သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ပေါ် နိုင်ငံတော်ပုန်ကန်မှုစွဲချက် သတ်မှတ်ရက်အတိုင်း စစ်ဆေးမယ်


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha. (ဇန်နဝါရီ ၁၆၊ ၂၀၂၀)
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha. (ဇန်နဝါရီ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha အပေါ် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ စွဲချက်တင်ထားတဲ့ အမှုအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တရားရုံးတင်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ အစိုးရပြောခွင့်ရတဦးက သောကြာနေ့မှာ ပြောပါတယ်။ ဒီအမှုကို ဝင်ရောက်စွက်ဖက်ဖို့ အစိုးရက ငြင်းလိုက်ပြီးတဲ့နောက် အခုလို တရားရုံးတင် စစ်ဆေးသွားမယ်လို့ အစိုးရက ပြောတာပါ။

Kem Sokha ကို ပြန်လွှတ်ပေးနိုင်မယ့် နည်းလမ်းတွေကို တရားစစ်ဆေးတာပြီးဆုံးမှ စဉ်းစားနိုင်မယ်လို့ ကမ္ဘောဒီးယား အစိုးရအဖွဲ့ ပြောခွင့်ရ Phay Siphan က RFA သတင်းဌာနကို ပြောပါတယ်။ “ကမ္ဘောဒီးယားမှာ အမှုတွေကို တရားရုံးက ဆုံးဖြတ်ပြီးမှသာ နိုင်ငံရေးနည်းလမ်းနဲ့ လုပ်ဆောင်လို့ ရနိုင်ပါတယ်” လို့ ပြောခွင့်ရက ဆိုပါတယ်။

အတိုက်အခံခေါင်းဆောင်ဟောင်း Kem Sokha ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အများပြည်သူ ငြိမ်ဝပ်ပိပြားရေးကို မထိခိုက်ဘူးလို့ ဝန်ကြီးချုပ်ဟွန်ဆန်က ယူဆတယ်ဆိုရင် အမှုပြီးတဲ့အခါ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကမ္ဘောဒီးယား ဘုရင်ဆီမှာ တင်ပြပေးလို့ ရနိုင်တယ်လို့ ပြောခွင့်ရ Phay Siphan က ပြောပါတယ်။

---------------------

(Unicode)





XS
SM
MD
LG