအတုတွေနဲ့ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ ( Picture: Thai police)
စာရွက်စာတန်းအ ထောက်အထားအတုတွေနဲ့ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ ( Picture: Thai police)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်း ပြည်နယ်အတွင်းက ရေထွက်ပစ္စည်ထုတ်လုပ်တဲ့ စက်ရုံက မြန်မာနိုင်ငံသား ၂၀ ကျော်ဟာ အလုပ်လုပ်ခွင့် စာရွတ်စာတမ်းအတုတွေကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အလုပ်ရှင်ရော အလုပ်သမားတွေပါ အမှုသုံးမှုနဲ့ တရားစွဲခံရတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ စမုတ်ဆာခွန်း ပြည်နယ်၊ ခုတ်ခန်မြို့က ရေထွက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်ကို စမုတ်ဆာခွန်းမြို့ပိုင် ဝီရဆပ်ဝိကျစ်စန်စီ ရဲ့ အမိန့်နဲ့ နယ်မြေရဲတပ်ဖွဲ့ဝင်တွေ အလုပ်သမားအဖွဲ့ စစ်တပ်စတဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇွန်လ ၂၂ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချိန်မှာ တရားမဝင်ခိုးဝင်လာပြီး စာရွက်စာတန်းအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား၂၀ကျော်ကိုဖမ်းဆီးခဲ့တာပါ။ သူတို့ကိုင်ဆောင်ထားတဲ့ အထောက်အထားတွေဟာ ပထမ စာရင်းပေးသွင်းထားတဲ့ ရုပ်ရည်နဲ့ အသက်လွဲချော်နေတာတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဆာမွတ်ဆခွန်းခရိုင်က အလုပ်သမားဆိုင်ရာ ခရိုင်မူးတို့တွေ့ဆုံပြီး ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကိစ္စကို ပြောဆို ဆွေးနွေးခဲ့ကြောင်း ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပြပါတယ်။

အသံ(၁)
(ကျဟမ်ငန်လို့ခေါ်တဲ့ အလုပ်သမားခရိုင်မူးပြောတာကတော့ ၂၃ဦးလို့ပြောတယ်။ ၂၃ဦးက ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်လာတဲ့အမှု တမှုထဲဆို အမှုက ပေါ့တယ်ပြောတယ်။ အဲဒီလိုအမှုအပြင် ထပ်မံကျူးလွန်ထားတာကတော့ အဲဒီလုပ်သားတွေကိုစစ်ဆေးတဲ့အခါမှာ တပါးသူရဲ့စာရွက်စာတမ်းတွေကို ကိုင်ဆောင်ပြီး သူတို့စာရွက်ပါလို့ပြောတာ။ အသေးစစ်ဆေးလိုက်တော့ သူများရဲစာရွက်စာတမ်းတွေ ကိုင်ဆောင်ထားတာတွေ့တော့ ရာဇဝတ်မှုမြောက် တယ်လို့ပြောတယ်။ ဒါကို ခင်ဗျားတို့ လူမူ့အသိုင်းအဝိုင်းကလည်း သက်ဆိုင်ရာမြန်မာသံရုံးတို့နဲ့ ချိတ်ဆက်ပြီး ဒါမျိုးတွေ ကို အသိပညာပေးဖို့ပေါ့။ တရားဝင် MOU နဲ့ ခေါ်ဖို့လည်း သူတို့ကြိုးစားနေတယ်ပေါ့ ။ တရားဝင်လမ်းကြောင်းကနေ မဝင်ပဲနဲ့ အခုဝင်လာပြီးမှ သူများစာရွက်စာတမ်းတွေကိုင်ဆောင်ရင် ပိုမို အန္တရယ်ကြီးတယ် ပိုမို ပြစ်မူမြောက်တယ်လို့ ပြောပါတယ်ခင်ဗျ။)

မြန်မာနိုင်ငံသားတွေဟာ မိမိစာရွက် စာတန်းမဟုတ်တဲ့ သက်သေခံအထောက်အထားများကို ကိုင်ဆောင်ထားမှု၊
ခွင့်ပြုချက်မရှိပဲ ဝင်ရောက် အလုပ်လုပ်ကိုင်နေမှုအပြင် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ပါ တရားစွဲဆိုခံရမှာဖြစ်ပြီး အမှုထင်ရှားပါက ထောင်ဒဏ် (၂)နှစ်အပြင် ငွေဒဏ် ဘတ်ငွေ သိန်းဂဏန်းထိပေးဆောင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေကို လက်ခံအလုပ်ပေးထားတဲ့ လုပ်ငန်းရှင်ကိုလည်း တရားမဝင် အလုပ်သမားတွေကို ခိုင်စေမှု ဥပဒေ Act BE 2522 နဲ့ ရုံးတင်တရားစွဲသွားမှာ ဖြစ်တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ဒီလပိုင်းမှာပဲ တရားမဝင် ခိုးဝင်လို့ ဖမ်းမိသူ ၄ ထောင်ထက်မနည်းရှိပြီး နောက်ထပ်ခိုးဝင်သူတွေလည်း နေ့စဉ်ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်ကော၊ တရားမဝင်ကော ရွေပြောင်းမြန်မာအလုပ်သမား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်ရှင်။

.....................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}









XS
SM
MD
LG