သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေခ်ာင္းဦးမွာ ေဒသခံ PDF ေတြနဲ႔ စစ္ေကာင္စီ တိုက္ခိုက္မႈျဖစ္


Homemade gun of PDF (ယခင္မွတ္တမ္းဓါတ္ပုံ STR/AFP)

ေခ်ာင္းဦးမွာ ေဒသခံ PDF ေတြနဲ႔ စစ္ေကာင္စီ တိုက္ခိုက္မႈျဖစ္

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္းထဲက မံု႐ြာၿမိဳ႕နဲ႕ မေဝးတဲ့ ေခ်ာင္းဦးၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြ႔ဲေတြ ပထမဆံုးအႀကိမ္ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ပါတယ္။ တိုက္ပြဲျဖစ္ၿပီးေနာက္ အနားက ေနရာေတြထဲ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္႐ွာေဖြခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းထဲက ေခ်ာင္းဦးၿမိဳ႕အထြက္မွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ဒီဇင္ဘာ ၃၀ ရက္က ပထမဆံုး အျပန္အလွန္ တိုက္ခိုက္မႈျဖစ္ခဲ့ၾကပါတယ္။ စစ္ေကာင္စီ ယာဥ္တန္းကို ကာကြယ္ေရးအဖဲြ႔ေတြဘက္က မိုင္းဆဲြတိုက္ခိုက္ခဲ့ရာက တိုက္ပဲြျဖစ္တာလို႔ ေခ်ာင္းဦး PDF က တာ၀န္ရွိသူတဦးက ေျပာပါတယ္။

“သူတို႔ဘက္က နယ္ေျမေတြစိုးမိုးမယ့္ပံုစံနဲ႔ အင္အား အလံုးအရင္းနဲ႔ ထြက္ခ်လာတာ။ သူတို႔စစ္ေၾကာင္းထြက္လာတာကို တိုက္ခိုက္ခဲ့တာ”

တိုက္ခိုက္မႈဟာ ေခ်ာင္းဦး ၿမိဳ႕နဲ႔ ၃ ဖာလံုသာ ကြာေ၀းတဲ့ ၿမိဳ႕ဝင္ ၿမိဳ႕ထြက္ေနရာမွာ ျဖစ္တဲ့အတြက္ ပစ္ခတ္သံေတြနဲ႔ ေပါက္ကြဲသံေတြကို ၿမိဳ႕ေပၚကေန ၾကားခဲ့ၾကရပါတယ္။ စစ္ေကာင္စီတပ္ဘက္က ေသဆံုးသူ ၄ - ၅ ဦးေလာက္႐ွိတယ္လို႔ ေဒသခံေတြက ေျပာေပမဲ့ ဗီအိုေအကေတာ့ အတည္မျပဳႏိုင္ပါဘူး။ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီးေနာက္ အနီးအနားက ေနရာေတြကို စစ္ေဆးတာေတြလုပ္ၿပီး ေဒသခံေတြရဲ႕ ဖုန္းေတြကို သိမ္းဆည္းတာေတြရွိတယ္လို႔ ေခ်ာင္းဦးေဒသခံတဦးက အခုလို ေျပာပါတယ္။

“ပစ္ရံုခတ္ရံုတင္မကဘူး တမာတန္းရပ္ကြက္ဆိုတာရွိတယ္။ သူကအျမင့္လမ္းေဘးတင္ ကပ္ရပ္ဆိုေတာ့ အဲ့နားက အိမ္ေတြ၀င္ၿပီးေတာ့ PDF ေတြနဲ႔ ပတ္သက္မႈရွိလား။ ဗံုးေထာင္တာ ေတြ႔သလား ေမးၿပီးေတာ့ စံုစမ္းရင္းနဲ႔ တခ်ိဳ႕ဆို ဖုန္းေတြေတာင္ ေပးလိုက္ရတယ္။ တၿမိဳ႕လံုးေတာ့ တိတ္ဆိတ္သြားတယ္။ ဘယ္မွ မသြားလာရဲေတာ့ဘူး။ လံုၿခံဳေရးက မနက္ခင္းက တင္းၾကပ္တယ္။ ညေနခင္းေတာ့ သိပ္မသိသာေတာ့ဘူး လူေတြလည္း ျပန္သြားကုန္ၾကၿပီ။”

ရဟတ္ယာဥ္ေတြနဲ႔ ၿမိဳ႕ေပၚကေန ပ်ံ၀ဲၿပီး ေစာင့္ၾကည့္တာေတြ႐ွိတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ေခ်ာင္းဦးၿမိဳ႕မွာ စစ္ေကာင္စီယာဥ္တန္း တိုက္ခိုက္ခံရတာ ဒါပထမဆံုးအႀကိမ္ျဖစ္ၿပီး စစ္ေကာင္စီက ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြရွိႏိုင္တဲ့ ေနရာေတြကိုေတာ့ နယ္ေျမရွင္းလင္းတာေတြ မၾကာမၾကာလုပ္တာေတြလည္းရွိပါတယ္။ အခုေနာက္ပိုင္း ေ၀ဟင္ကေန ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ၿပီး စစ္ဆင္ေရးေတြျပဳလုပ္လာတဲ့အတြက္ ေဒသခံအရပ္သားေတြ ေသဆံုးတာေတြရွိသလို ေက်းရြာေတြကို မီးရိႈ႕ဖ်က္ဆီးတာမ်ဳိးလည္း လုပ္ေနတဲ့အတြက္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြက စစ္ေဘးဒုကၡသည္အျဖစ္ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

.................................

တိုက္႐ိုက္ လင့္ခ္

ချောင်းဦးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီ တိုက်ခိုက်မှုဖြစ်

{{Unicode}}

စစ်ကိုင်းတိုင်းထဲက မုံရွာမြို့နဲ့ မဝေးတဲ့ ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွ့ဲတွေ ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အနားက နေရာတွေထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းထဲက ချောင်းဦးမြို့အထွက်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီဇင်ဘာ ၃၀ ရက်က ပထမဆုံး အပြန်အလှန် တိုက်ခိုက်မှုဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီ ယာဉ်တန်းကို ကာကွယ်ရေးအဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်တာလို့ ချောင်းဦး PDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ဘက်က နယ်မြေတွေစိုးမိုးမယ့်ပုံစံနဲ့ အင်အား အလုံးအရင်းနဲ့ ထွက်ချလာတာ။ သူတို့စစ်ကြောင်းထွက်လာတာကို တိုက်ခိုက်ခဲ့တာ”

တိုက်ခိုက်မှုဟာ ချောင်းဦး မြို့နဲ့ ၃ ဖာလုံသာ ကွာဝေးတဲ့ မြို့ဝင် မြို့ထွက်နေရာမှာ ဖြစ်တဲ့အတွက် ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို မြို့ပေါ်ကနေ ကြားခဲ့ကြရပါတယ်။ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၄ - ၅ ဦးလောက်ရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဗီအိုအေကတော့ အတည်မပြုနိုင်ပါဘူး။ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် အနီးအနားက နေရာတွေကို စစ်ဆေးတာတွေလုပ်ပြီး ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းတာတွေရှိတယ်လို့ ချောင်းဦးဒေသခံတဦးက အခုလို ပြောပါတယ်။

“ပစ်ရုံခတ်ရုံတင်မကဘူး တမာတန်းရပ်ကွက်ဆိုတာရှိတယ်။ သူကအမြင့်လမ်းဘေးတင် ကပ်ရပ်ဆိုတော့ အဲ့နားက အိမ်တွေဝင်ပြီးတော့ PDF တွေနဲ့ ပတ်သက်မှုရှိလား။ ဗုံးထောင်တာ တွေ့သလား မေးပြီးတော့ စုံစမ်းရင်းနဲ့ တချို့ဆို ဖုန်းတွေတောင် ပေးလိုက်ရတယ်။ တမြို့လုံးတော့ တိတ်ဆိတ်သွားတယ်။ ဘယ်မှ မသွားလာရဲတော့ဘူး။ လုံခြုံရေးက မနက်ခင်းက တင်းကြပ်တယ်။ ညနေခင်းတော့ သိပ်မသိသာတော့ဘူး လူတွေလည်း ပြန်သွားကုန်ကြပြီ။”

ရဟတ်ယာဉ်တွေနဲ့ မြို့ပေါ်ကနေ ပျံဝဲပြီး စောင့်ကြည့်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ချောင်းဦးမြို့မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီက ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရှိနိုင်တဲ့ နေရာတွေကိုတော့ နယ်မြေရှင်းလင်းတာတွေ မကြာမကြာလုပ်တာတွေလည်းရှိပါတယ်။ အခုနောက်ပိုင်း ဝေဟင်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး စစ်ဆင်ရေးတွေပြုလုပ်လာတဲ့အတွက် ဒေသခံအရပ်သားတွေ သေဆုံးတာတွေရှိသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုးလည်း လုပ်နေတဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံတွေက စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG