သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ဆေးရုံမီးလောင်မှု ၂၉ ဦးသေ


မီးလောင်ပြီးနောက်မြင်ရတဲ့ ဘေကျင်းဆေးရုံ (ဧပြီ ၁၉ ၊ ၂၀၂၃)
မီးလောင်ပြီးနောက်မြင်ရတဲ့ ဘေကျင်းဆေးရုံ (ဧပြီ ၁၉ ၊ ၂၀၂၃)

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ မနေ့ အင်္ဂါနေ့တုန်းက ဆေးရုံတရုံ မီးလောင်ခဲ့ပြီး သေဆုံးသူ ၂၉ ကျော် နဲ့ စိုးရိမ်ရသူ ၃ ဦး အပါအဝင် ဒဏ်ရာရသူက ၃၉ အထိရှိကြောင်း အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဆေးရုံတင်ထားတဲ့ လူနာတွေအပြင် သူနာပြု၊ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာစောင့်မိသားစုဝင်တယောက်လည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံ Changfeng မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး လူဒါဇင်နဲ့ချီကို ဘေးလွတ်ရာ တိမ်းရှောင်ဖို့ သတိပေးခဲ့ရပါတယ်။ အထဲမှာ ပိတ်မိနေတဲ့ တချို့သူတွေကတော့ အိပ်ယာခင်းတွေကို ချည်၊ ကြိုးအဖြစ်သုံးပြီး ပြတင်းပေါက်ကနေတဆင့် ထွက်ပြေးခဲ့ရပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ဆေးရုံညွှန်ကြားရေးမှူး နဲ့ လူနာဆောင်ကို ပြုပြင်နေကြတဲ့ ဆောက်လုပ်ရေးအဖွဲ့ တာဝန်ခံတို့ အပါအဝင် လူပေါင်း ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ဘေဂျင်းမြို့တော် ပြည်သူ့လုံခြုံရေးဗျူရိုက အရာရှိတယောက် က ပြောပါတယ်။ ကနဦးစုံစမ်းစစ်ဆေးချက်အရ ဂဟေဆော်ရာက ထွက်လာတဲ့ မီးပွားတွေက မီးလောင်လွယ်တဲ့ သုတ်ဆေးကို ကူးစက်လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

တရုတ်နိုင်ငံမှာ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အစီအမံတွေ ၊ လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းတွေ လျော့တိလျော့ရဲ ရှိတဲ့အတွက်ကြောင်း မကြာခဏ အဲဒီလို မီးလောင်မှုတွေ ဖြစ်ပေါ်နေခဲ့ရာမှာ အခုတခါ ဘေးဂျင်းမြို့က ဆေးရုံ မီးလောင်မှုကတော့ ဆယ်စုနှစ် ၂ခုအတွင်း အဆိုးဝါးဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG