သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမြေ ကျူ းကျော်ခြံစိုက်တဲ့ တရုတ်တွေကို အရေးယူမည်


မြန်မာ-တရုတ်နယ်စပ် စပါးခင်း
မြန်မာ-တရုတ်နယ်စပ် စပါးခင်း

တရုတ်- မြန်မာနယ်စပ်ဒေသတွေမှာ တရုတ်လယ်သမားတွေ မြန်မာပိုင်မြေထဲ ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး သူတို့ကို ၁၉၄၇ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူမှာ ဖြစ်ကြောင်း ဒုတိယ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံသားတွေ မြန်မာ့ပိုင်နက်ထဲ ဝင်ရောက်စိုက်ပျိုးနေတာ တွေ့ရတဲ့အတွက် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ လွှတ်တော်အမတ် တွေရဲ့ အမေးကို ဗိုလ်ချုပ်အောင်စိုးက အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်မြန်မာနယ်စပ်မှာ တရားမဝင် နယ်စပ်ကျော်ဖြတ် ဝင်ရောက်ပြီး မန်ဝိုင်းကြီးဒေသက မိုင်တိုင် ၅၃/၂ နေရာ အနီးမှာ တရုတ် တောင်ယာ သမားတွေ ကြံစိုက်ပျိုးနေတာကို ကချင်ပြည်နယ် မန်စီမြို့နယ် လွှတ်တော်အမတ် ဦးချင်းဖေလင်းက လွှတ်တော်မှာ ဓါတ်ပုံနဲ့ တကွ တင်ပြပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီမန်ဝိုင်းကြီး ဒေသက ပန်ခန်းကျေးရွာ တည်ရှိရာ နေရာမှာ နယ်ခြားဒေသ သတ်မှတ်မှုဟာ မြစ်ကြောင်းပေါ်မှာ ကျရောက်နေတာ ဖြစ်သလို လုံခြုံရေးအရ အဲဒီဒေသဟာ အသွားအလာ ခက်ခဲတဲ့ဒေသဖြစ်ကြောင်းလည်း ပြည်ထဲရေး ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဒေသတွင်းက မြန်မာ တောင်ယာစိုက်ပျိုးသူတွေကို တရုတ် လုပ်ငန်းရှင်တွေက ငွေထုတ်ချေးပြီး ထွက်လာတဲ့ သီးနှံတွေကို ဝယ်ယူတာနဲ့ ပြန်ချေပြီး လက်တွဲ လုပ်ဆောင်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စကို တရုတ်အာဏာပိုင် တွေဆီ နိုင်ငံခြားရေး ဝန်ကြီးဌာနက တင်ပြထားတယ်လို့ လည်း ပြည်ထဲရေးဒုဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီဒေသမှာ အခု တရုတ်နိုင်ငံသားတွေ တရားမဝင်လာရောက်ပြီး စိုက်ပျိုးထားတဲ့ ကြံတွေကို ရိတ်သိမ်းတာနဲ့ မြေယာ ထွန်ယက်မှုတွေပါ လုပ်ဆောင်လာတာမို့ အစိုးရဘက်က တင်းတင်းကြပ်ကြပ် အရေးယူမှု မရှိရင် နောင်မှာ ခုထက် ပိုပြီးဆိုးလာမှာကို လွှတ်တော် အမတ်တွေကရော ဒေသခံတွေကပါ စိုးရိမ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG