သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ စိန်ခေါ်မှုတွေ ဥရောပနဲ့အတူ ရင်ဆိုင်လိုကြောင်း တရုတ်အစိုးရကမ်းလှမ်း


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရေးအတွက် အီးယူ-ဥရောပသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး အမေရိကန်နိုင်ငံက အီးယူရဲ့ သွင်းကုန်အခွန်တွေကို တိုးမြှင့်ကောက်ခံ မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေထွက်ပေါ်နေချိန်မှာ တရုတ်အစိုးရရဲ့ အီးယူအပေါ် ကမ်းလှမ်းချက် ထွက်လာတာပါ။

အီးယူနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် တရုတ်နိုင်ငံက အလေးထားပြီး ယုံကြည်အားထားရတဲ့ လက်တွဲဖော်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က ပြောပါတယ်။

အမေရိကန်က အီးယူအပေါ် သွင်းကုန်အခွန် တိုးမြှင်ကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်လို့ သမ္မတ Donald Trump နဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးလိုကြောင်း အီးယူ ကုန်သယ်ရေးဆိုင်ရာအကြီးအကဲက မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးမှုတွေဟာ ခက်ခဲလိမ့်မယ်လို့ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ကလည်း ခန့်မှန်း ပြောပါတယ်။

အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့်အကြောင်း ခြိမ်းချောက် ပြောဆိုမှုတွေ ထွက်လာတဲ့အတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို မလိုလားတဲ့ ကော်မရှင်ဥက္က Ursula von der Leyen လိုပုဂ္ဂိုလ်ကတောင် သဘောထား အနည်းငယ် ပျော့ပြောင်းလာပြီး တရုတ်နဲ့ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်လိုကြောင်း ပြောဆိုလာပါတယ်။

တရုတ်နဲ့ဆက်ဆံရေးမှာ ထိပ်တိုက် ရင်ဆိုင်ရမယ့်ကိစ္စရပ်တွေကို ရှောင်ရှားပြီး နှစ်ဘက် အကျိုးဖြစ်ထွန်းစေရေးအတွက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေရအောင် လုပ်ဆောင်သင့်ကြောင်း ကော်မရှင်ဥက္ကဌက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုသဘောတူညီချက်တွေ ဖြစ်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူက ပြောဆိုခြင်း မရှိပါဘူး။

Forum

XS
SM
MD
LG