သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချယ်လ်ဆီးနဲ့ မန်ယူ နိုင်ပွဲရပြီး အာဆင်နယ်လ် သရေကျ


မန်ချက်စတာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို Pogba က သွင်းယူပေးသည်။ ၂၈ အောက်တိုဘာ ၂၀၁၈။
မန်ချက်စတာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို Pogba က သွင်းယူပေးသည်။ ၂၈ အောက်တိုဘာ ၂၀၁၈။

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ကို တနင်္ဂနွေနေ့က ဆက်ကစားကြတာမှာ ချယ်လ်ဆီး က ဘန်လေကို အဝေးကွင်းမှာ ၄ ဂိုး ပြတ် အနိုင်ရပြီး မန်ချက်စတာ ယူနိုက်တက်က အဲဗာတန်ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာကန်တဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲကို ထိုင်းနိုင်ငံ ကျောက်ဂူထဲ မှာ ပိတ်မိနေခဲ့ပြီး ပြန်ကယ်ထုတ်ထား တဲ့ တောဝက်ဘောလုံးအသင်းက ထိုင်းကျောင်း သားလေးတွေလည်း သွားကြည့်ခွင့်ရကြပါတယ်။

ထိုင်းနိုင်ငံမှ တောဝက် ဘောလုံးအသင်းသားများ။ ၂၈ အောက်တိုဘာ ၂၀၁၈။
ထိုင်းနိုင်ငံမှ တောဝက် ဘောလုံးအသင်းသားများ။ ၂၈ အောက်တိုဘာ ၂၀၁၈။

ဒီပွဲတွေကို မကန်ခင်မှာ အသေးလေးသင်းစလုံးက အသင်းသားတွေနဲ့ ပရိသတ်တွေဟာ လက်စတာ စီးတီးအသင်းရဲ့ King Power အားကစားကွင်းအပြင်ဘက်မှာ စနေနေ့က ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်ရပ်အတွက် တမိနစ်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီး အမှတ်တရ ပြုခဲ့ကြပါတယ်။

လက်စတာ စီးတီးအသင်း ကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်ရပ် ဝမ်းနည်းခြင်းအထိမ်းအမှတ် တမိနစ် ငြိမ်သက်ခဲ့ကြသည့် ဘန်လေနှင့် ချယ်လ်ဆီး အသင်းသားများ။ ၂၈ အောက်တိုဘာ ၂၀၁၈။
လက်စတာ စီးတီးအသင်း ကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်ရပ် ဝမ်းနည်းခြင်းအထိမ်းအမှတ် တမိနစ် ငြိမ်သက်ခဲ့ကြသည့် ဘန်လေနှင့် ချယ်လ်ဆီး အသင်းသားများ။ ၂၈ အောက်တိုဘာ ၂၀၁၈။

ရဟတ်ယာဉ်ပျက်ကျတာနဲ့ပတ်သက်ပြီး အသေးစိတ်တွေကို လက်စတာ စီးတီးအသင်း ဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေး ပါဘူး။ အသင်းပိုင်ရှင် ထိုင်း ဘီလီယံနာ သူဌေးကြီး Vichai Srivaddhanaprabha ရဟတ်ယာဉ်ပေါ်မှာ ပါသွားတယ်ဆိုတဲ့ သတင်း တွေထွက်နေပေမယ့် ခုချိန်ထိတော့ အတည်မပြုနိုင်သေးပါဘူး။

ရဟတ်ယာဉ် မီးလောင်ပြီးတဲ့နောက် ကောင်းကင်ကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာတော့ မီးလောင်ထားတဲ့ ရဟတ်ယာဉ်နဲ့ အပျက်အစီး တပိုင်းတစကို တာပေါ်လင်နဲ့ ဖုံးအုပ်ထား တာ တွေ့ရပါတယ်။

တနင်္ဂနွေနေ့ကပဲ ကစားတဲ့ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ အာဆင်နယ်လ်တို့ပွဲကတော့ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။

အာဆင်နယ်လ်အတွက် အဖွင့်ဂိုးကို Xhaka (ပုံတွင်မပါ) က သွင်းယူပေးခဲ့သည်။ ၂၈ အောက်တိုဘာ ၂၀၁၈။
အာဆင်နယ်လ်အတွက် အဖွင့်ဂိုးကို Xhaka (ပုံတွင်မပါ) က သွင်းယူပေးခဲ့သည်။ ၂၈ အောက်တိုဘာ ၂၀၁၈။

ပွဲစဉ် ၁၀ ကို ကစားဖို့ နောက်ဆုံးကျန်တဲ့ စပါးနဲ့ မန်စီးတီး ပွဲကတော့ တနင်္လာနေ့မှာ ကစားကြမှာပါ။

လက်ရှိအချိန်မှာတော့ ပွဲစဉ် ၁၀ ကစားပြီးသွားကြပြီဖြစ်တဲ့ လီဗာပူးလ်က ၂၆ မှတ်နဲ့ ပထမနေရာ၊ ချယ်လ်ဆီးက ၂၄ မှတ်နဲ့ ဒုတိယနေရာ ရထားပါတယ်။ ပွဲစဉ် ၁၀ ကစားဖို့ကျန်သေးတဲ့ မန်စီးတီးက ၂၃ မှတ်နဲ့ တတိယနေရာရောက်နေပြီး စပါးကတော့ ၂၁ မှတ်နဲ့ နံပါတ် ၅ အဆင့်မှာ ရှိနေပါတယ်။

ချယ်လ်ဆီးနဲ့ မန်ယူ နိုင်ပွဲရပြီး အာဆင်နယ်လ် သရေကျ
please wait

No media source currently available

0:00 0:00:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG