သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့်သတင်းထောက် Dong Yuyu ကို သူလျှိုမှုနဲ့ တရုတ်အစိုးရ ထောင် ၇ နှစ်ချ


သူလျှိုမှုနဲ့ထောင် ၇ နှစ်ပြစ်ဒဏ်စီရင်ခံရသူ Guangming Daily သတင်းစာ အယ်ဒီတာ Dong Yuyu
သူလျှိုမှုနဲ့ထောင် ၇ နှစ်ပြစ်ဒဏ်စီရင်ခံရသူ Guangming Daily သတင်းစာ အယ်ဒီတာ Dong Yuyu

တရုတ်အစိုးရ သတင်းမီဒီယာက ဝါရင့်သတင်းထောက် Dong Yuyu ကို သူလျှိုလုပ်မှုနဲ့ ဘေဂျင်းမြို့ တရားရုံးတခုကထောင်ဒဏ် ၇ ချလိုက်ပါတယ်။ သူ့ကိုထောင်ဒဏ်ချလိုက်တဲ့အကြောင်းကို မိသားစုက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လုံးဝမမျှတတဲ့ တရားရုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖော်ပြပြောဆို ခဲ့ပါတယ်။

ဘာအထောက်အထားမှ မပြနိုင်ဘဲ Yuyu ကိုထောင် ၇ နှစ်ချတာဟာ တရုတ်တရားရေးစနစ် လုံးဝ ယုံကြည်စရာမရှိဘူးဆိုတာ ကမ္ဘာကိုပြသလိုက်တာြဖစ်တယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ဒီထောင်ဒဏ်ဟာ သူတို့မိသားစုအတွက်တင်မက ကမ္ဘာကြီးနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံနေကြတဲ့ လွတ်လပ်တဲ့အတွေးအမြင်ရှိတဲ့ တရုတ်သတင်းထောက်တွေ၊ သာမန်တရုတ်ပြည်သူတွေ အားလုံး အတွက် တရား မမျှတတဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့လည်းပြောထားပါတယ်။

Guangming Daily သတင်းစာ အယ်ဒီတာဖြစ်သူ Dong Yuyu ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက အမေရိကန်သတင်းထောက်များအသင်းမှာ ဂျပန်သံတမန်တဦးနဲ့ နေ့လယ်စာ စားနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူ့ကို သူလျှိုလုပ်မှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ သတင်းထောက် Dong Yuyu တွေ့ဆုံခဲ့တဲ့ ဂျပန်သတင်းထောက်ကိုထောက်လှမ်းရေးအဖွဲ့တခုရဲ့ အေးဂျင့်ဖြစ်တယ်လို့ တရားရုံးဆုံးဖြတ်ထဲမှာ ဖော်ပြထားတယ်လို့ မိသားစုက ပြောပါတယ်။

Harvard တက္ကသိုလ်က သတင်းပညာ အထူးပြုသင်ယူခဲ့ဖူးသူ အသက် ၆၂ နှစ်အရွယ် Dong Yuyu ကို ဒီနေ့ရုံးထုတ်စဉ်တရားရုံးနားတဝိုက်မှာ ရဲကား ၇ စီးရပ်ထားသလို သတင်းသမားတွေကိုလည်း တရားရုံးနားကို အလာမခံပါဘူး။ အမေရိကန်သံတမန်တဦးကိုလည်း တရားခွင်ကို ဝင်ခွင့် မပြုခဲ့ပါဘူး။

ဝါရင့်သတင်းထောက် Dong Yuyu ကို သူလျှိုမှုနဲ့ တရုတ်အစိုးရ ထောင် ၇ နှစ်ချ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG