သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ခရီးသွားအုပ်စုတွေအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမယ့် အစီအစဉ် တရုတ်ကြေညာ


 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆစ်ဆောင်ပနားဒေသ (Xishuangbanna) က သင်္ကြန်ပွဲတော် ယခင်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၁၅၊ ၂၀၂၅)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆစ်ဆောင်ပနားဒေသ (Xishuangbanna) က သင်္ကြန်ပွဲတော် ယခင်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၁၅၊ ၂၀၂၅)

အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်နိုင်ငံတွေက နိုင်ငံသားတွေ တရုတ်နိုင်ငံ ဆစ်ဆောင်ပနား ဒေသကို အုပ်စုလိုက်အလည်လာကြမယ်ဆိုရင် ဒီကနေ့ကစလို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံက ကြေညာပါတယ်။

တရုတ်လူဝင်မှုကြီးကြပ်ရေးဌာန NIA က ဖေဖေါ်ဝါရီ ၁၀ ရက် ထုတ်ပြန်တဲ့ကြေညာချက်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆစ်ဆောင်ပနားဒေသကို အာဆီယံအဖွဲ့ဝင် နိုင်ငံသားတွေ အလည်လာဖို့အတွက် ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တာပါ။ မြန်မာအခေါ် ရှမ်းလူမျိုးဖြစ်တဲ့ ဒိုင်လူမျိုးနွယ်စုတွေနေထိုင်ကြရာ ဆစ်ဆောင်ပနား မှာ ဘုရားစေတီ၊ သဘာဝ အလှအပ၊ ရိုးရာ ယဉ်ကျေးမှုနဲ့ သင်္ကြန်ပွဲလည်း ကျင်းပလေ့ရှိတာကြောင့် ဒီဒေသဟာ ခရီးသွားတွေကြား ရေပန်းစားပါတယ်။

မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့အပြင် အာဆီယံ ၁၀ နိုင်ငံကခရီးသွားတွေ ဆစ်ဆောင်ပနားကို သွားရောက်လည်ပတ်တဲ့အခါ တရုတ်ခရီးသွားအေဂျင်စီကို အသုံးပြုရမှာဖြစ်ပြီး ၂ ဦးထက်မနည်း လာရောက်သူတွေကိုသာ ဗီဇာကင်းလွတ်ခွင့် ပေးမှာပါ။ ခရီးသွားတွေကို ဆစ်ဆောင်ပနားမှာ အများဆုံး ၆ ရက်နေထိုင်ခွင့်ပြုမှာဖြစ်ပြီး ဆစ်ဆောင်ပနား၊ ဂါဆာ နိုင်ငံတကာလေဆိပ်၊ မိုဟန် မီးရထားဘူတာနဲ့ မိုဟန် အဝေးပြေးလမ်းကနေတဆင့် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရက ဗီဇာ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေါ့ပေးလာတာကြောင့် တရုတ်နိုင်ငံမှာ ခရီးသွားဦးရေ တိုးလာတာကိုလည်း တရုတ်နိုင်ငံပိုင် CCTV မှာ ဖေါ်ပြထားပါတယ်။ ၂၀၂၄ နိုဝင်ဘာက စလို့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ လျှော့ပေါ့ပေးလာတာကြောင့် နိုင်ငံပေါင်း ၃၈ နိုင်ငံက နိုင်ငံသားတွေဟာ တရုတ်နိုင်ငံတွင်း ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်နိုင်သလို ခရီးတထောက် ရပ်နားလိုသူတွေအတွက် နေထိုင်ခွင့်ကိုလည်း အရင် ၃ ရက်ကနေ ၆ ရက်အတွင်း ပေးထားရာကနေ ခုအခါ ၁၀ ရက်ထိ တိုးမြှင့်သတ်မှတ်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG