သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA ကို ကိုဗစ္ကာကြယ္ေဆး တေသာင္း တ႐ုတ္အစိုးရက ေပးပို႔ 


KIO/KAI ကိုဗစ္ ကာကြယ္ကုသေရးစင္တာ (Photo - Kachinwaves / Kachin Net)

[ Zawgyi ]

ျမန္မာႏိုင္ငံဖက္ကေန ကိုဗစ္ေရာဂါပိုး ကူးစက္ ပ်ံ႕ႏွံ႔လာမွာကို တားဆီးႏိုင္ေရးအတြက္ တ႐ုတ္-ျမန္မာနယ္စပ္ အေျခစိုက္ KIA ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕ကို တ႐ုတ္အစိုးရက ကိုဗစ္ကာကြယ္ေဆး (၁၀,၀၀၀) ေပးပို႔ခဲ့တယ္လို႔ တာဝန္ရွိသူေတြက စေနေန႔မွာ ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လတ္တေလာ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြ တေၾကာ့ျပန္ ျပင္းထန္ ျမင့္တက္ေနၿပီး ေသဆုံးမႈေတြကလည္း မ်ားေနတာပါ။ ဆရာဝန္ သူနာျပဳ အေတာ္မ်ားမ်ားလည္း CDM လႈပ္ရွားမႈထဲ ပါဝင္ေနတာေၾကာင့္ ေဆး႐ုံေတြမွာ က်န္းမာေရးဝန္ထမ္းေတြ နည္းပါးခ်ိန္လည္း ျဖစ္ပါတယ္။

ဒီလို အေျခအေနမွာ တ႐ုတ္အာဏာပိုင္ေတြထံ အကူအညီ ေတာင္းခဲ့တဲ့အတြက္ ၊ နယ္စပ္ ယူနန္ျပည္နယ္ အာဏာပိုင္ေတြကတဆင့္ KIA တပ္ဖြဲ႕ကို ကိုဗစ္ကာကြယ္ေဆးေတြ လႊဲေျပာင္းေပးခဲ့တာ ျဖစ္တယ္လို႔ KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူက AFP ကိုေျပာပါတယ္။ ဘယ္လို ကာကြယ္ထိုးေဆးမ်ိဳး ေပးတာလဲ ၊ ပထမအသုတ္က ဘယ္တုန္းက ေရာက္တာလဲ ဆိုတာကိုေတာ့ သူက ေျပာမသြားပါဘူး။ တ႐ုတ္ဆီကရတဲ့ ကာကြယ္ေဆး (၁၀,၀၀၀) ထဲက တခ်ိဳ႕ကိုေတာ့ ေငြေပး ဝယ္ယူရတာျဖစ္ၿပီး ၊ တခ်ိဳ႕ကိုေတာ့ တ႐ုတ္က လႉဒါန္းတာလို႔ သူကဆိုပါတယ္။

ဒီလအေစာပိုင္း တ႐ုတ္အစိုးရ သတင္းထုတ္ျပန္ရာမွာ တ႐ုတ္ႏိုင္ငံတဝွမ္း ကိုဗစ္ကူးစက္သူ (၅၇)ဦး ေတြ႕ရွိၿပီး ၊ ဇန္နဝါရီလ ေနာက္ပိုင္း တရက္ထဲမွာ ပိုးေတြ႕လူနာ အမ်ားဆုံးျဖစ္ပါတယ္။ (၅၇)ဦးထဲက (၁၅)ဦးဟာ ျမန္မာနယ္စပ္နဲ႔ နီးတဲ့ ေ႐ႊလီၿမိဳ႕က ျဖစ္ၿပီး အဲဒီ(၁၅)ဦးထဲက (၁၂)ဦးကေတာ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္တယ္လို႔ ယူနန္ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

တခ်ိန္ထဲမွာပဲ ျမန္မာႏိုင္ငံကိုလႉဒါန္းတဲ့ တ႐ုတ္လုပ္ ကိုဗစ္ကာကြယ္ေဆး Sinopharm (၇၃၆,၀၀၀)ဟာလည္း ၾကာသပေတးေန႔က ရန္ကုန္ၿမိဳ႕ကို ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ တ႐ုတ္နယ္စပ္မွာေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ဦးစားေပးၿပီး တ႐ုတ္ကိုဗစ္ကာကြယ္ေဆးေတြ ျဖန္ေဝသင့္တယ္လို႔ ျမန္မာတာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

KIA ကို ကိုဗစ်ကာကွယ်ဆေး တသောင်း တရုတ်အစိုးရက ပေးပို့

မြန်မာနိုင်ငံဖက်ကနေ ကိုဗစ်ရောဂါပိုး ကူးစက် ပျံ့နှံ့လာမှာကို တားဆီးနိုင်ရေးအတွက် တရုတ်-မြန်မာနယ်စပ် အခြေစိုက် KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကို တရုတ်အစိုးရက ကိုဗစ်ကာကွယ်ဆေး (၁၀,၀၀၀) ပေးပို့ခဲ့တယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ တကြော့ပြန် ပြင်းထန် မြင့်တက်နေပြီး သေဆုံးမှုတွေကလည်း များနေတာပါ။ ဆရာဝန် သူနာပြု အတော်များများလည်း CDM လှုပ်ရှားမှုထဲ ပါဝင်နေတာကြောင့် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ နည်းပါးချိန်လည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ တရုတ်အာဏာပိုင်တွေထံ အကူအညီ တောင်းခဲ့တဲ့အတွက် ၊ နယ်စပ် ယူနန်ပြည်နယ် အာဏာပိုင်တွေကတဆင့် KIA တပ်ဖွဲ့ကို ကိုဗစ်ကာကွယ်ဆေးတွေ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက AFP ကိုပြောပါတယ်။ ဘယ်လို ကာကွယ်ထိုးဆေးမျိုး ပေးတာလဲ ၊ ပထမအသုတ်က ဘယ်တုန်းက ရောက်တာလဲ ဆိုတာကိုတော့ သူက ပြောမသွားပါဘူး။ တရုတ်ဆီကရတဲ့ ကာကွယ်ဆေး (၁၀,၀၀၀) ထဲက တချို့ကိုတော့ ငွေပေး ဝယ်ယူရတာဖြစ်ပြီး ၊ တချို့ကိုတော့ တရုတ်က လှူဒါန်းတာလို့ သူကဆိုပါတယ်။

ဒီလအစောပိုင်း တရုတ်အစိုးရ သတင်းထုတ်ပြန်ရာမှာ တရုတ်နိုင်ငံတဝှမ်း ကိုဗစ်ကူးစက်သူ (၅၇)ဦး တွေ့ရှိပြီး ၊ ဇန်နဝါရီလ နောက်ပိုင်း တရက်ထဲမှာ ပိုးတွေ့လူနာ အများဆုံးဖြစ်ပါတယ်။ (၅၇)ဦးထဲက (၁၅)ဦးဟာ မြန်မာနယ်စပ်နဲ့ နီးတဲ့ ရွှေလီမြို့က ဖြစ်ပြီး အဲဒီ(၁၅)ဦးထဲက (၁၂)ဦးကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ယူနန် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံကိုလှူဒါန်းတဲ့ တရုတ်လုပ် ကိုဗစ်ကာကွယ်ဆေး Sinopharm (၇၃၆,၀၀၀)ဟာလည်း ကြာသပတေးနေ့က ရန်ကုန်မြို့ကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာနေတဲ့ မြန်မာနိုင်ငံသားတွေကို ဦးစားပေးပြီး တရုတ်ကိုဗစ်ကာကွယ်ဆေးတွေ ဖြန်ဝေသင့်တယ်လို့ မြန်မာတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG