သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရနဲ့စစ်တပ်သင့်မြတ်ရေး ခရီးပေါက်ပြီလား


ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ တပ်မတော်ကာကွယ်ဦးစီးချုပ် အခန်းကဏ္ဍနဲ့ပတ်သက်လို့ မှတ်ချက်စကားအပေါ် တပ်မတော်ကနေကြေညာချက်တွေ ထုတ် ကန့်ကွက်လာတဲ့နောက် ဒီစကားအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်းပန်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

NLD အစိုးရနဲ့ တပ်မတော်အကြားဆက်ဆံရေးအခြေအနေ၊ အထူးသဖြင့် NLD အစိုးရ အလေးထားဆောင်ရွက်နေတဲ့ တပ်မတော်နဲ့အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘယ်အထိ ခရီးပေါက်နေပြီလဲဆိုတာ မေးခွန်းဖြစ်လာပါတယ်။ ဒီအကြောင်း အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ NLD အစိုးရနဲ့ တပ်ဖက် ဆက်ဆံရေးတွေကို စောင့်ကြည့်လေ့လာ သတင်းရေးသားနေကြတဲ့ သတင်းသုံးသပ်သူ ဦးစည်သူအောင်မြင့်နဲ့ NHK သတင်းဌာနက ကိုသီဟသွေးတို့ ပင်တိုင်ပါဝင်ဆွေးနွေးထားပါတယ်။

NLD အစိုးရနဲ့စစ်တပ်သင့်မြတ်ရေး ခရီးပေါက်ပြီလား
please wait

No media source currently available

0:00 0:22:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG