သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးတင် အမြတ်မထုတ်ဖို့ California ပြည်နယ်ရှေ့နေချုပ် သတိပေး


လော့စ်အိန်ဂျလိစ်မြို့နားက ပင်လယ်ကမ်းခြေရပ်ကွက်တခု တောမီးသင့်ထားတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
လော့စ်အိန်ဂျလိစ်မြို့နားက ပင်လယ်ကမ်းခြေရပ်ကွက်တခု တောမီးသင့်ထားတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက Los Angeles ခရိုင်ထဲမှာ မီးဘေးဒဏ်ခံထားရချိန်မှာ စီးပွားရေးသမားတွေအနေနဲ့ ဈေးတွေကို အဆမတန် မတင်ဖို့ California ပြည်နယ်ရှေ့နေချုပ်က သတိပေးလိုက်ပါတယ်။

ဈေးတင်တာတွေနဲ့ပတ်သက်လို့ ပြည်နယ်တရားရေးဌာနက စုံစမ်းစစ်ဆေးမှုတချို့လုပ်နေပြီလို့ ရှေ့နေချုပ် Rob Bonta ကကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လောဘကြီးတဲ့ စီးပွားရေးသမားတွေ၊ အိမ်ရှင်တွေ၊ မြေရှင်တွေ၊ မီးလောင်ထားတဲ့အိမ်တွေကို ဈေးနှိမ်ပြီးဝယ်ဖို့ကြိုးစားနေသူတွေ၊ လူလိမ်တွေဟာ မီးဘေးဒုက္ခသည်တွေဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေကြကြောင်းနဲ့ အဲဒီသူတွေကို အရေးယူသွားမှာဖြစ်ကြောင်း ရှေ့နေချုပ်က ပြောခဲ့ပါတယ်။

ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခတွေကို ပြည်နယ်မှာ အရေးပေါ်အခြေအနေ မကြေညာခင်ကရှိခဲ့တဲ့ဈေးထက် ၁၀ ရာခိုင်နှုန်း တိုးလို့မရဘူးလို့ California ပြည်နယ်ဥပဒေမှာ ပြဌာန်းထားတာကို ပြည်နယ်ရှေ့နေချုပ် က ထောက်ပြပါတယ်။ ဈေးတင်နေတာတွေကို သီးသန့်စုံစမ်းဖော်ထုတ်မယ့်အဖွဲ့ကို ဖွဲ့စည်ထား ကြောင်းနဲ့ မီးဘေးဒုက္ခသည်တွေကို သီးသန့်အမြတ်ထုတ်ဖို့ ကြိုးစားမှုတချို့ကို စတင်စုံစမ်းနေပြီ လို့လည်း ရှေ့နေချုပ် Rob Bonta က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

Los Angeles ခရိုင်ထဲမှာ မီးလောင်နေတဲ့ နေရာတော်တော်များများကို မီးသတ်က ထိန်းထားနိုင်တာနဲ့ အတူ မိုးလေဝသအခြေအနေပေါ်မူတည်ပြီး မီးကူးနိုင်တယ်လို့ သတိပေးထားတဲ့ “Red flag” အဆင့် သတိ‌ပေးထားမှုတွေကိုလည်း ထပ်ထုတ်ပြန်ခြင်း မရှိတော့ပါဘူး။ အခုသီတင်းပတ်ကုန်တဲ့အထိ လေငြိမ်နေမှာဖြစ်ပေမဲ့ ရှေ့သီတင်းပတ်ထဲမှာ လေတိုက်နှုန်းပြန်လည် ပြင်းထန်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။

ဈေးတင် အမြတ်မထုတ်ဖို့ California ပြည်နယ်ရှေ့နေချုပ် သတိပေး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG