သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂-၂၃ စာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အလွန်နည်းပါး 


ရန်ကုန်ဆင်ခြေဖုံးတနေရာရှိ ကျောင်းတကျောင်းမှာ စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ကျောင်းသူများ (ဖေဖော်ဝါရီ၊ ၂၀၁၆)
ရန်ကုန်ဆင်ခြေဖုံးတနေရာရှိ ကျောင်းတကျောင်းမှာ စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ကျောင်းသူများ (ဖေဖော်ဝါရီ၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ ၂၀၂၂ - ၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ စာသင်နှစ်နဲ့နှိုင်းယှဉ်ရင် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။ မြန်မာပညာရေးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသူကျောင်းသား ၁ သိန်း ၆ သောင်းကျော် ရှိပြီး ဒီမတိုင်ခင် ၂၀၂၁-၂၂ ခုနှစ် ပညာသင်နှစ်တုန်းကတော့ ၃ သိန်းနီးပါး ရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေး နဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု မတိုင်ခင်တုန်းကတော့ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေဟာ ၉ သိန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ဘေး မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင်တော့ ဒီနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၈၀ % နီးပါး ကျဆင်းသွားတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ပညာရေးမှာ အဟန့်အတားတွေ ဖြစ်ခဲ့ရသလို၊ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ အခြေအနေက ပိုဆိုးသွားခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

၂၀၁၉ မှ ၂၀၂၂အထိ တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေ အချက်အလက်ပြဇယား
၂၀၁၉ မှ ၂၀၂၂အထိ တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေ အချက်အလက်ပြဇယား

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး အစိုးရကျောင်းတွေကို သပိတ်မှောက်တာ၊ အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးအရ စိုးရိမ်တာတွေအပြင် လူမှုစီးပွားအကျပ်အတည်း ပိုမို ဆိုးရွားလာတာတွေကြောင့် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူ အရေအတွက် သိသိသာသာ ကျဆင်းသွားရတာလို့ ကျောင်းသားမိဘတွေနဲ့ ပညာရေးဆိုင်ရာ ဆောင်ရွက်နေကြသူတွေကပြောပါတယ်။ အထက်တန်း နောက်ဆုံးနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ဒီလ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပခဲ့တာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG