သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ ပြင်သစ်သမ္မတ ဥရောပကော်မရှင်အကြီးအကဲတို့ သုံးပွင့်ဆိုင်ဆွေးနွေး


ပြင်သစ်သမ္မတ Emmanuel Macron ၊ တရုတ်သမ္မတ Xi Jinping နဲ့ EU ကော်မရှင်နာမင်းကြီး Ursula von der Leyen တို့ သမ္မတရှီရဲ့ ပြင်သစ် ၂ ရက်တာခရီးစဥ်အတွင်း ၃ ပွင့်ဆိုင် ဆွေးနွေးပွဲအပြီးတွေ့ရစဥ်။ (မေ ၆၊ ၂၀၂၄)
ပြင်သစ်သမ္မတ Emmanuel Macron ၊ တရုတ်သမ္မတ Xi Jinping နဲ့ EU ကော်မရှင်နာမင်းကြီး Ursula von der Leyen တို့ သမ္မတရှီရဲ့ ပြင်သစ် ၂ ရက်တာခရီးစဥ်အတွင်း ၃ ပွင့်ဆိုင် ဆွေးနွေးပွဲအပြီးတွေ့ရစဥ်။ (မေ ၆၊ ၂၀၂၄)

ချစ်ကြည်ရေးခရီးစဥ်နဲ့ ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ပြင်သစ်သမ္မတ Emanuel Macron၊ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံကြား မျှတတဲ့ကုန်သွယ်မှုရှိရေး အာရုံစိုက်ဆွေးနွေးမယ်လို့ သမ္မတ Macron နဲ့ ဥရောပကော်မရှင်နာမင်းကြီး von der Leyen တို့က သမ္မတရှီရဲ့ ခရီးစဥ်မတိုင်ခင်မှာ အသီးသီးပြောဆိုထားကြပါတယ်။ တရုတ်နိုင်ငံကအလွန်အကျွံထုတ်လုပ်နေတဲ့ စျေးပေါတဲ့ကုန်ပစ္စည်းတွေ ဥရောပစျေးကွက်ထဲ တရဟောဝင်လာနေတာကို ခေါင်းဆောင်နှစ်ဦးစလုံး ပြစ်တင်ပြောဆိုထားကြတာပါ။

ဥရောပရဲ့ အထွေထွေနိုင်ငံရေးဦးတည်ချက်နဲ့ ဦးစားပေးကိစ္စရပ်တွေအရေးဆောင်ရွက်နေတဲ့ ဥရောပကောင်စီရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် ပြင်သစ် နိုင်ငံက လက်ရှိတာဝန်ယူထားပါတယ်။ မျှတတဲ့ကုန်သွယ်ရေးဖြစ်ဖို့အပြင် စစ်မှန်တဲ့ကုန်သွယ်ရေးတိုးတက်မှုရအောင် ဆောင်ရွက်ရမယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတရှီနဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen ကသတင်းထောက်တွေကို ပြောဆိုပါတယ်။

နှစ်ဦးနှစ်ဘက် တိုးတက်မှုရအောင်ဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိပေမယ့်လည်း ဥရောပရဲ့စီးပွါးရေးနဲ့လုံခြုံရေးကိုကာကွယ်ဖို့ လုပ်သင့်တာတော့ လုပ်သွားမှာပါလို့လည်း ပြောပါတယ်။ ရုရှားယူကရိန်းအရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး ရုရှားအတွက် လက်နက်တွေထပ်ပြီးမထောက်ပံ့ဖို့၊ လက်နက်ထုတ်လုပ်နိုင်တဲ့ နည်းပညာတွေမပေးဖို့လည်း တရုတ်သမ္မတဆီက အာမခံချက်ရေအာင် ကော်မရှင်နာမင်းကြီးက ထပ်ပြီးတောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG