သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဆာကုသရေး သွေးစစ်ရလာဒ် အားတက်ဖွယ်တွေ့ရှိ


ကင်ဆာအမျိုးပေါင်း ၆ ခုကို သွေးစစ်ပြီး ရှာဖွေစမ်းသပ်နိုင်ဖို့ ကျိုးပမ်းနေတဲ့ အမေရိကန်ပြည်ထောင်စု၊ Johns Hopkins တက္ကသိုလ်က သိပ္ပံပညာရှင်တွေက တိုးတက်မှုတွေရှိလာပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒီထဲမှာ လက်ရှိ စမ်းသပ်ဖို့အခက်ခဲဆုံးလည်းဖြစ်၊ သေဆုံးမှုအများဆုံးလည်းဖြစ်တဲ့ ကင်ဆာအမျိုးအစားအချို့လည်း ပါဝင်ပါတယ်။ ကင်ဆာဝေဒနာခံစားနေရတဲ့ လူနာပေါင်း တစ်ထောင်ကျော်ဆီက သွေးနမူနာတွေယူပြီး စမ်းသပ်ကြည့်ရာမှာ ၇၀ % ကိုအောင်မြင်စွာစမ်းသပ်တွေ့ရှိခဲ့ရတာပါ။

ကင်ဆာရှိကြောင်း စမ်းသပ်သိရှိပြီးသားလူနာတွေကို Johns Hopkins တက္ကသိုလ်က သိပ္ပံပညာရှင်တွေကပြန်ပြီး လေ့လာ စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး လူနာတွေခံစားနေရတဲ့ ကင်ဆာဆဲလ်တွေကို မှန်ကန်စွာ စမ်းသပ်တွေ့ရှိလိုက်တယ်လို့ မနေ့ ကြာသပတေးနေ့က ထုတ်ဝေလိုက်တဲ့ သိပ္ပံပညာစာစောင်ထဲမှာ ဖော်ပြထားပါတယ်။

သွေးထဲမှာ ပေါလောမျောနေတဲ့ သန္ဓေပြောင်းထားတဲ့ မျိုးဗီဇတွေ၊ ကင်ဆာနဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းဓာတ်တွေကို ရှာဖွေစမ်းသပ်ကြတာပါ။ သွေးရည်ကြည်ထဲက အဲဒီမျိုးဗီဇတွေနဲ့ ပရိုတိန်းဓာတ်တွေ မပြန့်ပွါးခင်မှာ ရှာဖွေပြီး ကင်ဆာဖြစ်မလာအောင်ကုသနိုင်ရေး သိပ္ပံပညာရှင်တွေ ကိျိုးပမ်းနေကြတာလည်းဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားတွေဖြစ်တဲ့ အသည်း၊ အစာအိမ်၊ပန်ခရိယ၊လည်ချောင်း၊ အူမကြီး၊ အဆုတ်နဲ့ ရင်သားကင်ဆာ ပြီးရင်တော့ သားအိမ်ခေါင်းကင်ဆာက ရှာဖွေစမ်းသပ်ဖို့ အလွယ်ကူဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG