သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားအကျဉ်းချခံရမှုအများဆုံး သုံးနိုင်ငံ မြန်မာပါဝင်


ရန်ကုန်မြို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတခုအတွင်း အပြေးအလွှားသတင်းယူနေတဲ့ သတင်းထောက်တဦးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ရန်ကုန်မြို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတခုအတွင်း အပြေးအလွှားသတင်းယူနေတဲ့ သတင်းထောက်တဦးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

ကမ္ဘာတလွှား အကျဉ်းချ ခံနေရတဲ့ သတင်းသမား အများဆုံးရှိတဲ့ နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာကတော့ အစ္စရေးပြီးရင် တတိယမြောက် အများဆုံး နိုင်ငံ ဖြစ်ကြောင်း CPJ သတင်းသမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

သတင်းအလုပ်နဲ့ ဆက်နွယ်ပြီး ကမ္ဘာတလွှား အကျဉ်းကျနေသူ စုစုပေါင်းဟာ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်နေ့ အထိဆို ၃၆၁ ဦး ရှိနေတယ်လို့ ဖေါ်ပြပါတယ်။ သတင်းသမား အကျဉ်းကျမှု အများဆုံးရှိတဲ့ ဆိုးဝါးတဲ့ နိုင်ငံ ၁၀ နိုင်ငံ စာရင်းထဲမှာ တရုတ်၊ အစ္စရေးနဲ့ မြန်မာ အပြင် ဘယ်လာရုစ်၊ ရုရှား၊ ဗီယက်နမ်၊ အဇာဘိုင်ဂျန်နိုင်ငံ တွေလည်း ပါဝင်ပါတယ်။

၂၀၂၄ အကျဉ်းကျသူ ဦးရေ စာရင်းကောက်ယူမှုကနေ မြန်မာနိုင်ငံမှာ သတင်းသမား ၃၅ ဦး အခုထိ အဖမ်းဆီးခံနေရဆဲ ဖြစ်ပြီး VOA မြန်မာပိုင်း အတွက် သတင်းပေးပို့သူ ဦးစည်သူအောင်မြင့် လည်း ပါဝင်နေတာပါ။ သတင်းသမားတွေ သူ့အလုပ်သူလုပ်တာဟာ ရာဇဝတ်မှု မဟုတ်ကြောင်းနဲ့ သတင်းသမားတွေကို ခြိမ်းခြောက် ရန်ပြုတာမျိုး အဆုံးသတ် ပြီး အဖမ်းခံနေရသူတွေကို ချက်ချင်း လွှတ်ပေးဖို့ VOA အကြီးအကဲ Amanda Bennett က ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်တပ်က ပြင်းပြင်း ထန်ထန် ခြေမှုန်းခဲ့တာကြောင့် ပြည်ပ ထွက်ပြေးခိုလှုံရသူတွေ ရှိသလို ပြည်တွင်းကျန်ရစ်သူတွေလည်း အန္တရာယ် ကြားမှာ လုပ်ကိုင်နေကြ ရတာ ဖြစ်ပါတယ် ။ တရုတ်နိုင်ငံမှာတော့ တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၅၀ ရှိပြီး ကမ္ဘာမှာ သတင်းသမား အများဆုံး အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။

သတင်းသမားအကျဉ်းချခံရမှုအများဆုံး သုံးနိုင်ငံ မြန်မာပါဝင်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG