သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလီဖိုးနီးယားမီး ထိန်းနိုင်နေပြီ


ကာလီဖိုးနီးယားပြည်နယ် မှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေအနေနဲ့ ထိမ်းချုပ်ထားနိုင်တဲ့ အခြေအနေရှိလာတာကြောင့် ခရိုင်တချို့က ကယ်ဆယ်ရေး ပြောင်းရွှေ့ ထားသူတွေကို သူတို့ရဲ့နေအိမ်တွေထံပြန်ခွင့်ပြုနေပြီ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အခြေအနေက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ဒါက အလွန်ကောင်းမွန်တဲ့ အနေအထားကို ရောက်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်"လို့ ကာလီဖိုးနီးယား သစ်တောနဲ့ မီးကာကွယ်ရေးဌာန ပြောခွင့်ရသူ Daniel Berlant ကပြောပါတယ်။

ဝိုင် ထုတ်လုပ်ရာဒေသလို့ နာမည်ကြီးတဲ့ Napa ခရိုင် ရဲ့အခြေအနေ ပြန်လည်ပြီး ကောင်းမွန်လာတာ တွေ့ရတယ်လို့ Napa ခရိုင် အုပ်ချုပ်ရေးဘုတ်အဖွဲ့က Belia Ramos က သတင်းထောက်တွေကို တနင်္ဂနွေနေ့မနက်ပိုင်းမှာ ပြောဆိုပါတယ်။

မီးသတ်သမားတွေကတော့ မီးကို ဆက်လက် ငြှိမ်းသတ်နေကြဆဲရှိပါတယ်။ စနေနေ့အထိ မီးလောင်ကျွမ်းမှုအတွင်း သေဆုံးသူ ၄၀ ထက်မနည်း တိုးများလာပါတယ်။ နေရာ ၁၆ နေရာ မီးဆက်လက် လောင်ကျွမ်းဆဲရှိပါတယ်။ နေအိမ်နဲ့ စီးပွားရေး အဆောက်ဦ ၅,၇၀၀ မီးလောင်ကျွမ်းပျက်စီးခဲ့ရပြီး၊ လူပေါင်း တသိန်းလောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG