တရုတ်နိုင်ငံ စီးပွားဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာလည်း တိုးမြင့် လာသလို ကမ္ဘာလှည့် ခရီးသွား တွေဟာလည်း အဲဒီ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ ကမ္ဘာလှည့် ခရီးသည်တွေလည်း ရောက်လာကြတာပါ။ ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ် ရင်းနှီးမြုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ဘယ်လောက်ရောက်နေသလဲ ဆိုတဲ့ အေပီသတင်းကို အခြေခံပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။