သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ကိုမြတ်ဟိန်းထွန်း အကြမ်းဖက်ပုဒ်မတွေနဲ့ ခုံရုံးတင်ခံရ

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူးဟောင်း သတင်းထောက် ကိုမြတ်ဟိန်းထွန်း
ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူးဟောင်း သတင်းထောက် ကိုမြတ်ဟိန်းထွန်း

ရခိုင်သတင်းထောက် ကိုမြတ်ဟိန်းထွန်းကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေနဲ့ စစ်ခုံရုံးတင် စစ်ဆေးနေတယ်ဆိုတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ သတင်းသမားတွေကို မတရားဖမ်းဆီးနေတဲ့ စစ်ကောင်စီလုပ်ရပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာကောင်စီ (IPCM) က ရှုတ်ချလိုက်ပါတယ်။ ရခိုင်အခြေစိုက် နိရိဥ္စရာ သတင်းမီဒီယာရဲ့ သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ ကိုမြတ်ဟိန်းထွန်းကို ရန်ကုန်မှာ စစ်ကောင်စီက မေလကုန်ပိုင်းလောက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်အလွတ်သတင်းထောက် ကိုမြတ်ဟိန်းထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့နဲ့ အမှုဖွင့်ပြီး စစ်ခုံရုံးတင် စစ်ဆေးနေပြီး လက်ရှိ လှိုင်သာယာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယူဆရကြောင်း နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီဘက်က အခုလို သတင်းသမားတွေကို မတရားဖမ်းဆီးပြီး၊ အကြမ်းဖက် ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူနေတဲ့အပေါ် ကန့်ကွက်ရှုံ့ချကြောင်း လွတ်လပ်တဲ့မြန်မာ သတင်း မီဒီယာကောင်စီ(IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဗွီအိုအေကို ပြောပါတယ်။

“ သတင်းသမားက သတင်းသမားအလုပ်ကို လုပ်တာ ဘာရာဇဝတ်မှုကိုမှ မချိုးဖောက်မှာ Journalism is not Crime ပေ့ါဗျာ။ သတင်းလုပ်ငန်းဟာ ရာဇဝတ်မှုကျူး လွန်တာမဟုတ် ဘူး၊ဆိုတော့ ကျနော်တို့က ကန့်လည်း ကန့်ကွက်တယ် ရှုံ့လည်း ရှုံ့ချတယ်၊သတင်းသမားကို သတင်းသမားနဲ့ မဆိုင်တဲ့ အခုလို အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ လျောက်တပ် ဖမ်းတာကို လည်း ကျနော်တို့ လုံးဝကန့်ကွက်တယ်၊ တချိန်ကျရင်လည်း အဲအတွက် သူတို့ ဖြေရှင်းရလိမ့် မယ်၊ ရခိုင်သတင်းသမားဆို့ရင် ဒီတယောက်မတိုင်ခင် တုန်းကလည်း အရင် DMG သတင်း ဌာနက သတင်းထောက် တယောက်နဲ့ ရုံးဝန်ထမ်းတယောက်ကိုလည်း ၅၂(က)နဲ့ ဖမ်းဆီးပြီး တော့ ကြီးလေးတဲ့ အပြစ်တွေပေးတယ်။ အဲမတိုင်ခင် Documentary filmmaker မရှင်ဒေဝီကိုလည်း အဲလိုလုပ်တယ်၊ဒါကိုကျနော်တို့ လုံးဝကန့်ကွက်တယ် လုံးဝလည်းမဖြစ်သင့်ဘူး။”

ရခိုင်အခြေစိုက် သတင်းမီဒီယာတခုဖြစ်တဲ့ နိရိဥ္စရာသတင်းဌာနက သတင်းထောက် မအေးမြတ်ခိုင်ကလည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ကို မြတ်ဟိန်းထွန်း ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ကိုမြတ်ဟိန်းထွန်း မတရားဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး ပထမဆုံးပြောချင်တာက အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ ဒါဟာ သတင်းထောက်တွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။ သတင်းရေးသားတယ်ဆိုတာ မတရားမှု လုပ်နေတာလည်းမဟုတ်ဘူး ရာဇဝတ်မှု ကျူးလွန်နေတာလည်းမဟုတ်ဘူး၊ ဒါပေမယ့် အခုလို စစ်ခုံရုံးမှာ စစ်တရားရုံးမှာ လုံးဝကို ပြင်းပြင်းထန်ထန်အရေးယူ တယ်ဆိုတာက တကယ်ကို လူ့အခွင့်အရေး ချိုးဖောက်တာလည်းဖြစ်တယ်ပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ သတင်းဌာန တွေကိုဖျက်သိမ်းတာ၊ တရားမဝင်ကြေငြာတာတွေအပြင် သတင်း ထောက်တော် တော်များ များကိုလည်း ဖမ်းဆီးအကျဉ်းချတာတွေ လုပ်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီကနေ အခုလက်ရှိ နိရဥ္စရာ သတင်းဌာနတခုလုံးကိုတရားစွဲဆိုထားတာကြောင့် သတင်းသမားတွေ အားလုံး ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ပြည်တွင်း သတင်းသမားတွေကို စစ်ကောင်စီ ဖိနှိပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ထွက်ပြေး နေရတဲ့ သတင်းထောက် မအေးမြတ်ခိုင်က အခုလို ပြောပါတယ်။

“ မြတ်ဟိန်းထွန်းမှ မဟုတ်ဘူး တခြားရခိုင်က သတင်းသမားတွေလည်း တရားစွဲ ခံထားရ တာ ရှိတယ် ဖမ်းဆီးခံထားရတာရှိိတယ်၊ ကျမတို့ နိရဥ္စရာရုံးဆိုရင်လည်းတရုံးလုံးကို သူတို့ တရားစွဲ ထားတာရှိတယ်၊ တခြားလိုက်ပြီး ဖမ်းဆီးတာတွေကြောင့် ကျမတို့ဆိုလို့ ရှိရင်လည်း တခြား နိုင်ငံနယ်စပ်ဘက်တွေကို ထွက်ပြေးလာရတာတွေ ရှိတယ်ပေါနော်၊ ဒါဟာ သူတို့ သတင်း သမားတွေကို ဖိနိုပ်တာ ပြည်သူတွေ သတင်းအချက်အလက် ရရှိမှုကို သူတို့ လိုက်ပြီး ကန့် သတ်ပိတ်ပင်တာလို့ ကျမကထင်ပါတယ်။”
စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို ဥပဒေအရ ခုခံကာကွယ်ခွင့်မရှိတဲ့ စစ်ခုံရုံးမှာ စစ်ဆေးနေတာတွေမလုပ်သင့်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဦးတိုးဇော်လတ်ကလည်း တောင်းဆိုခဲ့ပါတယ်။

“ စစ်ခုံရုံးကနေပြီးတော့ အခုလို လုပ်နေတာကိုလည်း ကန့်ကွက်တယ်၊ ဒါက တရားဥပဒေ စိုးမိုးမှုမရှိတော့တာကို ပြတာ၊ သတင်းသမားရယ်လို့ မဟုတ်ဘူး တခြားလူတွေကိုလည်း စစ်ခုံရုံးနဲ့ အကျဉ်းရုံး ပေါ့နော် လူတွေရဲ့ ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့်လည်း လုံးဝမရှိဘူး၊ အဲတာတွေကိုလည်း ကျနော်တို့က လုံးဝ လက်မခံပါဘူး၊ ဒါက မတရားဖမ်းဆီးထိန်း သိမ်းခံရတာလို့ ပြောပါရစေ အမြန်ဆုံး ပြန်လွတ်ပေးသင့်တယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့က ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းထောင်ချခံရသူ သတင်းသမားစုစုပေါင်း ၂ဝဝ ကျော် အထိရှိပြီး အဲဒီထဲမှာ တချို့ပြန်လွတ်လာပြီး လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ထောင်ချခံထားရသူ ၅ဝဦး အထိရှိနေသေးတယ်လို့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီ ယာကောင်စီ IPCMရဲ့ စာရင်းမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာပဲ ရခိုင်အခြေစိုက် သတင်းမီဒီယာတခုဖြစ်တဲ့ Development Media Group(DMG) သတင်းဌာနက သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို အကြမ်း ဖက်လုပ်ရပ်တွေမှာပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့တာပါ။ စစ်ခုံရုံးတင်စစ်ဆေးခံနေရတဲ့ ရခိုင်သတင်းထောက် ကိုမြတ်ဟိန်းထွန်းနဲ့ပတ်သတ်ပြီးတော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန် ထားတာမျိုးမရှိသေးပါဘူး။

သတင်းထောက် ကိုမြတ်ဟိန်းထွန်း အကြမ်းဖက်ပုဒ်မတွေနဲ့ ခုံရုံးတင်ခံရ
please wait

No media source currently available

0:00 0:04:35 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG