သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း အိမ်ထောင်ရေး ဖောက်ပြန်လို့ အထုတ်ခံခဲ့ရကြောင်း WSJ ဖော်ပြ


အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့သတင်းထွက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang (ယခင်မှတ်တမ်းရုပ်ပုံ)
အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့သတင်းထွက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang (ယခင်မှတ်တမ်းရုပ်ပုံ)

ပြီးခဲ့တဲ့ဇူလိုင်လ ၁၉ ရက်နေ့က ရာထူးကဖယ်ရှားခံခဲ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ဂန်း (Qin Gang) ဟာ အမေရိကန်ပြည်ထောင်စုမှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်း အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြောင်း ဝေါစထရိဂျာနယ် (Wall Street Journal) က နီးစပ်သူတွေကို ကိုးကားပြီး အင်္ဂါနေ့မှာ သတင်းဖော်ပြပါတယ်။

ဒီဖြစ်ရပ်အတွက် တရုတ်တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ ချင်ဂန်းက ပူးပေါင်းဆောင်ရွက်နေပြီး ဒါက တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်မှုရှိ၊ မရှိအပေါ် အဓိက စစ်ဆေးနေကြောင်း ဝေါစထရိဂျာနယ်ရဲ့ သတင်းက ဆိုပါတယ်။ ကွန်မြူနစ်ပါတီတွင်း စုံစမ်းစစ်ဆေးမှုလုပ်ရာမှာ ချင်ဂန်းဟာ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့တလျှောက်မှာ အိမ်ထောင်ပြင်ပဆက်ဆံရေးရှိခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ တရုတ်အကြီးတန်းအရာရှိတွေကို ပါတီက ထုတ်ပြောခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ချင်ဂန်းဟာ ဝါရှင်တန်မှာ တရုတ် သံအမတ်အဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အမေရိကန်မှာ ချင်ဂန်းဟာ အိမ်ထောင်ပြင်ပ ဆက်ဆံရေးက တဆင့် ကလေး တဦးရခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ရေးပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က လုပ်တဲ့ တရုတ်အစိုးရရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းကို မေးရာမှာတော့ “တရုတ်နိုင်ငံခြားရေးဝန်ကြီး ရာထူးဖယ်ရှားခဲ့တာနဲ့ အသစ်ခန့်အပ်တာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပြီး အခု ပြောတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး သိရှိထားခြင်း မရှိဘူး” လို့ ဖြေကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ချင်ဂန်းရဲ့နေရာမှာ ဝါရင့်သံတမန်တဦးလည်း ဖြစ်၊ အရင်က နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဝမ်ယီ (Wang Yi) ကို ဇူလိုင်လထဲမှာ ပြန်လည် ခန့်အပ်ခဲ့တာပါ။ ချင်ဂန်းဟာ ရာထူးက မထုတ်ခံရမီ တလကြာ လူမြင်ကွင်းကနေပျောက်နေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG