သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူးမြို့နယ် ဘုတ်ကန်ရဲစခန်း အတိုက်ခိုက်ခံရ


တမူးမြို့နယ် ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းယူရရှိခဲ့။ (Photo: NLA ကဘော်)
တမူးမြို့နယ် ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းယူရရှိခဲ့။ (Photo: NLA ကဘော်)

=== [[ ZAWGYI ]] ===

တမူးမြို့နယ် ဘုတ်ကန်ရဲစခန်း အတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း တမူးမြို့ တမူး-ကလေး ကားလမ်းမှာရှိတဲ့ ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေလည်း သိမ်းယူရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ တမူးမြို့နယ်ထဲက ဒေသခံကာကွယ်ရေး စခန်းကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်တဲ့အတွက် အခုလို တိုက်ခိုက်ရတာလို့လည်း ပြောပါတယ်။ တမူးမြို့နယ်ထဲက အခြေအနေတွေကို ကိုရဲမွန်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း တမူးမြို့ တမူး ကလေး ကားလမ်း မြန်မာ အိန္ဒိယ နယ်စပ်မမှာရှိတဲ့ ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၄ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲ ၄၅ မိနစ်နီးပါး ဖြစ်ပွားခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

စခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပြီးနောက် အိန္ဒိယယ ဘက်ခြမ်းထဲကို တိမ်းရှောင်သွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကဘော်ဒေသ အမျိုးသားလွတ်မြောက်ရေး တပ်မတော် တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“မနက် ၇ နာရီ ၂၀ လောက်မှာ ကျွန်တော်တို့စတိုက်တယ်။ ပစ်ခတ်မှုဖြစ်စဉ် ၄၅ မိနစ်လောက်ဖြစ်သွားတယ်။ သူတို့ဘက်က ဘာဖြစ်လည်းဆိုတော့ သူတို့ဘက်က ခံမတိုက်နိုင်တော့တဲ့အချိန် ကျွန်တော်တို့က အီနာဂါနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်တဲ့အချိန်မှာ သူတို့ဘက်က ခံမတိုက်နိုင်တဲ့အနေအထားပေါ့နော်။ အဲ့လိုအနေအထားတခုကိုရောက်လို့ သေနတ် ကို ၁ လက်ပဲယူသွားနိုင်တယ်။ ကျန်တဲ့သေနတ်တွေအကုန် ပစ္စည်းတွေထားခဲ့ပြီးတော့ ထွက်ပြေးသွားတာ။ စခန်းစွန့်ခွါထွက်ပြေးနော်။ လက်နက်တွေကိုစွန့်ပြီးတော့ တဖက်အိန္ဒိယနိုင်ငံထဲကို ဝင်ပြေးတယ်။ အိန္ဒိယထဲကြတော့ လက်နက်နဲ့ဝင်လို့မရဘူးလေ။ သူတို့ဥပဒေအရလေ။ အဲ့တော့ လက်နက်တွေထားခဲ့ပြီး လူပဲကိုယ်လွတ်ရုန်းပြေးကြတာ။”

စခန်းကို သိမ်းဆည်းရမိချိန်မှာ သေနတ် ၉ လက် ကျည်ဆံအမြောက်အများ အပြင် လက်ပစ်ဗုံးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ပါတယ်။

ရဲစခန်းကို ဝင်ရောက်ပြီး တိုက်ခိုက်သိမ်းပိုက်တာဟာ ဒါပထမဆုံးအကြိမ် ဖြစ်ပြီး စစ်တပ်အနေနဲ့ မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ တမူးဒေသခံကာကွယ်ရေးတပ် ခရိုင်တပ်ရင်း ၁ ကို ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ် ဗုံးကြဲတာတွေ လုပ်တဲ့အတွက် အခုလို သိမ်းပိုက်တာလို့လည်း ကဘော်ဒေသ အမျိုးသားလွတ်မြောက်ရေးတပ်မတော် တာဝန်ရှိသူက အခုလို ဆက်ပြောပါတယ်။

“မနေ့ကတုန်းက တမူးအထက်ပိုင်းမှာရှိတဲ့ ခရိုင်တပ်ရင်း ၁ ပေါ့နော်။ ခရိုင် တပ်ရင်း ၁ စခန်းကို ဝင်ပြီးတော့ ဂျက်ဖိုက်တာ ၁ စီးနဲ့ Mi35 ၂ စီးနဲ့ ဝင်ပစ်တယ်။ ၂ ယောက်ကျပြီး ၃ ယောက်ဒဏ်ရာရတယ်။ ဒီမနက်မှာလည်း Mi 17 တစီးနဲ့ Mi35 တစီးလာတယ်။ အဲ့တပ်ရင်း ၁ Location ကိုပဲ ဗုံးထပ်ကြဲသွားတယ်။ ကျွန်တော်တို့က ဘာမှ မလုပ်ဘဲ ဒီတိုင်းထိုင်နေမှာ မဟုတ်ဘူး။ တော်လှန်ရေးသမားဆိုတော့ တော်လှန်ရေးပဲ လုပ်ရမှာပေါ့။ အဓိက ကျွန်တော်တို့ရဲ့ ပုန်ကန်သူကလည်း စစ်ကောင်စီပဲ။ တဖက်ကိုဖိရင် တဖက်ကို ကြွပေးရမှာ ကျွန်တော်တို့ရဲ့ သဘောတရားပေ့ါနော်။ ပြီးတော့ ကျွန်တော်တို့က စစ်ရေး စီမံချက်ဆွဲပြီး ဒါကိုလုပ်ဖို့ ဆုံးဖြတ်ထားတာလည်း ကြာပြီပေါ့လေနော်။”

ဘုက္တန်ရဲစခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို လေကြောင်းတိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီးလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အခု၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ကလည်း တမူးမြို့အထွက်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ခဲ့တာ ဖြစ်ပါတယ်။တမူးမြို့က ကျေးရွာတွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===











XS
SM
MD
LG