သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္တိုးတက္ေရး လိုအပ္ခ်က္ စစ္ေကာင္စီအႀကီးအကဲသိဖို႔ ေဒသခံေတြေမွ်ာ္လင့္


စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ စစ္ေတြၿမိဳ႕ကို သြားေရာက္ ( ‌ေဖေဖာဝါရီ ၂၇၊ ၂၀၂၃)

စစ္ေကာင္စီဥကၠဌဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ ရခိုင္ျပည္နယ္ကို သြားတာဟာ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ စီပြားေရးလုပ္ငန္းေတြ တိုးလက္လာဖို႔ ျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ေျပာပါတယ္။ သူလာေရာက္တဲ့အတြက္ ျဖစ္ေနတဲ့ အေျခအေနေတြကို သေဘာေပါက္သြားႏိုင္တယ္လို႔ ေဒသခံ စီးပြားေရး လုပ္ငန္းရွင္ေတြက ေမွ်ာ္လင့္ေနပါတယ္။ စစ္ေကာင္စီအႀကီးအကဲရဲ႕ ရခိုင္ျပည္နယ္ခရီးစဥ္အေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္ ဆက္ေျပာျပပါမယ္။


စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား ႏႈတ္အားျဖင့္ အပစ္ရပ္ထားတာ ၃ လၾကာၿပီးတဲ့ေနာက္ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို သြားေရာက္ၿပီးေတာ့ ရခိုင္ျပည္နယ္ က႑ေပါင္းစုံက စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ တနလၤာေန႔က ေတြ႕ဆုံခဲ့ပါတယ္။ ျမန္မာတႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္အက်ဆုံးျဖစ္တဲ့ ရခိုင္ျပည္နယ္တိုးတက္ေရးအတြက္ သြားေရာက္တဲ့ခရီးစဥ္ျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံခဲ့တာကို ခုလို ေျပာျပပါတယ္။

“ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ SME လုပ္ငန္းရွင္ေတြ တျခားေရလုပ္ငန္းရွင္ေတြ အားလုံးနဲ႔ေတြ႕ၿပီးေတာ့ စီးပြားေရးနဲ႔ ပတ္သတ္တဲ့ လုပ္ေဆာင္ခ်က္ေတြ ကုန္သြယ္ေရးနဲ႔ ပတ္သတ္တဲ့ အခက္အခဲေတြ ဒါေတြကို နားေထာင္ပါတယ္၊ လက္ေတြ႕ေျဖရွင္းေပးခဲ့တာ ေတြရွိပါတယ္၊ ဒါေတြဟာ တိုင္းေဒသႀကီးျပည္နယ္အားလုံးမွာ က်ေနာ္တို႔ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။”

ရခိုင္ျပည္နယ္ထဲမွာ ကုန္ထုတ္လုပ္ငန္းေတြ၊ စိုက္ပ်ိဳးေရး ေမြးျမဴေရးစတဲ့ စီးပြားေရးလုပ္ငန္းေတြ ကို ျမင့္တင္ဖို႔အတြက္လည္း ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ အရင္းအႏွီးရွိဖို႔နဲ႔ လွ်ပ္စစ္မီးရရွိဖို႔က အဓိကျဖစ္ေနတယ္လို႔ ရခိုင္ျပည္နယ္ ဆီစက္လုပ္ငန္း ရွင္မ်ားနဲ႔ ဆီကုန္သည္ မ်ားအသင္း ဥကၠဌ ဦးေက်ာ္ေအးေမာင္က ဗြီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“ ရခိုင္ျပည္နယ္မွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြရဲ႕ အဓိက အခက္အခဲကေတာ့ အရင္းအႏွီးပါပဲ၊ ရခိုင္ျပည္နယ္မွာ လုပ္ငန္းလုပ္ေနၾကတဲ့ သူေတြက တျခားေဒသနဲ႔ စာရင္ အင္မတန္ကို အရင္းအႏွီးနည္းပါးတဲ့ လုပ္ငန္းရွင္ေတြလည္း ၿပီးလို႔ရွိရင္ ဘာအခက္အခဲရွိလဲဆိုလို႔ရွိရင္ ပထမကေတာ့ ေျမေနရာရရွိဖို႔အတြက္ အခက္အခဲရွိတယ္၊ ဘာလို႔လဲ ဆိုေတာ့ လုပ္ငန္းတခု တည္ေထာင္မယ္ဆိုရင္ ေျမေနရာက အဓိက ၿပီးေတာ့ ဒုတိယက တျခား စက္ပစၥည္း ဝယ္ယူ တာေတြ ကုန္းၾကမ္းဝယ္ယူတာေတြ အေဆာက္အအုံေဆာက္တာေတြ မလုပ္ခင္၊ ေျမမွာပဲ ရွိတဲ့ ပိုက္ဆံေတြ အကုန္ ရင္းႏွီးျမႇဳပ္ႏွံလိုက္ၿပီဆိုရင္ လုပ္ငန္းရွင္သန္ဖို႔ ခက္ခဲသြားတယ္။ တတိယ ကေတာ့ လွ်ပ္စစ္မီးမွန္မွန္ရဖို႔ အေရးႀကီးပါတယ္ ဒါမွလည္း ကုန္ထုတ္လုပ္ငန္းေတြက စရိတ္ နည္းနည္းနဲ႔ ထုတ္လုပ္ႏိုင္မွာျဖစ္ပါတယ္၊ ဒါေၾကာင့္ လွ်ပ္စစ္မီးပုံမွန္ရ ေနဖို႔အေရးႀကီး တယ္။”

စစ္ေကာင္စီေခါင္းေဆာင္ကိုယ္တိုင္ ရခိုင္ျပည္နယ္ကိုလာေရာက္ၿပီး စီးပြားေရးအေျခအေနေတြကို ေမးျမန္း၊ တင္ျပခြင့္ရတာေၾကာင့္ ရခိုင္စီးပြား ေရးလုပ္ငန္းေတြ အတိုင္းအတာတခုအထိ တိုးတက္လာႏိုင္တယ္လို႔လည္း ရခိုင္ျပည္နယ္ ဆီစက္လုပ္ငန္းရွင္မ်ားနဲ႔ ဆီကုန္သည္မ်ားအသင္း ဥကၠဌ ဦးေက်ာ္ေအးေမာင္က ေမွ်ာ္လင့္ေနပါတယ္။

“ ရခိုင္ျပည္နယ္အတြက္ ႏိုင္ငံေတာ္ အႀကီးအကဲတေယာက္ ကိုယ္တိုင္လာၾကည့္တယ္ ဆိုတာေတာ့ အေကာင္းဖက္ကိုေတာ့ ေမွ်ာ္လင့္တာေပါ့၊ ဘယ္လိုပဲ ေျပာေျပာ မလာတာနဲ႔ စာလို႔ရွိရင္ လာၾကည့္လိုက္တဲ့အတြက္ ပကတိေျမျပင္မွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို ျမင္သြားမယ္ ေနာက္တခ်က္က ဒီမွာရွိတဲ့ လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံခြင့္ရသြားတယ္။ဒီကလုပ္ငန္းရွင္ေတြ အေနနဲ႔လည္း ဒီမွာရွိတဲ့ အခက္အခဲေတြကို တင္ျပခြင့္ရတယ္၊ ဆိုေတာ့ အတိုင္းအတာတခုအရ ရခိုင္ျပည္နယ္က လုပ္ငန္းရွင္ေတြ ႀကဳံေတြ႕ေနရတဲ့ ေငြေၾကးအခက္အခဲ၊ ေျမေနရာအခက္ အခဲ လ်ပ္စစ္အခက္အခဲ တျခားဒီ ရႉ႔ေထာင့္ေပါင္းစုံက တင္ျပလိုက္ၾကေတာ့ လယ္ယာလုပ္ ငန္းဆိုရင္ ဓာေျမၾသဇာေဈးႀကီးမႈ ရွားပါးမႈ အဲတာေတြေပါ့ေနာ္၊ ၿပီးေတာ့ ကုန္သည္စက္မႈ အသင္း တင္ျပတာဆိုရင္ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ဖို႔ တင္ျပလိုက္တာရွိတယ္။ ဆိုေတာ့ အဲလို တင္ျပလိုက္ၾကေတာ့ ရာႏႈန္းျပည့္ မေကာင္းသည့္တိုင္ေအာင္ အတိုင္းအတာ တခုအထိေတာ့ ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စစ္ေကာင္စီအႀကီးအကဲ ရခိုင္ျပည္နယ္ကို လာေရာက္တယ္လို႔ ေျပာေပမဲ့ တဖက္မွာလည္း ရခိုင္ျပည္နယ္ထဲက တခ်ိဳ႕ေနရာေတြမွာ လမ္းပန္းဆက္သြယ္ေရးနဲ႔ ကုန္စည္စီးဆင္းမႈေတြကို စစ္ေကာင္စီက ကန႔္သတ္ထားဆဲျဖစ္ပါတယ္။ အစစ အရာရာ တိုးတက္မႈေနာက္က်ေနတဲ့ ရခိုင္ျပည္နယ္မွာ အလုပ္႐ုံ၊ စက္႐ုံေတြလည္း မရွိသေလာက္နည္းပါးသလို အလုပ္အကိုင္အခြင့္အလမ္းေတြလည္း မရွိတာေၾကာင့္ ရခိုင္ေဒသခံ အမ်ားစုဟာ ျပည္ပႏိုင္ငံေတြကိုထြက္ၿပီး ေ႐ႊ႕ေျပာင္း အလုပ္သမားအေနနဲ႔ အလုပ္လုပ္ကိုင္ေနၾကရၿပီး အခက္အခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ရခိုင်တိုးတက်ရေး လိုအပ်ချက် စစ်ကောင်စီအကြီးအကဲသိဖို့ ဒေသခံတွေမျှော်လင့်

စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို သွားတာဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီပွားရေးလုပ်ငန်းတွေ တိုးလက်လာဖို့ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ သူလာရောက်တဲ့အတွက် ဖြစ်နေတဲ့ အခြေအနေတွေကို သဘောပေါက်သွားနိုင်တယ်လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်နေပါတယ်။ စစ်ကောင်စီအကြီးအကဲရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော် ဆက်ပြောပြပါမယ်။


စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နှုတ်အားဖြင့် အပစ်ရပ်ထားတာ ၃ လကြာပြီးတဲ့နောက် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီးတော့ ရခိုင်ပြည်နယ် ကဏ္ဍပေါင်းစုံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်တိုးတက်ရေးအတွက် သွားရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာကို ခုလို ပြောပြပါတယ်။

“ရခိုင်ပြည်နယ် စစ်တွေမြို့မှာ SME လုပ်ငန်းရှင်တွေ တခြားရေလုပ်ငန်းရှင်တွေ အားလုံးနဲ့တွေ့ပြီးတော့ စီးပွားရေးနဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ ကုန်သွယ်ရေးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေ ဒါတွေကို နားထောင်ပါတယ်၊ လက်တွေ့ဖြေရှင်းပေးခဲ့တာ တွေရှိပါတယ်၊ ဒါတွေဟာ တိုင်းဒေသကြီးပြည်နယ်အားလုံးမှာ ကျနော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ ကုန်ထုတ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေး မွေးမြူရေးစတဲ့ စီးပွားရေးလုပ်ငန်းတွေ ကို မြင့်တင်ဖို့အတွက်လည်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အရင်းအနှီးရှိဖို့နဲ့ လျှပ်စစ်မီးရရှိဖို့က အဓိကဖြစ်နေတယ်လို့ ရခိုင်ပြည်နယ် ဆီစက်လုပ်ငန်း ရှင်များနဲ့ ဆီကုန်သည် များအသင်း ဥက္ကဌ ဦးကျော်အေးမောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ ရခိုင်ပြည်နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိက အခက်အခဲကတော့ အရင်းအနှီးပါပဲ၊ ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်နေကြတဲ့ သူတွေက တခြားဒေသနဲ့ စာရင် အင်မတန်ကို အရင်းအနှီးနည်းပါးတဲ့ လုပ်ငန်းရှင်တွေလည်း ပြီးလို့ရှိရင် ဘာအခက်အခဲရှိလဲဆိုလို့ရှိရင် ပထမကတော့ မြေနေရာရရှိဖို့အတွက် အခက်အခဲရှိတယ်၊ ဘာလို့လဲ ဆိုတော့ လုပ်ငန်းတခု တည်ထောင်မယ်ဆိုရင် မြေနေရာက အဓိက ပြီးတော့ ဒုတိယက တခြား စက်ပစ္စည်း ဝယ်ယူ တာတွေ ကုန်းကြမ်းဝယ်ယူတာတွေ အဆောက်အအုံဆောက်တာတွေ မလုပ်ခင်၊ မြေမှာပဲ ရှိတဲ့ ပိုက်ဆံတွေ အကုန် ရင်းနှီးမြှုပ်နှံလိုက်ပြီဆိုရင် လုပ်ငန်းရှင်သန်ဖို့ ခက်ခဲသွားတယ်။ တတိယ ကတော့ လျှပ်စစ်မီးမှန်မှန်ရဖို့ အရေးကြီးပါတယ် ဒါမှလည်း ကုန်ထုတ်လုပ်ငန်းတွေက စရိတ် နည်းနည်းနဲ့ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးပုံမှန်ရ နေဖို့အရေးကြီး တယ်။”

စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် ရခိုင်ပြည်နယ်ကိုလာရောက်ပြီး စီးပွားရေးအခြေအနေတွေကို မေးမြန်း၊ တင်ပြခွင့်ရတာကြောင့် ရခိုင်စီးပွား ရေးလုပ်ငန်းတွေ အတိုင်းအတာတခုအထိ တိုးတက်လာနိုင်တယ်လို့လည်း ရခိုင်ပြည်နယ် ဆီစက်လုပ်ငန်းရှင်များနဲ့ ဆီကုန်သည်များအသင်း ဥက္ကဌ ဦးကျော်အေးမောင်က မျှော်လင့်နေပါတယ်။

“ ရခိုင်ပြည်နယ်အတွက် နိုင်ငံတော် အကြီးအကဲတယောက် ကိုယ်တိုင်လာကြည့်တယ် ဆိုတာတော့ အကောင်းဖက်ကိုတော့ မျှော်လင့်တာပေါ့၊ ဘယ်လိုပဲ ပြောပြော မလာတာနဲ့ စာလို့ရှိရင် လာကြည့်လိုက်တဲ့အတွက် ပကတိမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်သွားမယ် နောက်တချက်က ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခွင့်ရသွားတယ်။ဒီကလုပ်ငန်းရှင်တွေ အနေနဲ့လည်း ဒီမှာရှိတဲ့ အခက်အခဲတွေကို တင်ပြခွင့်ရတယ်၊ ဆိုတော့ အတိုင်းအတာတခုအရ ရခိုင်ပြည်နယ်က လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲ၊ မြေနေရာအခက် အခဲ လျပ်စစ်အခက်အခဲ တခြားဒီ ရှူ့ထောင့်ပေါင်းစုံက တင်ပြလိုက်ကြတော့ လယ်ယာလုပ် ငန်းဆိုရင် ဓာမြေသြဇာဈေးကြီးမှု ရှားပါးမှု အဲတာတွေပေါ့နော်၊ ပြီးတော့ ကုန်သည်စက်မှု အသင်း တင်ပြတာဆိုရင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ တင်ပြလိုက်တာရှိတယ်။ ဆိုတော့ အဲလို တင်ပြလိုက်ကြတော့ ရာနှုန်းပြည့် မကောင်းသည့်တိုင်အောင် အတိုင်းအတာ တခုအထိတော့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။”

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကောင်စီအကြီးအကဲ ရခိုင်ပြည်နယ်ကို လာရောက်တယ်လို့ ပြောပေမဲ့ တဖက်မှာလည်း ရခိုင်ပြည်နယ်ထဲက တချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ပါတယ်။ အစစ အရာရာ တိုးတက်မှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်ရုံ၊ စက်ရုံတွေလည်း မရှိသလောက်နည်းပါးသလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း မရှိတာကြောင့် ရခိုင်ဒေသခံ အများစုဟာ ပြည်ပနိုင်ငံတွေကိုထွက်ပြီး ရွှေ့ပြောင်း အလုပ်သမားအနေနဲ့ အလုပ်လုပ်ကိုင်နေကြရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

XS
SM
MD
LG