သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ကားဆိုင်ရာ ကုန်သွယ်ရေးခွဲခြားမှုတရုတ်စွဲချက် WTO ကြားနာ


တရုတ်ထုတ် Tesla Model 3 လျှပ်စစ်ကားတွေကို ရှန်ဟိုင်းက တက်စ်လာကုမ္ပဏီမှာတွေ့ရစဥ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၉)
တရုတ်ထုတ် Tesla Model 3 လျှပ်စစ်ကားတွေကို ရှန်ဟိုင်းက တက်စ်လာကုမ္ပဏီမှာတွေ့ရစဥ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၉)

လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ အမေရိကန်က တရုတ်အပေါ်ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲချက်ကို ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကြီး WTO က အင်္ဂါနေ့မှာ စတင်ကြားနာပါတယ်။

၂၀၂၂ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ ငွေဖောင်းပွမှုလျှော့ချရေးဥပဒေအရ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်ထုတ်လုပ်သူတွေကထုတ်ထားတဲ့ ဘက်ထရီအစိတ်အပိုင်းတွေပါတဲ့ ကားကို အမေရိကန်မှာဝယ်ရင် သတ်မှတ်အခွန်လွတ်ငြိမ်းခွင့်ကို ကားဝယ်သူက ခံစားခွင့် မရှိဘူးလို့ ပြဌာန်းခဲ့တာပါ။ လျှပ်စစ်ကားတွေကိုအသုံးပြုဖို့ အားပေးတဲ့အနေနဲ့ အခွန်ကင်းလွတ်ခွင့်ကို ဒေါ်လာ ၃,၇၅၀ ကနေ ၇,၅၀၀ အထိ ခွင့်ပြုထားပါတယ်။

ဒါဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသွင်ယူပြီး တရုတ်နိုင်ငံကို ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ WTO ဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ ဒီလိုတားမြစ်တာဟာ လျှပ်စစ်ကားစျေးကွက် မျှတစွာပြိုင်ဆိုင်ရေးကို ထိခိုက်ပြီး ရောင်းလိုအား ကွင်းဆက်အပေါ် သက်ရောက်စေတယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်ကြေညာချက်မှာ ပြောပါတယ်။

အမေရိကန်မှာရောင်းချနေတဲ့ လျှပ်စစ်ကားအမျိုးပေါင်း ၅၀ အနက် ၁၃ မျိုးပဲ အခွန်ကင်းလွတ်ခွင့်နဲ့ အကျုံးဝင်တာပါ။ တရုတ်ဟာ ၂၀၂၃ ခုနှစ်မှာ ဂျပန်ကို ကျော်ပြီး ကား ၅.၂၂ သန်းတင်ပို့ခဲ့ပြီး ဒါရဲ့ သုံးပုံတပုံက လျှပ်စစ်ကားဖြစ်ပါတယ်။ အမေရိကန်နဲ့တရုတ်ကြား စီးပွါးရေးဆိုင်ရာ အငြင်းပွါးမှုတွေရှိနေပြီး မကြာခင်က TikTok ကို ပိတ်ဖို့ အမေရိကန် လွှတ်တော်က ဥပဒေပြဌာန်းဖို့ ကြိုးစားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG