သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းစွာဖြေရှင်းရေး တရုတ်မျှော်လင့်


တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ပြီး ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးကြား အငြင်းပွားတာတွေကို ဆွေးနွေး ညှိနှိုင်းမှုကနေတဆင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ဧပြီလကုန် မေလဆန်းမှာ ကျင်းပနိုင်မယ်ဆိုတဲ့ သတင်းအပေါ် သောကြာနေ့၊ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying က တုန့်ပြန်ပြောဆိုတာပါ။

မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူအားလုံးရဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံ က အစဉ်ထောက်ခံတဲ့အကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အကြောင်းလည်း ပြောခွင့်ရ Hua Chunying ကပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ကျင်းပမယ့်အချိန်ကို ဖေဖော်ဝါရီလ ၂၈ ရက် က နေပြည်တော်မှာကျင်းပတဲ့ JICM အစည်းအဝေးအတွင်း သဘောတူညီခဲ့ကြတာပါ။

ဇန်နဝါရီလကုန်မှကျင်းပဖို့ အစောပိုင်းက လျာထားခဲ့ပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတာတွေ၊ လူထု တွေ့ဆုံဆွေးနွေးပွဲတွေအတွက် အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက် ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ တက်ရောက်ရေး အဓိက ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။

မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းစွာဖြေရှင်းရေး တရုတ်မျှော်လင့်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG