သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ေန ၿဗိတိသွ်ႏုိင္ငံသားေတြကုိ တရုတ္အစုိးရ အသိအမွတ္ျပဳေတာ့မည္မဟုတ္


ေဟာင္ေကာင္နိုင္ငံကူးလက္မွတ္ နဲ႔ BNO လို႔ေခၚတဲ့ၿဗိတိန္ျပည္ပနိုင္ငံသားနိုင္ငံကူးလက္မွတ္

(Zawgyi/Unicode)

ၿဗိတိသၽွကိုလိုနီေဟာင္း ေဟာင္ေကာင္ေနျပည္သူေတြကို ထုတ္ေပးထားတဲ့ BNO လို႔ေခၚတဲ့ၿဗိတိန္ျပည္ပနိုင္ငံသားနိုင္ငံကူးလက္မွတ္ေတြကို ဆက္လက္ အသိအမွတ္ျပဳေတာ့မွာ မဟုတ္ဘူးလို႔ တ႐ုတ္နိုင္ငံက ေျပာပါတယ္။

“BNO လို႔ ေခၚတဲ့ နိုင္ငံကူး လက္မွတ္က အရင္ကလို ဆက္ၿပီး ရွိေနမွာ မဟုတ္ေတာ့ပါဘူး။ ၿဗိတိန္နိုင္ငံရဲ့ လုပ္ေဆာင္ခ်က္ဟာ တ႐ုတ္ နိုင္ငံ ရဲ့အခ်ဳပ္အျခာ အာဏာကို ခ်ိဳးေဖာက္သလို ေဟာင္ေကာင္နဲ႔ တ႐ုတ္နိုင္ငံရဲ့ ျပည္တြင္းေရးကိုလည္း ဝင္စြက္ေနပါတယ္။ ဇန္နဝါရီလ ၃၁ ရက္ေန႔က စၿပီး ၿဗိတိန္ျပည္ပနိုင္ငံသားနိုင္ငံကူးလက္မွတ္ကို အသိအမွတ္ ျပဳေတာ့မွာ မဟုတ္ပါဘူး” လို႔ တ႐ုတ္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာပါတယ္။

ၿဗိတိန္နိုင္ငံက ေဟာင္ေကာင္သား အမ်ားအျပားကို ၿဗိတိန္နိုင္ငံရဲ႕ ဒုတိယတန္းစား နိုင္ငံသားေတြ အျဖစ္ သြတ္သြင္းဖို႔ ႀကိဳးပမ္းေန တယ္လို႔လည္း တ႐ုတ္ ေျပာခြင့္ရ Zhao Lijian က ေျပာပါတယ္။

တ႐ုတ္တို႔က ေဟာင္ေကာင္က ဒီမိုကေရစီ လႈပ္ရွားမႈေတြကို ႏွိမ္နင္းအၿပီးမွာ ၿဗိတိန္နိုင္ငံက ေဟာင္ေကာင္ေနျပည္သူ အမ်ားအျပားကို ခိုလႈံခြင့္ေပးမယ္လို႔ ကတိေပးထားခဲ့တာပါ။

BNO အစီအစဥ္အရ ေဟာင္ေကာင္ေန လူေပါင္း ၅. ၄ သန္းက ၿဗိတိန္နိုင္ငံမွာ ေနထိုင္ခြင့္နဲ႔ အလုပ္လုပ္ခြင့္ ငါးႏွစ္ၾကာ ရရွိမွာျဖစ္ၿပီး အဲဒီေနာက္မွာ နိုင္ငံသား ေလၽွာက္ထားနိုင္မွာ ျဖစ္ပါတယ္။

အခုလို တ႐ုတ္တို႔ကဘက္က BNO ကို အသိအမွတ္မျပဳေတာ့ေၾကာင္း ေၾကညာခ်က္ကို ၿဗိတိန္နိုင္ငံ အေနနဲ႔ မေက်မနပ္ ျဖစ္မိေပမယ့္ အံ့ဩ ျခင္းေတာ့ မျဖစ္မိဘူးဆိုၿပီးၿဗိတိန္ နိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ပါတယ္။

BNO အဆင့္အတန္း ရရွိထားသူေတြ အေနနဲ႔ ၿဗိတိန္နိုင္ငံမွာ လာေရာက္ ေနထိုင္၊ အလုပ္လုပ္ခြင့္နဲ႔ ပညာသင္ၾကားခြင့္ကို ရရွိေနၿပီ ျဖစ္ေၾကာင္းနဲ႔ လာေရာက္ အေျခခ်မယ့္သူေတြကို ႀကိဳဆိုသြားမယ္လို႔လည္း ၿဗိတိန္နိုင္ငံက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဟောင်ကောင်နေ ဗြိတိသျှနိုင်ငံသားတွေကို တရုတ်အစိုးရ အသိအမှတ်ပြုတော့မည်မဟုတ်

(Unicode)

ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်နေပြည်သူတွေကို ထုတ်ပေးထားတဲ့ BNOလို့ခေါ်တဲ့ဗြိတိန်ပြည်ပနိုင်ငံသားနိုင်ငံကူးလက်မှတ်တွေကို ဆက်လက် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

“BNO လို့ ခေါ်တဲ့ နိုင်ငံကူး လက်မှတ်က အရင်ကလို ဆက်ပြီး ရှိနေမှာ မဟုတ်တော့ပါဘူး။ ဗြိတိန်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ တရုတ် နိုင်ငံ ရဲ့အချုပ်အခြာ အာဏာကို ချိုးဖောက်သလို ဟောင်ကောင်နဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုလည်း ဝင်စွက်နေပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့က စပြီး ဗြိတိန်ပြည်ပနိုင်ငံသားနိုင်ငံကူးလက်မှတ်ကို အသိအမှတ် ပြုတော့မှာ မဟုတ်ပါဘူး” လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။

ဗြိတိန်နိုင်ငံက ဟောင်ကောင်သား အများအပြားကို ဗြိတိန်နိုင်ငံရဲ့ ဒုတိယတန်းစား နိုင်ငံသားတွေ အဖြစ် သွတ်သွင်းဖို့ ကြိုးပမ်းနေ တယ်လို့လည်း တရုတ် ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။

တရုတ်တို့က ဟောင်ကောင်က ဒီမိုကရေစီ လှုပ်ရှားမှုတွေကို နှိမ်နင်းအပြီးမှာ ဗြိတိန်နိုင်ငံက ဟောင်ကောင်နေပြည်သူ အများအပြားကို ခိုလှုံခွင့်ပေးမယ်လို့ ကတိပေးထားခဲ့တာပါ။

BNO အစီအစဉ်အရ ဟောင်ကောင်နေ လူပေါင်း ၅. ၄ သန်းက ဗြိတိန်နိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ငါးနှစ်ကြာ ရရှိမှာဖြစ်ပြီး အဲဒီနောက်မှာ နိုင်ငံသား လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အခုလို တရုတ်တို့ကဘက်က BNO ကို အသိအမှတ်မပြုတော့ကြောင်း ကြေညာချက်ကို ဗြိတိန်နိုင်ငံ အနေနဲ့ မကျေမနပ် ဖြစ်မိပေမယ့် အံ့ဩ ခြင်းတော့ မဖြစ်မိဘူးဆိုပြီးဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

BNO အဆင့်အတန်း ရရှိထားသူတွေ အနေနဲ့ ဗြိတိန်နိုင်ငံမှာ လာရောက် နေထိုင်၊ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်ကို ရရှိနေပြီ ဖြစ်ကြောင်းနဲ့ လာရောက် အခြေချမယ့်သူတွေကို ကြိုဆိုသွားမယ်လို့လည်း ဗြိတိန်နိုင်ငံက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG