သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တ႐ုတ္-အိႏိၵယ ႏုိင္ငံျခားေရးဝန္ႀကီးႏွစ္ဦး နယူးေဒလီမွာ ေတြ႔ဆံုေဆြးေႏြး 


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar တို႔ အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕ေတာ္မွာ ေတြ႔ဆံုၾကစဥ္။ (မတ္လ ၂၅၊ ၂၀၂၂)  

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar တုိ႔ နယူးေဒလီၿမိဳ႕ေတာ္မွာ ဒီကေန႔ ေတြ႔ဆုံေဆြးေႏြးၾကပါတယ္။

၂၀၂၀ ခုႏွစ္ ႏွစ္ႏိုင္ငံနယ္ျခားပဋိပကၡ ျဖစ္ပြားၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အိမ္နီးခ်င္းႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေတြ႕ဆုံတာပါ။ နယ္ျခားအျငင္းပြားမႈ ပဋိပကၡဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးေကာင္းမြန္ဖို႔အတြက္ အဓိက အဟန္႔အတားျဖစ္ေစတယ္ဆိုတာ အိႏၵိယဘက္က ေျပာဆိုပါတယ္။ ၂၀၂၀ ခုႏွစ္ ေမလက ႏွစ္ႏိုင္ငံနယ္ျခား အျငင္းပြားရာကေန ေထာင္ေသာင္းခ်ီတဲ့ တပ္ေတြ အျပန္အလွန္ ေစလႊတ္ခဲ့ၿပီး ပစ္ခတ္မႈတခ်ဳိ႕လည္း ျဖစ္ပြားခဲ့သလို တပ္ဖြဲ႔ဝင္တခ်ဳိ႕ ထိခိုက္ေသဆုံးမႈေတြလည္း ရွိခဲ့ပါတယ္။

၉ လၾကာ တင္းမာမႈေတြ အဆုံးသတ္ၿပီး ႏွစ္ႏိုင္ငံ ညႇိႏိႈင္းေဆြးေႏြးခဲ့ေပမယ့္ ဆက္ဆံေရး ပုံမွန္ျပန္မျဖစ္ေသးပါဘူး။ ဒါေၾကာင့္ လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး အိႏၵိယႏိုင္ငံသြားေရာက္တဲ့ ခရီးစဥ္ကို ေဒသတြင္းအကဲခတ္ေတြ အံအားသင့္ေနၾကပါ တယ္။ အိႏၵိယႏိုင္ငံအျပင္ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ႏိုင္ငံေတြကိုလည္း ဝန္ႀကီး Wang Yi သြားခဲ့ပါတယ္။

ေတာင္အာရွေဒသ ခရီးစဥ္အတြင္း အိႏၵိယႏိုင္ငံကေန နီေပါလ္ကို ခရီးဆက္ဖို႔ရွိပါတယ္။

ပါကစၥတန္ႏိုင္ငံကို သြားေရာက္တဲ့ခရီးစဥ္အတြင္း အိႏၵိယနဲ႔အျငင္းပြားေနတဲ့ ကက္ရွ္ မီး ယားအေရး မွတ္ခ်က္ေပး ေျပာဆိုခဲ့တာ ေၾကာင့္ အိႏၵိယအစိုးရက ဝန္ႀကီး Wang Yi ကို ေဝဖန္ခဲ့ပါတယ္။ ကက္ရွ္မီးယားေဒသကို အိႏၵိယနဲ႔ ပါကစၥတန္ ႏွစ္ႏိုင္ငံ ခြဲေဝ အုပ္ခ်ဳပ္ေနေပမယ့္ ေဒသတခုလံုးကုိ ပိုင္ဆိုင္တယ္လုိ႔ ႏွစ္ဘက္စလုံးကေျပာေနၿပီး တ႐ုတ္ႏိုင္ငံကေတာ့ သူ႔ရဲ႕ အဓိကမဟာမိတ္ ပါကစၥတန္ဘက္က ေယဘုယ်အားျဖင့္ ေထာက္ခံ ရပ္တည္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တရုတ်-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး နယူးဒေလီမှာ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ နယူးဒေလီမြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

၂၀၂၀ ခုနှစ် နှစ်နိုင်ငံနယ်ခြားပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်နီးချင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတာပါ။ နယ်ခြားအငြင်းပွားမှု ပဋိပက္ခဟာ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့အတွက် အဓိက အဟန့်အတားဖြစ်စေတယ်ဆိုတာ အိန္ဒိယဘက်က ပြောဆိုပါတယ်။ ၂၀၂၀ ခုနှစ် မေလက နှစ်နိုင်ငံနယ်ခြား အငြင်းပွားရာကနေ ထောင်သောင်းချီတဲ့ တပ်တွေ အပြန်အလှန် စေလွှတ်ခဲ့ပြီး ပစ်ခတ်မှုတချို့လည်း ဖြစ်ပွားခဲ့သလို တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

၉ လကြာ တင်းမာမှုတွေ အဆုံးသတ်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ဆက်ဆံရေး ပုံမှန်ပြန်မဖြစ်သေးပါဘူး။ ဒါကြောင့် လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံသွားရောက်တဲ့ ခရီးစဉ်ကို ဒေသတွင်းအကဲခတ်တွေ အံအားသင့်နေကြပါ တယ်။ အိန္ဒိယနိုင်ငံအပြင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကိုလည်း ဝန်ကြီး Wang Yi သွားခဲ့ပါတယ်။

တောင်အာရှဒေသ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံကနေ နီပေါလ်ကို ခရီးဆက်ဖို့ရှိပါတယ်။

ပါကစ္စတန်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း အိန္ဒိယနဲ့အငြင်းပွားနေတဲ့ ကက်ရှ် မီး ယားအရေး မှတ်ချက်ပေး ပြောဆိုခဲ့တာ ကြောင့် အိန္ဒိယအစိုးရက ဝန်ကြီး Wang Yi ကို ဝေဖန်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ခွဲဝေ အုပ်ချုပ်နေပေမယ့် ဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ နှစ်ဘက်စလုံးကပြောနေပြီး တရုတ်နိုင်ငံကတော့ သူ့ရဲ့ အဓိကမဟာမိတ် ပါကစ္စတန်ဘက်က ယေဘုယျအားဖြင့် ထောက်ခံ ရပ်တည်နေပါတယ်။

===============

XS
SM
MD
LG