သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်းရှိဟုသံသယရှိသူ မူးယစ်ရာဇာ ၁၀ ဦး တရုတ်ဖမ်းဝရမ်းထုတ်


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပုန်းအောင်း တိမ်းရှောင်နေတယ်လို့ယူဆရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုကြီးတွေကျူးလွန်သူအဖြစ် သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးနိုင်ရေးအတွက် တရုတ်ရဲအာဏာပိုင်တွေက ဆုကြေးငွေထုတ်လိုက်ကြောင်း တရုတ်အစိုးရသတင်းဆင်ဟွာက ဒီဇင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့က ရေးပါတယ်။

ရေရှည်အန္တရာယ်နဲ့ လူမှုတည်ငြိမ်ရေးကို ခြိမ်းခြောက်လာနေတဲ့ မူးယစ်ဆေးဝါး အန္တရာယ်တွေကို ပြတ်ပြတ်သားသား ဖယ်ရှားဖို့ တရုတ်ပြည်တွင်းကို မူးယစ်ဆေးတွေစိမ့်ဝင်နေတာကို တားဆီးဖို့ရည်ရွယ်ထားကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်မြို့ကြီး ခြောက်ခု၊ ခရိုင်အဆင့် ရဲအာဏာပိုင်တွေက အသီးသီးထုတ်ပြန်ခဲ့တာပါ။ အခုလပိုင်းတွေထဲ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်တလျှောက်အခြေချတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်သူတွေကို တရုတ် အစိုးရက ဖမ်းဝရမ်းနဲ့ ဆုကြေးတွေ ဆက်တိုက်ထုတ်ပြီးနောက်မှာ အခု မူးယစ်မှောင်ခိုသမားတွေကို ဆုကြေးတွေ ထုတ်ခဲ့တာပါ။

တပြိုင်တည်းမှာပဲ တရုတ်ကကြားဝင်စီစဥ်ပေးခဲ့တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် (၃) ဖွဲ့ရဲ့ ဒုတိယအကျော့ဆွေးနွေးပွဲပျက်အပြီး ရက်ပိုင်းအကြာမှာ တရုတ်-မြန်မာနယ်စပ်က ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတချို့ကို ဒေသခံတွေရဲ့ ဆိုရှယ်မီဒီယာတွေမှာ တွေ့ရပါတယ်။

အွန်လိုင်းရုပ်သံတချို့မှာလည်း MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေ မြို့တွင်းနေရာတချို့မှာ လှည့်လည် သွားလာနေတာတွေကို မြင်ရပါတယ်။ MNDAA ကိုးကန့်တပ်နဲ့ ညီနောင် မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေတာ ၂ လ ကျော်လာခဲ့ပြီး စစ်ကောင်စီရဲ့တပ်စခန်း ရာနဲ့ချီနေနဲ့ မြို့အရေအတွက် ဆယ်ဂဏန်းဝန်းကျင်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG