သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာမီးႀကိဳတင္ကာကြယ္ေရးအတြက္ ကယ္လီဖိုးနီးယား ေဒသတခ်ိဳ႕ လွ်ပ္စစ္ ေခတၱျဖတ္ေတာက္မည္


ကယ္လီဖုိးနီးယားမွာ ေတာမီးေလာင္ကၽြမ္းေနတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကယ္လီဖိုးနီးယားျပည္နယ္မွာ ရာသီဥတု လြန္လြန္ကဲကဲ ပူျပင္းေနတဲ့အတြက္ ေတာမီးေလာင္ကၽြမ္းမႈေတြ ျဖစ္မလာေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ တနဂၤေႏြေန႔မွာ ဓာတ္အားျဖတ္ေတာက္ထားမွာျဖစ္ေၾကာင္း ေဒသခံ တသန္းေက်ာ္ကို လွ်ပ္စစ္ျဖန္႔ျဖဴးေပးေနတဲ့ Pacific Gas & Electric ကုမၸဏီက ေသာၾကာေန႔႔က ေၾကညာခဲ့ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသတလႊား မၾကာခင္ႏွစ္ေတြအတြင္း မီးေလာင္ကၽြမ္းမႈ အမ်ားအျပား ျဖစ္ပြားရတဲ့ အေၾကာင္းရင္းေတြထဲမွာ ပူျပင္းေျခာက္ေသြ႔ၿပီး ေလတိုက္ႏႈန္း ျပင္းထန္တဲ့ ရာသီဥတုေၾကာင့္ လွ်ပ္စစ္ဓာတ္အားလိုင္းေတြ စက္ကိရိယာေတြ ယိုယြင္းပ်က္စီးရာကေန စတင္ခဲ့တယ္လုိ႔ အျပစ္တင္ခဲ့ၾကတာျဖစ္ၿပီး အခုလည္း ဒီလုိ ရာသီဥတု အေျခေနမ်ိဳး ရွိေနတယ္လို႔ ဥတုရာသီ ခန္႔မွန္းခ်က္ေတြက သတိေပးေနပါတယ္။

ဓာတ္အားအျဖတ္ေတာက္ခံရတဲ့ ေဒသေတြထဲမွာ ဆန္ဖရန္စစၥကိုေဘးက ရပ္ကြက္အမ်ားစု အပါအဝင္ ေကာင္တီ ၃၈ ခု ပါဝင္ပါတယ္။ Sacramento၊ Sierra Nevada၊ San Francisco Bay၊ Santa Cruz ေတာင္တန္းေဒသနဲ႔ Kern ေကာင္တီေတြထဲက သတ္မွတ္ေနရာေတြမွာ မီးအားျဖတ္ေတာက္ထားမွာျဖစ္ၿပီး ေဒသခံ တသန္းေက်ာ္ရွိတဲ့ ေနရာက ေနအိမ္ေပါင္း ၄ သိန္းခြဲေက်ာ္နဲ႔ အလုပ္ဌာနေတြအေနနဲ႔ တနဂၤေႏြ မနက္ခင္းကေန အဂၤါေန႔အထိ လွ်ပ္စစ္မီးမရွိဘဲ ေနၾကရမွာ ျဖစ္ပါတယ္။

ပူျပင္းေျခာက္ေသြ႔ၿပီး ေလတိုက္ႏႈန္းက တနာရီကို ၃၅ မိုင္ႏႈန္းကေန မိုင္ ၇၀ ေက်ာ္ႏႈန္း တိုက္ခတ္မယ္လို႔လည္း မိုးေလဝသ ခန္႔မွန္းခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီေဒသမွာ ေအာက္တိုဘာလေတြမွာ မီးအႀကီးအက်ယ္ ေလာင္ေလ့ရွိၿပီး မႏွစ္ကေတာ့ အိမ္ေျခေပါင္း ရာနဲ႔ခ်ီ မီးေလာင္ပ်က္စီးခဲ့ရသလို ေဒသခံ တသိန္းေလာက္ ေဘးလြတ္ရာ ေရွာင္တိမ္းခဲ့ရပါတယ္။

ဒီေဒသမွာ ဒီႏွစ္ထဲ ေတာမီးေလာင္ကၽြမ္းမႈေပါင္း ၈,၆၀၀ ေက်ာ္ရွိခဲ့ၿပီး လူေပါင္း ၃၁ ဦး ေသဆံုးခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

တောမီးကြိုတင်ကာကွယ်ရေးအတွက် ကယ်လီဖိုးနီးယား ဒေသတချို့ လျှပ်စစ် ခေတ္တဖြတ်တောက်မည်

ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု လွန်လွန်ကဲကဲ ပူပြင်းနေတဲ့အတွက် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တနင်္ဂနွေနေ့မှာ ဓာတ်အားဖြတ်တောက်ထားမှာဖြစ်ကြောင်း ဒေသခံ တသန်းကျော်ကို လျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ Pacific Gas & Electric ကုမ္ပဏီက သောကြာနေ့က ကြေညာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတလွှား မကြာခင်နှစ်တွေအတွင်း မီးလောင်ကျွမ်းမှု အများအပြား ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ ပူပြင်းခြောက်သွေ့ပြီး လေတိုက်နှုန်း ပြင်းထန်တဲ့ ရာသီဥတုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ စက်ကိရိယာတွေ ယိုယွင်းပျက်စီးရာကနေ စတင်ခဲ့တယ်လို့ အပြစ်တင်ခဲ့ကြတာဖြစ်ပြီး အခုလည်း ဒီလို ရာသီဥတု အခြေနေမျိုး ရှိနေတယ်လို့ ဥတုရာသီ ခန့်မှန်းချက်တွေက သတိပေးနေပါတယ်။

ဓာတ်အားအဖြတ်တောက်ခံရတဲ့ ဒေသတွေထဲမှာ ဆန်ဖရန်စစ္စကိုဘေးက ရပ်ကွက်အများစု အပါအဝင် ကောင်တီ ၃၈ ခု ပါဝင်ပါတယ်။ Sacramento၊ Sierra Nevada၊ San Francisco Bay၊ Santa Cruz တောင်တန်းဒေသနဲ့ Kern ကောင်တီတွေထဲက သတ်မှတ်နေရာတွေမှာ မီးအားဖြတ်တောက်ထားမှာဖြစ်ပြီး ဒေသခံ တသန်းကျော်ရှိတဲ့ နေရာက နေအိမ်ပေါင်း ၄ သိန်းခွဲကျော်နဲ့ အလုပ်ဌာနတွေအနေနဲ့ တနင်္ဂနွေ မနက်ခင်းကနေ အင်္ဂါနေ့အထိ လျှပ်စစ်မီးမရှိဘဲ နေကြရမှာ ဖြစ်ပါတယ်။

ပူပြင်းခြောက်သွေ့ပြီး လေတိုက်နှုန်းက တနာရီကို ၃၅ မိုင်နှုန်းကနေ မိုင် ၇၀ ကျော်နှုန်း တိုက်ခတ်မယ်လို့လည်း မိုးလေဝသ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

ဒီဒေသမှာ အောက်တိုဘာလတွေမှာ မီးအကြီးအကျယ် လောင်လေ့ရှိပြီး မနှစ်ကတော့ အိမ်ခြေပေါင်း ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံ တသိန်းလောက် ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရပါတယ်။

ဒီဒေသမှာ ဒီနှစ်ထဲ တောမီးလောင်ကျွမ်းမှုပေါင်း ၈,၆၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ၃၁ ဦး သေဆုံးခဲ့ရတာပါ။

XS
SM
MD
LG