သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးသတိထားချည်းကပ်ဖို့ နိုင်ငံတကာကို တရုတ်တိုက်တွန်း


တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေအပေါ် နိုင်ငံတကာက သတိထားချဉ်းကပ်ကြဖို့ တရုတ်နိုင်ငံက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

"ရခိုင်ပြည်နယ်က အခြေအနေတွေဟာ သမိုင်းကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေ ပါဝင်တဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စတွေ ပါဝင်နေတာကြောင့် နိုင်ငံတကာအနေနဲ့ လက်တွေ့ကျကျက ရှုမြင်ကြဖို့ "တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခသည် ၅ သိန်းကျော် ထွက်ပြေးရောက်ရှိနေတယ်လို့ဆိုတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့လည်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေရတာတွေ အဆုံးသတ်နိုင်ဖို့ အမြန်ဆုံး ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှုတွေ ရရှိရေးနဲ့ တင်းမာမှုတွေ လျော့ပါးရေး မြန်မာအစိုးရက ဆောင်ရွက်နေတာတွေကို တွေ့မြင်နေရပြီး၊ အားပေးကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ရိုဟင်ဂျာတွေ လူမျိုးတုံးတဲ့အထိ လုပ်နေတဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲ ပြောဆိုနေချိန်မှာပဲ တရုတ်နိုင်ငံက ပြန်လည်သင့်မြတ်ရေး ထပ်မံတိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG