သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊလီမွာ ဘဏ္စာရင္းေတြပိတ္တဲ့ ကိစၥ တရုတ္ေျဖရွင္းဖို႔ ျမန္မာကုန္သည္ေတြ ေတာင္းဆို


တရုတ္-ျမန္မာ နယ္စပ္ဂိတ္ တေနရာ

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္၊ ေရႊလီၿမိဳ႕က ဘဏ္ေတြမွာရွိတဲ့ ျမန္မာကုန္သည္ေတြရဲ႕ ေငြစာရင္းေတြကုိ တ႐ုတ္အာဏာပုိင္ေတြ ႐ုတ္တရက္ ပိတ္လုိက္တဲ့အတြက္ ၂ ႏုိင္ငံတာ၀န္ရွိသူေတြ ေျဖရွင္းဖုိ႔ ညွိႏႈိင္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ေရႊလီၿမိဳ႕က ဘဏ္ေတြမွာရွိေနတဲ့ ျမန္မာကုန္သည္ေတြရဲ႕ ဘဏ္စာရင္းေတြကို စိစစ္ဖုိ႔ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ မၾကာေသးခင္ကပဲ ပိတ္လိုက္တာေၾကာင့္ အျမန္ဆုံးေျဖရွင္းေပးဖို႔ ျမန္မာတာဝန္ရွိသူေတြနဲ႔ ကုန္သည္ေတြ ဒီေန႔ပဲ တ႐ုတ္ႏုိင္ငံက တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံၿပီး ေတာင္းဆိုလိုက္တာပါ။ ဒီလုိေတြ႔ဆုံရာမွာ ျမန္မာကုန္သည္ေတြရဲ႕ ဘဏ္စာရင္းေတြကုိ စိစစ္ဖုိ႔ရွိေနတဲ့အေၾကာင္း တ႐ုတ္ဘက္က တုံ႔ျပန္ခဲ့တယ္လုိ႔လည္း မူဆယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရး ဒုတိယၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက ဗြီအိုေအကို ေျပာပါတယ္။

“တ႐ုတ္ကေန ျမန္မာဘဏ္အေကာင့္ ပိတ္တဲ့ကိစၥေတြ ဒါ ရွင္းဖို႔ တ႐ုတ္ဘက္နဲ႔ ညႇိႏႈိင္းအစည္းအေဝး ၁ နာရီခြဲကစၿပီးေတာ့ ေဆြးေႏြးေနတယ္။ (မူဆယ္) ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ပါတယ္ဗ်၊ က်န္တာကေတာ့ ကုန္သည္ႀကီးမ်ားအသင္းတို႔ နကသတို႔၊ အေကာက္ခြန္တို႔လည္း ပါပါတယ္။”

ကုန္စည္ပို႔ေဆာင္ေရး မျပတ္ေတာက္ဖို႔နဲ႔ နယ္စပ္က ႏွစ္ဘက္ျပႆနာေတြ ညႇိႏႈိင္းဖို႔ ေ႐ႊလီၿမိဳ႕ေတာ္ဝန္နဲ႔ မၾကာခင္ေတြ႔ဆုံ ေဆြးေႏြးဖုိ႔ စီစဥ္ထားေၾကာင္းလည္း ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

ဒီကေန႔ ညွိႏႈိင္းေဆြးေႏြးရာမွာ ပါ၀င္ခဲ့သူ တဦးျဖစ္တဲ့ မူဆယ္ၿမိဳ႕က ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းကေတာ့ ဥပေဒမဲ့ လုပ္ရပ္ေတြနဲ႔ ဆက္ႏြယ္မႈ ရွိ၊ မရွိ စစ္ေဆးၿပီး ကင္းရွင္းေၾကာင္း အတည္ျပဳႏုိင္တဲ့ ကုန္သည္ေတြရဲ႕ ေငြစာရင္းေတြကုိေတာ့ ျပန္ဖြင့္ေပးမွာ ျဖစ္ေၾကာင္း တ႐ုတ္ႏုိင္ငံ တာ၀န္ရွိသူေတြက တုံ႔ျပန္ခဲ့တယ္လုိ႔လည္း ဗြီအိုေအကို ေျပာပါတယ္။

“ဘဏ္အေကာင့္ ပိတ္ခံရတဲ့သူေတြရဲ႕ စာရင္းေတြေပါင္းၿပီး အဲဒီစာရင္းေတြ စုစုၿပီးေတာ့မွ ေ႐ႊလီအာဏာပိုင္ေတြကို တင္ျပထားတယ္။ ေ႐ႊလီအာဏာပိုင္ေတြက တဆင့္ ယူနန္ျပည္နယ္ အစိုးရထိ တင္ျပၿပီးေတာ့ ဒီအေကာင့္ေတြကို စိစစ္ၿပီး ျပန္လည္ဖြင့္လွစ္ေပးဖို႔ အစည္းအေဝး လုပ္တာပါ။ ဗမာဘက္က အေကာင့္ကေတာ့ ခန႔္မွန္းေျခ အခု ၁၆၀ ေလာက္ရွိတယ္။ သူတို႔ေျပာတာကေတာ့ ဒီလို မူးယစ္ေဆးဝါးကေငြေတြ ဝင္လာတယ္။ တခ်ိဳ႕ကလည္း ေလာင္းကစားကေငြေတြ ဝင္လာတယ္။ အဲဒီေငြေတြေၾကာင့္ ျပန္စစ္ေဆးခ်င္တယ္ေပါ့။ တကယ္လို႔ လမ္းေၾကာင္းမွန္က ဝင္လာတယ္။ တရားဝင္တယ္ဆိုရင္ ျပန္ဖြင့္ေပးမယ္.. အဲဒီလိုေျပာတာေပါ့။”

ျမန္မာကုန္သည္ေတြရဲ႕ တ႐ုတ္ႏုိင္ငံက ဘဏ္စာရင္းေတြကုိ အရင္ကလည္း မၾကာခဏ ပိတ္ေလ့ရွိတတ္ပါတယ္။ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ နယ္စပ္ေဒသ သြားလာလႈပ္ရွားမႈေတြကုိ တ႐ုတ္ႏုိင္ငံက ကန္႔သတ္ထားတာေၾကာင့္ ေန႔စဥ္ အေမရိကန္ေဒၚလာ ၁၂ သန္းေလာက္ ကုန္သြယ္မႈပမာဏရွိတဲ့ နယ္စပ္ကုန္သြယ္ေရးမွာ ထိခုိက္မႈေတြ ႀကံဳေနရခ်ိန္မွာပဲ အခုေနာက္ထပ္ ကုန္သည္ေတြ ဘဏ္စာရင္းပိတ္ခံရတဲ့ အေျခအေနနဲ႔ ႀကံဳေနရတာပါ။

တခ်ိန္တည္းမွာပဲ တ႐ုတ္အာဏာပုိင္ေတြ အာမခံေပးထားတဲ့ တ႐ုတ္ဆန္ကုမၸဏီတခုက ျမန္မာဆန္ကုန္သည္ေတြဆီက က်ပ္ေငြသန္းေပါင္း ၁၀၀,၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ လိမ္လည္မႈ ျဖစ္ပြားခဲတာနဲ႔ ပတ္သက္လုိ႔ အေရးယူႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ သံတမန္ေရးအရ ေျဖရွင္းလုိ႔ မရရင္ ဥပေဒေၾကာင္းအရပါ ေျဖရွင္းဖုိ႔ ျပင္ဆင္ထားတယ္လုိ႔လည္း ျမန္မာကုန္သည္တဦးျဖစ္တဲ့ ဦးမင္းသိန္းက ေျပာပါတယ္။

“ေငြလိမ္ခံရတဲ့သူေတြကို စာရင္းေကာက္မယ္။ စာရင္းရၿပီဆိုရင္ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနကို တင္ျပၿပီး အကူအညီေတာင္းမယ္။ ဒီလို ဒီလိုေတာ့ ျဖစ္ပါတယ္ ဒါေတြက်ေနာ္တို႔ကို သံခင္းတမန္ခင္းအရ ေဆြးေႏြးေပးပါ။ ေဆာင္႐ြက္ေပးပါဆိုၿပီး ျမန္မာႏိုင္ငံ တ႐ုတ္သံ႐ုံးကတဆင့္ တရားစြဲသင့္ တရားစြဲမယ္ အေႂကြးေတာင္းသင့္ရင္ ေတာင္းမယ္။ လိုက္သင့္ရင္ လိုက္ရမွာေပါ့။ အဲလိုေတာ့ စီစဥ္ထားတယ္။”

နယ္စပ္ကုန္သြယ္ေရး၊ တ႐ုတ္ႏုိင္ငံက အေကာင္အထည္ေဖာ္ေနတဲ့ ေခတ္သစ္ပုိးလမ္းမ စီမံကိန္းေတြနဲ႔ ပတ္သက္လုိ႔ ၿပီးခဲ့တဲ့ ေမလထဲမွာတုန္းကလည္း ျမန္မာသမၼတ ဦး၀င္းျမင့္၊ တ႐ုတ္သမၼတ ရွီက်င့္ပင္တုိ႔ ေဆြးေႏြးခဲ့ၾကသလုိ၊ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္႐ုံး အရာရွိေတြနဲ႔ တ႐ုတ္ေဒသခံ အာဏာပုိင္ေတြလည္း နယ္စပ္ကုန္သြယ္ေရးဆုိင္ရာ ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ဖူးပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ျမန္မာႏုိင္ငံရဲ႕အဓိက ကုန္သြယ္ဖက္တခုျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈပမာဏဟာလည္း ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ ၁၂ ဘီလီယံ (၁၂၁၂၆. ၂၇၈ သန္း) ေက်ာ္ရွိခဲ့ေၾကာင္း ျမန္မာႏုိင္ငံ ကုန္သြယ္ေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့က ဘဏ်တွေမှာရှိတဲ့ မြန်မာကုန်သည်တွေရဲ့ ငွေစာရင်းတွေကို တရုတ်အာဏာပိုင်တွေ ရုတ်တရက် ပိတ်လိုက်တဲ့အတွက် ၂ နိုင်ငံတာဝန်ရှိသူတွေ ဖြေရှင်းဖို့ ညှိနှိုင်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ရွှေလီမြို့က ဘဏ်တွေမှာရှိနေတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာသေးခင်ကပဲ ပိတ်လိုက်တာကြောင့် အမြန်ဆုံးဖြေရှင်းပေးဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ ကုန်သည်တွေ ဒီနေ့ပဲ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုလိုက်တာပါ။ ဒီလိုတွေ့ဆုံရာမှာ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်ဖို့ရှိနေတဲ့အကြောင်း တရုတ်ဘက်က တုံ့ပြန်ခဲ့တယ်လို့လည်း မူဆယ်ခရိုင် အုပ်ချုပ်ရေး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ကနေ မြန်မာဘဏ်အကောင့် ပိတ်တဲ့ကိစ္စတွေ ဒါ ရှင်းဖို့ တရုတ်ဘက်နဲ့ ညှိနှိုင်းအစည်းအဝေး ၁ နာရီခွဲကစပြီးတော့ ဆွေးနွေးနေတယ်။ (မူဆယ်) ခရိုင်အုပ်ချုပ်ရေးမှူး ပါတယ်ဗျ၊ ကျန်တာကတော့ ကုန်သည်ကြီးများအသင်းတို့ နကသတို့၊ အကောက်ခွန်တို့လည်း ပါပါတယ်။”

ကုန်စည်ပို့ဆောင်ရေး မပြတ်တောက်ဖို့နဲ့ နယ်စပ်က နှစ်ဘက်ပြဿနာတွေ ညှိနှိုင်းဖို့ ရွှေလီမြို့တော်ဝန်နဲ့ မကြာခင်တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်းလည်း ဦးမောင်မောင်သန်းက ပြောပါတယ်။

ဒီကနေ့ ညှိနှိုင်းဆွေးနွေးရာမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ မူဆယ်မြို့က ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကတော့ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ဆက်နွယ်မှု ရှိ၊ မရှိ စစ်ဆေးပြီး ကင်းရှင်းကြောင်း အတည်ပြုနိုင်တဲ့ ကုန်သည်တွေရဲ့ ငွေစာရင်းတွေကိုတော့ ပြန်ဖွင့်ပေးမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံ တာဝန်ရှိသူတွေက တုံ့ပြန်ခဲ့တယ်လို့လည်း ဗွီအိုအေကို ပြောပါတယ်။

“ဘဏ်အကောင့် ပိတ်ခံရတဲ့သူတွေရဲ့ စာရင်းတွေပေါင်းပြီး အဲဒီစာရင်းတွေ စုစုပြီးတော့မှ ရွှေလီအာဏာပိုင်တွေကို တင်ပြထားတယ်။ ရွှေလီအာဏာပိုင်တွေက တဆင့် ယူနန်ပြည်နယ် အစိုးရထိ တင်ပြပြီးတော့ ဒီအကောင့်တွေကို စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ပေးဖို့ အစည်းအဝေး လုပ်တာပါ။ ဗမာဘက်က အကောင့်ကတော့ ခန့်မှန်းခြေ အခု ၁၆၀ လောက်ရှိတယ်။ သူတို့ပြောတာကတော့ ဒီလို မူးယစ်ဆေးဝါးကငွေတွေ ဝင်လာတယ်။ တချို့ကလည်း လောင်းကစားကငွေတွေ ဝင်လာတယ်။ အဲဒီငွေတွေကြောင့် ပြန်စစ်ဆေးချင်တယ်ပေါ့။ တကယ်လို့ လမ်းကြောင်းမှန်က ဝင်လာတယ်။ တရားဝင်တယ်ဆိုရင် ပြန်ဖွင့်ပေးမယ်.. အဲဒီလိုပြောတာပေါ့။”

မြန်မာကုန်သည်တွေရဲ့ တရုတ်နိုင်ငံက ဘဏ်စာရင်းတွေကို အရင်ကလည်း မကြာခဏ ပိတ်လေ့ရှိတတ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ နယ်စပ်ဒေသ သွားလာလှုပ်ရှားမှုတွေကို တရုတ်နိုင်ငံက ကန့်သတ်ထားတာကြောင့် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းလောက် ကုန်သွယ်မှုပမာဏရှိတဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြုံနေရချိန်မှာပဲ အခုနောက်ထပ် ကုန်သည်တွေ ဘဏ်စာရင်းပိတ်ခံရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။

တချိန်တည်းမှာပဲ တရုတ်အာဏာပိုင်တွေ အာမခံပေးထားတဲ့ တရုတ်ဆန်ကုမ္ပဏီတခုက မြန်မာဆန်ကုန်သည်တွေဆီက ကျပ်ငွေသန်းပေါင်း ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ လိမ်လည်မှု ဖြစ်ပွားခဲတာနဲ့ ပတ်သက်လို့ အရေးယူနိုင်အောင် စီစဉ်နေတယ်လို့လည်း မြန်မာကုန်သည်တွေက ပြောပါတယ်။ သံတမန်ရေးအရ ဖြေရှင်းလို့ မရရင် ဥပဒေကြောင်းအရပါ ဖြေရှင်းဖို့ ပြင်ဆင်ထားတယ်လို့လည်း မြန်မာကုန်သည်တဦးဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။

“ငွေလိမ်ခံရတဲ့သူတွေကို စာရင်းကောက်မယ်။ စာရင်းရပြီဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တင်ပြပြီး အကူအညီတောင်းမယ်။ ဒီလို ဒီလိုတော့ ဖြစ်ပါတယ် ဒါတွေကျနော်တို့ကို သံခင်းတမန်ခင်းအရ ဆွေးနွေးပေးပါ။ ဆောင်ရွက်ပေးပါဆိုပြီး မြန်မာနိုင်ငံ တရုတ်သံရုံးကတဆင့် တရားစွဲသင့် တရားစွဲမယ် အကြွေးတောင်းသင့်ရင် တောင်းမယ်။ လိုက်သင့်ရင် လိုက်ရမှာပေါ့။ အဲလိုတော့ စီစဉ်ထားတယ်။”

နယ်စပ်ကုန်သွယ်ရေး၊ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလထဲမှာတုန်းကလည်း မြန်မာသမ္မတ ဦးဝင်းမြင့်၊ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဆွေးနွေးခဲ့ကြသလို၊ ယူနန်ပြည်နယ် ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး အရာရှိတွေနဲ့ တရုတ်ဒေသခံ အာဏာပိုင်တွေလည်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အဓိက ကုန်သွယ်ဖက်တခုဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာလည်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ (၁၂၁၂၆. ၂၇၈ သန်း) ကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG