သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ် ဟောင်ဝစ်ဇာအမြောက်ကြီးများ တရုတ်ချထား


တရုတ်-မြန်မာနယ်စပ်မှာ တရုတ်စစ်သားတွေကို စကားပြောနေတဲ့ မြန်မာမိခင်တဦး (နိုဝင်ဘာ ၂၆၊ ၂၀၂၃)
တရုတ်-မြန်မာနယ်စပ်မှာ တရုတ်စစ်သားတွေကို စကားပြောနေတဲ့ မြန်မာမိခင်တဦး (နိုဝင်ဘာ ၂၆၊ ၂၀၂၃)

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်မှာ ဟောင်ဝစ်ဇာအမြောက်ကြီးတွေနဲ့ လက်နက်ကြီးကျည်လာရာလမ်းကိုသိနိုင်တဲ့ ရေဒါတွေချထားတယ်လို့ တရုတ် နိုင်ငံတော်ပိုင် Global Times သတင်းစာကြီးက စနေနေ့ က ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလိုက်ပါတယ်။

တရုတ်ပြည်သူ့တပ်မတော် ရဲ့ တရုတ်တောင်ပိုင်း စစ်ရေးလေ့ကျင့်မှုမှာ ခုလိုတွေ့ရတာဖြစ်တယ်လို့ နယူးစ်ဝိခ် မဂ္ဂဇင်းက ဆိုပါတယ်။ အိမ်နီးချင်းတိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့အခြေအနေမှာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာကာကွယ်ရေးအတွက် တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ပြသလိုက်တာဖြစ်တယ်လို့ Global Times က ပြောပါတယ်။

ခုလို လေ့ကျင့်တာဟာ နှစ်စဥ် လေ့ကျင့်ရေးစီမံကိန်းအတိုင်း ကျင့်တာဖြစ်ပြီး မြန်မြန်ဆန်ဆန် တပ်ရွှေ့ပြောင်းနိုင်ရေး၊ နယ်စပ်ကိုပိတ်ရေးနဲ့ တိုင်းအတွင်းရှိ စစ်တပ်တွေရဲ့ ပစ်ခတ်နိုင်စွမ်းကိုစမ်းသပ်ဖို့ ရည်ရွယ်တယ်လို့လည်း Global Times က ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်ဆင်ဖို့၊ မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့တော့ တရုတ်မှာ ဆန္ဒရှိလိမ့်မယ်လို့မထင်ကြောင်း University of London ရဲ့ အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးကျောင်းက ကထိက Avinash Paliwal က နယူးစ်ဝိခ် ကို ပြောပါတယ်။

ခုလို လေ့ကျင့်တာဟာ အနီးက ပဋိပက္ခအပေါ် တုံ့ပြန်လိုက်တာဖြစ်ရုံမက သူ့ရဲ့နယ်စပ်တည်ငြိမ်ရေးကိုလည်း ရည်ရွယ်ကြောင်း အနောက်နိုင်ငံတွေကို တရုတ်က အချက်ပြလိုက်တဲ့သဘောဖြစ်ပါတယ်လို့ Paliwal က ယူဆပါတယ်။ မြန်မာနိုင်ငံပြိုကွဲတာက လုံးဝ တကယ်ဖြစ်နိုင်ခြေပါ-လို့ Paliwal က နယူးစ်ဝိခ် မဂ္ဂဇင်းကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG