သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လေကြောင်း ဈေးသက်သာမှု ဥရောပ လေကြောင်းလိုင်းတွေ စိုးရိမ်

တရုတ်လေကြောင်းလိုင်း China Southern Airlines Boeing 737
တရုတ်လေကြောင်းလိုင်း China Southern Airlines Boeing 737

ရုရှားကနေ ဥရောပကိုတိုက်ရိုက်လေကြောင်း ခရီးစဉ်တွေထားပေးပြီး အချိန်တိုအတွင်း ဈေးသက်သက်သာသာနဲ့ အရောက်ပို့ပေးဖို့ တရုတ်လေကြောင်းလိုင်းတွေရဲ့ လုပ်ဆောင်မှုဟာ သူတို့အတွက် အခက်ကြုံလာမှာကို ဥရောပလေကြောင်းလိုင်း အများအပြားက စိုးရိမ်နေကြပါတယ်။

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအပေါ်ဒဏ်ခတ်အရေးယူမှုကို လိုက်နာတဲ့အနေနဲ့ ဥရောပ လေကြောင်းလိုင်းတွေဟာ ရုရှားရဲ့ဝေဟင်ပိုင်နက်ပေါ် ဖြတ်သန်းခွင့်မရှိပါဘူး။ ဒါ့အပြင် သူတို့မှာ သဘာဝ ဝန်းကျင်မညစ်ညမ်းစေဖို့ထည့်သွင်းတွက်ချက်ရတဲ့စရိတ်ပါ ရှိနေတာကြောင့် ဥရောပ လေကြောင်းလိုင်းတွေဟာ တရုတ်လေကြောင်းလိုင်းတွေနဲ့ဈေးပြိုင်လျှော့ပေးဖို့ ခက်နေကြတာ ဖြစ်ပါတယ်။

စက်မှုလုပ်ငန်းရှင်တွေရဲ့ ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ Lufthansa လေကြောင်းလိုင်းရဲ့CEO က ဥရောပထဲဝင်မယ့် လေကြောင်းလိုင်းအားလုံးအတွက် ရုရှားဝေဟင်ကို ရှောင်ကွင်းသွားရမယ့် တားမြစ်ချက်ကိုပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ သူတို့ လေယာဉ်တွေ ရုရှားဝေဟင်ပေါ် ဖြတ်ခွင့်မရဘဲရှိနေချိန်မှာ တရုတ်လေယာဉ်တွေက ဖြတ်သန်းနိုင်တာကြောင့် ဥရောပကိုဆိုက်မယ့် ဘယ်လေယာဉ်မဆို ရုရှားဝေဟင်ပိုက်နက်ကိုမဖြတ်ဘဲနေမှသာ တူညီတဲ့ ယှဉ်ပြိုင်မှု ဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။ ဒီလို တူညီတဲ့အခွင့်ရေးမရနိုင်သရွေ့ တရုတ်လေကြောင်း လိုင်းတွေက အသာစီးရနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပါရီအခြေစိုက် Air-France KLM အဖွဲ့က ပြင်သစ်အစိုးရကို အလားတူ တောင်းဆိုနေတယ်လို့လည်း Bloomberg သတင်းမှာ ဖေါ်ပြပါတယ်။ အီးယူ ဥရောပသမဂ္ဂနဲ့ တရုတ်တို့ကြား ကုန်သွယ်ရေး၊ နည်းပညာနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာလိုကိစ္စရပ်မျိုးစုံအတွက် အခုနှစ်ပိုင်းတွေအတွင်း မပြေလည်မှုတွေ အများအပြား ရှိနေပြီး ၂ ဘက် ကုန်သွယ်ရေးဆိုင်ရာစစ်အေးတိုက်ပွဲဖြစ်လာမှာ စိုးရိမ်နေကြတာပါ။

 တရုတ်လေကြောင်း ဈေးသက်သာမှု ဥရောပ လေကြောင်းလိုင်းတွေ စိုးရိမ်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG