[Zawgyi/Unicode]
ကခ်င္ျပည္နယ္နဲ႔ နယ္စပ္ေဒသမွာ တ႐ုတ္ႏုိင္ငံဘက္က ၿခံစည္း႐ုိး ကာရံခဲ့ရာမွာ ၾကားခံနယ္ေျမထဲအထိ ေရာက္ခဲ့တာေၾကာင့္ ျမန္မာအာဏာပုိင္ေတြ ကန္႔ကြက္ခဲ့ၿပီးေနာက္ တ႐ုတ္ႏုိင္ငံက ျပန္ဆုတ္ေပးလုိက္တဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။
တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္၊ လုံခြၽမ္ခ႐ိုင္နဲ႔ ျမန္မာဘက္ ဗန္းေမာ္ခ႐ိုင္၊ မိုးေမာက္ၿမိဳ႕ လြယ္ဂ်ယ္နဲ႔ နယ္စပ္ၾကားမွာ တ႐ုတ္ႏုိင္ငံက သံၿခံစည္း႐ိုး ကာရံရာမွာ တခ်ဳိ႕ေနရာေတြမွာ ၂ ႏိုင္ငံၾကားခံနယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့ေနရာထဲအထိ ေရာက္ခဲ့တာေၾကာင့္ ျမန္မာဘက္က ကန႔္ကြက္ခဲ့တာပါ။ နယ္နမိတ္မွတ္တိုင္ ၄၉/၂ နဲ႔ မွတ္တိုင္ ၅၀ ၾကား ၾကားခံနယ္ေျမျဖစ္တဲ့ ၁၀ မီတာ အတြင္းပုိင္းမွာ တ႐ုတ္ႏုိင္ငံဘက္က ၿခံစည္း႐ိုးကာခဲ့လို႔ ၂ ႏိုင္ငံ နယ္စပ္စာခ်ဳပ္စည္းကမ္းေတြအရ စာေပးပို႔ ကန႔္ကြက္ခဲ့တာလုိ႔လည္း လြယ္ဂ်ယ္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးယဥ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။ ဒါေပမဲ့လည္း ႏွစ္ ႏိုင္ငံ သေဘာတူညီခ်က္အရ သတ္မွတ္ထားတဲ့ နယ္ေျမအတုိင္း တ႐ုတ္ႏုိင္ငံက ျပန္ဆုတ္ေပးလိုက္ၿပီလို႔ ေျပာပါတယ္။
“အဓိကေတာ့ နယ္နမိတ္မွတ္တိုင္ရွိတဲ့ေနရာ တိုင္းရတာေပါ့ေနာ္၊ မွတ္တိုင္ရွိတဲ့ေနရာ တိုင္းလိုက္ေတာ့ ၁၀ မီတာျပည့္ဖို႔အတြက္ ၁ ေပလိုတယ္၊ ၁ ေပလိုေတာ့ သူတို႔ကို စာနဲ႔ ကန႔္ကြက္တယ္၊ ႏႈတ္နဲ႔ကန႔္ကြက္တယ္။ ကန႔္ကြက္ေတာ့သူတို႔ ေနာက္ကိုျပန္ဆုတ္ေပးတယ္။”
ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္ယူနန္ျပည္နယ္နဲ႔ ဆက္စပ္ေနတဲ့ ေဒသေတြမွာလည္း တ႐ုတ္ဘက္က ႏိုဝင္ဘာလကတည္းက ၿခံစည္႐ိုးကာေနတာ ျဖစ္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာ နယ္စပ္ၿခံစည္း႐ိုးေက်ာက္တိုင္ေက်ာ္ၿပီး ကာရံခဲ့လို႔ ျမန္မာဘက္ ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ တ႐ုတ္လင္ခ်န္းခ႐ိုင္ ဒုၿမိဳ႕ေတာ္ဝန္အဆင့္ တာဝန္ရွိသူေတြနဲ႔ ဒီဇင္ဘာ ၂၂ ရက္ကေတြ႕ၿပီး ေဆြးေႏြးခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံဘက္က ၿခံစည္း႐ုိးကာရံေနတာဟာ ကုိဗစ္ကပ္ေရာဂါကာလ ယာယီအစီအစဥ္သာ ျဖစ္တယ္လို႔ တ႐ုတ္ဘက္က တုံ႔ျပန္ထားေၾကာင္းလည္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးေငြဒိုးက ေျပာပါတယ္။
“ေရာဂါေတြ ကင္းစင္ပေပ်ာက္သြားရင္ ျပန္ျဖဳတ္ေပးမယ္လို႔ ေျပာပါတယ္။ သူတို႔လည္း သေဘာေပါက္ပါတယ္တဲ့ ဒါေတြက ေနာင္က်ရင္ ျပန္ျဖဳတ္ေပးရမွာေလ။ ေတာင္သူေတြထဲေရာက္ေနတာ တခ်ိဳ႕ဟာ သူတို႔ကာတာေတြက။ နယ္စပ္မ်ဥ္းထဲ ေရာက္တယ္ဆိုရင္ေတာ့ က်ေနာ္တို႔က သိတာနဲ႔ ကန႔္ကြက္လိုက္တာေပါ့။ အဲဒီေတာ့သူတို႔ ေနာက္ျပန္ဆုတ္ေပးတာေပါ့ ဒါမ်ိဳးေတြ။”
တ႐ုတ္ဘက္က ၿခံစည္း႐ိုးကာဖို႔ ခက္ခဲတဲ့ ေနရာေတြက လြဲလို႔ေနရာအမ်ားစုမွာ ၿခံစည္း႐ိုးကာေနတာပါ။ အျငင္ပြားမႈ မၾကာခဏရွိေနတဲ့ ျမန္မာ- တ႐ုတ္နယ္စပ္ျပႆနာကို ေျဖရွင္းဖို႔ နယ္စပ္ေဒသမ်ား စီမံခန႔္ခြဲေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူစာခ်ဳပ္ (၁၉၉၇) ကို လက္မွတ္ေရးထိုး ထားတာရွိပါတယ္။
ဇန္နဝါရီ ၁၁ ရက္မွာ ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒီလိုထိပ္ပိုင္း တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီး စီးပြားေရးနဲ႔ ေငြေၾကးအေထာက္အပံ့ကိစၥ တခ်ိဳ႕ကို နားလည္မႈ စာခြၽန္ေရးထိုးခဲ့သလို နယ္စပ္ေဒသတည္ၿငိမ္ေရး ပူးတြဲလုပ္ေဆာင္ဖို႔လည္း သေဘာတူခဲ့ၾကပါတယ္။
[Unicode Version]
နယ်စပ်ခြံစည်းရိုးကာမှု တရုတ်ပြန်နောက်ဆုတ်
ကချင်ပြည်နယ်နဲ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး ကာရံခဲ့ရာမှာ ကြားခံနယ်မြေထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာအာဏာပိုင်တွေ ကန့်ကွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်နဲ့ မြန်မာဘက် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ လွယ်ဂျယ်နဲ့ နယ်စပ်ကြားမှာ တရုတ်နိုင်ငံက သံခြံစည်းရိုး ကာရံရာမှာ တချို့နေရာတွေမှာ ၂ နိုင်ငံကြားခံနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာထဲအထိ ရောက်ခဲ့တာကြောင့် မြန်မာဘက်က ကန့်ကွက်ခဲ့တာပါ။ နယ်နမိတ်မှတ်တိုင် ၄၉/၂ နဲ့ မှတ်တိုင် ၅၀ ကြား ကြားခံနယ်မြေဖြစ်တဲ့ ၁၀ မီတာ အတွင်းပိုင်းမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာခဲ့လို့ ၂ နိုင်ငံ နယ်စပ်စာချုပ်စည်းကမ်းတွေအရ စာပေးပို့ ကန့်ကွက်ခဲ့တာလို့လည်း လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း နှစ် နိုင်ငံ သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ နယ်မြေအတိုင်း တရုတ်နိုင်ငံက ပြန်ဆုတ်ပေးလိုက်ပြီလို့ ပြောပါတယ်။
“အဓိကတော့ နယ်နမိတ်မှတ်တိုင်ရှိတဲ့နေရာ တိုင်းရတာပေါ့နော်၊ မှတ်တိုင်ရှိတဲ့နေရာ တိုင်းလိုက်တော့ ၁၀ မီတာပြည့်ဖို့အတွက် ၁ ပေလိုတယ်၊ ၁ ပေလိုတော့ သူတို့ကို စာနဲ့ ကန့်ကွက်တယ်၊ နှုတ်နဲ့ကန့်ကွက်တယ်။ ကန့်ကွက်တော့သူတို့ နောက်ကိုပြန်ဆုတ်ပေးတယ်။”
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာလည်း တရုတ်ဘက်က နိုဝင်ဘာလကတည်းက ခြံစည်ရိုးကာနေတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ နယ်စပ်ခြံစည်းရိုးကျောက်တိုင်ကျော်ပြီး ကာရံခဲ့လို့ မြန်မာဘက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တရုတ်လင်ချန်းခရိုင် ဒုမြို့တော်ဝန်အဆင့် တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၂ ရက်ကတွေ့ပြီး ဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံနေတာဟာ ကိုဗစ်ကပ်ရောဂါကာလ ယာယီအစီအစဉ်သာ ဖြစ်တယ်လို့ တရုတ်ဘက်က တုံ့ပြန်ထားကြောင်းလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ပြောပါတယ်။
“ရောဂါတွေ ကင်းစင်ပပျောက်သွားရင် ပြန်ဖြုတ်ပေးမယ်လို့ ပြောပါတယ်။ သူတို့လည်း သဘောပေါက်ပါတယ်တဲ့ ဒါတွေက နောင်ကျရင် ပြန်ဖြုတ်ပေးရမှာလေ။ တောင်သူတွေထဲရောက်နေတာ တချို့ဟာ သူတို့ကာတာတွေက။ နယ်စပ်မျဉ်းထဲ ရောက်တယ်ဆိုရင်တော့ ကျနော်တို့က သိတာနဲ့ ကန့်ကွက်လိုက်တာပေါ့။ အဲဒီတော့သူတို့ နောက်ပြန်ဆုတ်ပေးတာပေါ့ ဒါမျိုးတွေ။”
တရုတ်ဘက်က ခြံစည်းရိုးကာဖို့ ခက်ခဲတဲ့ နေရာတွေကလွဲလို့ နေရာအများစုမှာ ခြံစည်းရိုးကာနေတာပါ။ အငြင်ပွားမှု မကြာခဏရှိနေတဲ့ မြန်မာ- တရုတ်နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၉၇) ကို လက်မှတ်ရေးထိုး ထားတာရှိပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ် ဒီလိုထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ငွေကြေးအထောက်အပံ့ကိစ္စ တချို့ကို နားလည်မှု စာချွန်ရေးထိုးခဲ့သလို နယ်စပ်ဒေသတည်ငြိမ်ရေး ပူးတွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။