သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန့်ကျင်ဘက် အင်အားစုတွေကို ချေမှုန်းဖို့ မြန်မာစစ်ခေါင်းဆောင် ကတိပြု


၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)
၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို အောင်မြင်အောင် ချေမှုန်းသွားမယ့်အကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပတဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ဒီနေ့ နေပြည်တော်က အခမ်းအနားမှာ ပြောဆိုပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေကို တွန်းလှန်ပြီး လွတ်လပ်ရေးရယူခဲ့တဲ့ ၇၈ နှစ်မြောက် အထိမ်းအမှတ်ဖြစ်တာကြောင့် မြန်မာအတိုက်အခံတွေကတော့ ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြောဆိုနေပါတယ်။
နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတွေ ကျင်းပနေတဲ့အချိန်မှာပဲ တိုင်းရင်းသားဒေသတွေနဲ့ ပြည်တွင်းနေရာတချို့မှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ တိုးလာနေပြီး စစ်တပ်ရဲ့ ထိုးစစ်နဲ့ အကြမ်းဖက်မှုတွေလည်း နေရာအနှံ့ တိုးလာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒေသအလိုက် လက်နက်စွဲကိုင် ပုန်ကန်တာတွေ ပေါ်လာပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ပြေလည်အောင် အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကြိုးစားနေပေမဲ့လည်း လောလောဆယ် ပဋိပက္ခတွေ ချုပ်ငြိမ်းမယ့်ပုံ မရှိသေးတာကို ကုလသမဂ္ဂအပါဝင် လူ့အခွင့်အရေးအဖွဲ့တွေ သတိပေးပြောဆိုနေပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဒေသခံလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပါတယ်။ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ဒီနေ့ ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားတွေဟာ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးတဲ့နောက် တတိယအကြိမ် စစ်ကောင်စီဘက်က တပ်မတော်နေ့အဖြစ် ကျင်းပတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG