သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ထဲ ရေပေါ်နျူဓါတ်ပေါင်းဖိုတွေထားဖို့ တရုတ်စီစဉ်


တရုတ်နိုင်ငံရဲ့ ရေပေါ်နျူကလီးယားဓာတ်ပေါင်းဖိုတွေပုံစံငယ်ရှိရာကို လာရောက်ကြည့်ရှုကြသူများ။ (ဧပြီ ၂၇၊ ၂၀၁၇)
တရုတ်နိုင်ငံရဲ့ ရေပေါ်နျူကလီးယားဓာတ်ပေါင်းဖိုတွေပုံစံငယ်ရှိရာကို လာရောက်ကြည့်ရှုကြသူများ။ (ဧပြီ ၂၇၊ ၂၀၁၇)

ရေပြင်ပိုင်နက်အငြင်းပွါးမှုမှာ ပိုပြီးအားကောင်းလာဖို့ရည်ရွယ်ပြီး ရေပေါ် နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တောင်တရုတ်ပင်လယ်ပြင်ထဲမှာထားရှိဖို့ တရုတ်နိုင်ငံက ဆက်လက်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။

သင်္ဘောတွေနဲ့နျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်မယ့်အစီအစဥ်ကြောင့် အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ဆက်ဆံရေးပိုမို တင်းမာလာနိုင်သလို သဘာဝပတ်ဝန်းကျင်အတွက်လည်း အန္တရာယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ်မီဒီယာတွေကတော့ အဏ္ဏဝါရေကြောင်းစွမ်းအင်အဖြစ် သင်္ဘောတွေပေါ်မှာ နျူကလီးယားဓာတ်ပေါင်းဖိုအသေးစားတွေထားရှိတာဟာ အခြေစိုက်စခန်းတွေသာမက အခြားသင်္ဘောတွေအတွက် ရွေ့လျားစွမ်းအင်ဘဏ်တွေဖြစ်တယ်ဆိုပြီး ဖော်ပြကြပါတယ်။ ဓာတ်ပေါင်းဖိုတွေရဲ့ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုတို့နဲ့ပတ်သက်ပြီး စိုးရိမ်တာကြောင့် တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ရေပေါ် ရွေ့လျားနျူကလီးယားဓာတ်ပေါင်းဖိုအစီအစဥ်ကို ရပ်နားခဲ့တယ်လို့ South China Morning Post သတင်းမှာဖော်ပြပါတယ်။

ဒါပေမယ့်လည်း အငြင်းပွါးနေတဲ့တောင်တရုတ်ပင်လယ်ပြင်တွင်းက ကျွန်းတွေကိုလျှပ်စစ်ဓာတ်အားပေးဖို့ဆိုပြီး တရုတ်က ရေပေါ်အနုမြူဓာတ်ပေါင်းဖိုတွေကို ဆက်ပြီးတည်ဆောက်နေတယ်လို့ အမေရိကန်-အင်ဒိုပစိဖိတ်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနအရာရှိတွေက ဒီလထဲမှာပဲ ပြောဆိုထားတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG