သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသားေတြေနရပ္ျပန္ႏိုင္ဖို႔ မူဆယ္ နန္းေတာ္ေပါက္နယ္စပ္ဂိတ္ဖြင့္ထားေပး


တရုတ္ျမန္မာနယ္စပ္ ေရႊလီဂိတ္ ( ဓာတ္ပံု - AFP)

(Zawgyi/Unicode)


တ႐ုတ္ႏိုင္ငံထဲက ျပန္လာခ်င္တဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ တရားဝင္နယ္စပ္ဂိတ္ျဖစ္တဲ့ မူဆယ္နန္းေတာ္ေပါက္ကို ဒီေန႔ ဇူလိုင္ ၂၆ ရက္ကစၿပီး ႏွစ္ႏိုင္ငံညႇိႏိႈင္းမႈနဲ႔ ယာယီဖြင့္ေပးလိုက္ပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ တ႐ုတ္- ျမန္မာနယ္စပ္အေျခအေနေတြကို ကိုၿငိမ္းခ်မ္းေျပာျပမွာပါ။

တ႐ုတ္ႏိုင္ငံကျပန္လာခ်င္တဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ တႏွစ္ေလာက္ပိတ္ထားတဲ့ မူဆယ္နန္းေတာ္ဂိတ္ေပါက္ကို ႏွစ္ႏိုင္ငံညႇိႏိႈင္းမႈနဲ႔ ဒီတနလၤာေန႔ကစလို႔ ယာယီဖြင့္ေပးလိုက္တာပါ။ ေနထိုင္ခြင့္သက္တမ္းမ႐ွိ၊ ဝင္ေငြမ႐ွိေတာ့တဲ့ တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေဂါင္က ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔မယ္လို႔ ၿပီးခဲ့တဲ့ သီတင္းတပတ္မွာ တ႐ုတ္အာဏာပိုင္ေတြက ေၾကညာခဲ့ၿပီးေနာက္ အခုလို တရားဝင္ ခြင့္ျပဳေပးလိုက္တာပါ။

တ႐ုတ္ျပည္ထဲကေန ျပန္လာမယ့္ ျမန္မာေတြအတြက္ ဂိတ္ေပါက္ကို အကန္႔အသတ္မ႐ွိ ဖြင့္ေပးထားဖို႔ ႏွစ္ႏိုင္ငံညႇိႏိႈင္းခဲ့ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ဒုတိယ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးဥကၠာက ေျပာပါတယ္။ အေစာပိုင္းမွာ နယ္စပ္ခိုးဝင္ေပါက္ေတြကေန ျမန္မာသားေတြက ျပန္လာရတာမို႔ တရားဝင္ဂိတ္ကို ဖြင့္ေပးဖို႔ တ႐ုတ္နဲ႔ ညႇိႏိႈင္းခဲ့ေၾကာင္း ဗြီအိုေအကို သူကေျပာပါတယ္။

“ က်ေနာ္တို႔ ေအာက္ေျခေဒသ အာဏာပိုင္အဆင့္ကေန တ႐ုတ္ဘက္က တာဝန္႐ွိသူေတြကို လွမ္းကန္႔ကြက္လိုက္တာေပါ့။ က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြကို အဲဒီလို လက္လြတ္စပယ္ မလုပ္ဖို႔၊ ဒါႏွစ္ႏိုင္ငံ စာခ်ဳပ္ခ်ဳပ္ထားတဲ့အတိုင္းပဲ တရားဝင္ဂိတ္ေပါက္ကေန ျဖတ္သန္း၊ သြားလာခြင့္ျပဳဖို႔ ဆိုၿပီး အေၾကာင္းၾကားလိုက္တာေပါ့။ တ႐ုတ္ဘက္ကလည္း ျပန္ညႇိႏိႈင္းလာေတာ့ ဘယ္လိုေဆာင္႐ြက္ရင္ ေကာင္းမလဲလို႔ လွမ္းၿပီးေတာ့ေျပာလို႔ က်ေနာ္တို႔က ဒါဆိုရင္တရားဝင္ နန္းေတာ္ဂိတ္ကေန လက္ခံေပးမယ္၊ ခင္ဗ်ားတို႔ စနစ္တက်လႊဲေပးပါဆိုၿပီး၊ သူတို႔ဘက္ကလည္း သေဘာတူေတာ့ ဒီေန႔ ၂၆ ရက္မနက္ကစၿပီး ျမန္မာႏိုင္ငံသားေတြ ျပန္လည္ဝင္ေရာက္ လာၿပီေပါ့ေနာ္။”

နန္းေတာ္ဂိတ္ကေန တရားဝင္ျပန္လာမယ့္သူေတြက တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္စစ္ေဆးၿပီးေၾကာင္း အေထာက္အထားပါရမွာပါ။ တကယ္လို႔ အေထာက္အထား မပါဘူးဆိုရင္ ျမန္မာဘက္ မူဆယ္ၿမိဳ႕ကို ေရာက္တဲ့အခါမွာ ျမန္မာက်န္းမာေရးဌာန လမ္းၫႊန္ခ်က္အတိုင္း ကိုဗစ္ေရာဂါကို စစ္ေဆးရမွာျဖစ္ပါတယ္။

“ သူတို႔ဘက္မွာ စစ္ေဆးၿပီးတယ္ဆိုရင္ ၇၂နာရီအတြင္း စစ္ေဆးၿပီးေၾကာင္း ကိုဗစ္ေရာဂါကာကြယ္ေရး စစ္ေဆးၿပီးေၾကာင္းကို ေရာဂါကင္းစင္ေၾကာင္း လက္မွတ္ေပါ့ အဲဒါေလးေတြပါေအာင္ ထည့္ေပးပါလို႔ ညႇိႏိႈင္းထားပါတယ္။ ၇၂နာရီ ေက်ာ္ေနရင္ေတာ့ ဒီဘက္မွာ က်ေနာ္တို႔က ျပန္လည္စစ္ေဆးၿပီး လက္ခံေဆာင္႐ြက္မွာေပါ့။”

ယခင္တုန္းကေတာ့ တရားဝင္ေနထိုင္ခြင့္သက္တမ္း မ႐ွိေတာ့တဲ့ ျမန္မာႏိုင္ငံသားကို တ႐ုတ္အာဏာပိုင္ေတြက နယ္စပ္ကေနျပန္ပို႔ေပးတာမွာ လူကလြဲလို႔ တျခားပိုင္ဆိုင္မႈ ဘာကိုမွယူေဆာင္ခြင့္ မေပးပါဘူး။ အခုေတာ့ လူတကိုယ္စာကိုယ္ပိုင္ပစၥည္းမွန္သမွ် ယူခြင့္ရၿပီလို႔ မူဆယ္နန္းေတာ္ေပါက္ကေန ဒီကေန႔ျပန္လာတဲ့ လူငယ္တဦးက ေျပာျပပါတယ္။

“ ဖြင့္ေပးတယ္ဆိုတာက ဟုတ္တယ္၊ တိက်သြားၿပီေပါ့ေနာ္၊ တရားဝင္ဖြင့္ထားေပးတယ္။ မနက္ ၈ နာရီကေန ၁၂ နာရီအထိေအာင္ ျမန္မာျပည္ဘက္ကို တရားဝင္ျပန္လို႔ရတယ္လို႔ ေၾကညာထားတာေပါ့ေနာ္။ အရင္တုန္းကဆိုရင္ က်ေနာ္တို႔ ျပန္မယ္ဆိုရင္ ျမန္မာျပည္ဘက္ကို သူတို႔ရဲကားနဲ႔ လိုက္ပို႔ေပးတယ္ ခိုးေပါက္ကေန ပို႔ေပးတာေပါ့ေနာ္။ အခုက တရားဝင္ နန္းေတာ္ေပါက္က ဖြင့္ေပးလိုက္တယ္ဆိုေတာ့ မူဆယ္ဘက္ကို တန္းေရာက္တာေပါ့ဗ်ာ။ ပစၥည္း တပိုင္တႏိုင္ ဆိုင္ကယ္နဲ႔ လူတကိုယ္စာနဲ႔ အဲဒီေလာက္ေတာ့ ယူလို႔ရတယ္ ေနာက္တေခါက္ေတာ့ ျပန္ယူလို႔ေတာ့မရဘူး။”

ကိုဗစ္ေရာဂါကာကြယ္ဖို႔အတြက္ တ႐ုတ္နယ္စပ္ၿမိဳ႕ေတြမွာ ေနအိမ္ျပင္ပမထြက္ရအမိန္႔ကို အကန္႔အသတ္မ႐ွိ ခ်မွတ္ထားပါတယ္။ တ႐ုတ္နယ္စပ္က စီးပြားေရးလုပ္ငန္းေတြ ရပ္ဆိုင္းေနၿပီး အလုပ္မ႐ွိ၊ ဝင္ေငြမ႐ွိေတာ့တဲ့ ျမန္မာေတြက ေနရပ္ျပန္ေနၾကတာပါ။ တကယ္လို႔ တ႐ုတ္ျပည္ထဲမွာ ဆက္ၿပီးေနခြင့္ရခ်င္တယ္ဆိုရင္ lockdown ကာလအတြင္း သုံးစြဲဖို႔အတြက္ လုံေလာက္တဲ့ ေငြေၾကး႐ွိေၾကာင္း ျပရမွာျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏ တႏွစ္ကိုအေမရိကန္ေဒၚလာ သန္း ၄၀၀၀ ေက်ာ္႐ွိတဲ့ နယ္စပ္ကုန္သြယ္ေရး အားလုံးကိုလည္း ဇူလိုင္ ၁၂ရက္ကစၿပီး တ႐ုတ္က ျဖတ္ေတာက္ထားပါတယ္။ ဒါေၾကာင့္ ကုန္သြယ္ေရးလုပ္ငန္းကိုမွီခိုေနတဲ့ သိန္းနဲ႔ခ်ီတဲ့ ကုန္သည္၊ ေအာက္ေျခလုပ္သားေတြရဲ႕ ဝင္ေငြေတြ ဆုံး႐ႈံးသြားေၾကာင္း လုပ္ငန္း႐ွင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................................................................................

ျမန္မာႏိုင္ငံသားေတြေနရပ္ျပန္ႏိုင္ဖို႔ မူဆယ္ နန္းေတာ္ေပါက္နယ္စပ္ဂိတ္ဖြင့္ထားေပး

(Unicode)

မြန်မာနိုင်ငံသားတွေနေရပ်ပြန်နိုင်ဖို့ မူဆယ် နန်းတော်ပေါက်နယ်စပ်ဂိတ်ဖွင့်ထားပေး
တရုတ်နိုင်ငံထဲက ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် တရားဝင်နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ်နန်းတော်ပေါက်ကို ဒီနေ့ ဇူလိုင် ၂၆ ရက်ကစပြီး နှစ်နိုင်ငံညှိနှိုင်းမှုနဲ့ ယာယီဖွင့်ပေးလိုက်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ တရုတ်- မြန်မာနယ်စပ်အခြေအနေတွေကို ကိုငြိမ်းချမ်းပြောပြမှာပါ။

တရုတ်နိုင်ငံကပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် တနှစ်လောက်ပိတ်ထားတဲ့ မူဆယ်နန်းတော်ဂိတ်ပေါက်ကို နှစ်နိုင်ငံညှိနှိုင်းမှုနဲ့ ဒီတနင်္လာနေ့ကစလို့ ယာယီဖွင့်ပေးလိုက်တာပါ။ နေထိုင်ခွင့်သက်တမ်းမရှိ၊ ဝင်ငွေမရှိတော့တဲ့ တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်က မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ သီတင်းတပတ်မှာ တရုတ်အာဏာပိုင်တွေက ကြေညာခဲ့ပြီးနောက် အခုလို တရားဝင် ခွင့်ပြုပေးလိုက်တာပါ။

တရုတ်ပြည်ထဲကနေ ပြန်လာမယ့် မြန်မာတွေအတွက် ဂိတ်ပေါက်ကို အကန့်အသတ်မရှိ ဖွင့်ပေးထားဖို့ နှစ်နိုင်ငံညှိနှိုင်းခဲ့ကြောင်း မူဆယ်မြို့နယ် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောပါတယ်။ အစောပိုင်းမှာ နယ်စပ်ခိုးဝင်ပေါက်တွေကနေ မြန်မာသားတွေက ပြန်လာရတာမို့ တရားဝင်ဂိတ်ကို ဖွင့်ပေးဖို့ တရုတ်နဲ့ ညှိနှိုင်းခဲ့ကြောင်း ဗွီအိုအေကို သူကပြောပါတယ်။

“ ကျနော်တို့ အောက်ခြေဒေသ အာဏာပိုင်အဆင့်ကနေ တရုတ်ဘက်က တာဝန်ရှိသူတွေကို လှမ်းကန့်ကွက်လိုက်တာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို အဲဒီလို လက်လွတ်စပယ် မလုပ်ဖို့၊ ဒါနှစ်နိုင်ငံ စာချုပ်ချုပ်ထားတဲ့အတိုင်းပဲ တရားဝင်ဂိတ်ပေါက်ကနေ ဖြတ်သန်း၊ သွားလာခွင့်ပြုဖို့ ဆိုပြီး အကြောင်းကြားလိုက်တာပေါ့။ တရုတ်ဘက်ကလည်း ပြန်ညှိနှိုင်းလာတော့ ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲလို့ လှမ်းပြီးတော့ပြောလို့ ကျနော်တို့က ဒါဆိုရင်တရားဝင် နန်းတော်ဂိတ်ကနေ လက်ခံပေးမယ်၊ ခင်ဗျားတို့ စနစ်တကျလွှဲပေးပါဆိုပြီး၊ သူတို့ဘက်ကလည်း သဘောတူတော့ ဒီနေ့ ၂၆ ရက်မနက်ကစပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်ဝင်ရောက် လာပြီပေါ့နော်။”

နန်းတော်ဂိတ်ကနေ တရားဝင်ပြန်လာမယ့်သူတွေက တရုတ်နိုင်ငံမှာ ကိုဗစ်စစ်ဆေးပြီးကြောင်း အထောက်အထားပါရမှာပါ။ တကယ်လို့ အထောက်အထား မပါဘူးဆိုရင် မြန်မာဘက် မူဆယ်မြို့ကို ရောက်တဲ့အခါမှာ မြန်မာကျန်းမာရေးဌာန လမ်းညွှန်ချက်အတိုင်း ကိုဗစ်ရောဂါကို စစ်ဆေးရမှာဖြစ်ပါတယ်။

“ သူတို့ဘက်မှာ စစ်ဆေးပြီးတယ်ဆိုရင် ၇၂နာရီအတွင်း စစ်ဆေးပြီးကြောင်း ကိုဗစ်ရောဂါကာကွယ်ရေး စစ်ဆေးပြီးကြောင်းကို ရောဂါကင်းစင်ကြောင်း လက်မှတ်ပေါ့ အဲဒါလေးတွေပါအောင် ထည့်ပေးပါလို့ ညှိနှိုင်းထားပါတယ်။ ၇၂နာရီ ကျော်နေရင်တော့ ဒီဘက်မှာ ကျနော်တို့က ပြန်လည်စစ်ဆေးပြီး လက်ခံဆောင်ရွက်မှာပေါ့။”

ယခင်တုန်းကတော့ တရားဝင်နေထိုင်ခွင့်သက်တမ်း မရှိတော့တဲ့ မြန်မာနိုင်ငံသားကို တရုတ်အာဏာပိုင်တွေက နယ်စပ်ကနေပြန်ပို့ပေးတာမှာ လူကလွဲလို့ တခြားပိုင်ဆိုင်မှု ဘာကိုမှယူဆောင်ခွင့် မပေးပါဘူး။ အခုတော့ လူတကိုယ်စာကိုယ်ပိုင်ပစ္စည်းမှန်သမျှ ယူခွင့်ရပြီလို့ မူဆယ်နန်းတော်ပေါက်ကနေ ဒီကနေ့ပြန်လာတဲ့ လူငယ်တဦးက ပြောပြပါတယ်။

“ ဖွင့်ပေးတယ်ဆိုတာက ဟုတ်တယ်၊ တိကျသွားပြီပေါ့နော်၊ တရားဝင်ဖွင့်ထားပေးတယ်။ မနက် ၈ နာရီကနေ ၁၂ နာရီအထိအောင် မြန်မာပြည်ဘက်ကို တရားဝင်ပြန်လို့ရတယ်လို့ ကြေညာထားတာပေါ့နော်။ အရင်တုန်းကဆိုရင် ကျနော်တို့ ပြန်မယ်ဆိုရင် မြန်မာပြည်ဘက်ကို သူတို့ရဲကားနဲ့ လိုက်ပို့ပေးတယ် ခိုးပေါက်ကနေ ပို့ပေးတာပေါ့နော်။ အခုက တရားဝင် နန်းတော်ပေါက်က ဖွင့်ပေးလိုက်တယ်ဆိုတော့ မူဆယ်ဘက်ကို တန်းရောက်တာပေါ့ဗျာ။ ပစ္စည်း တပိုင်တနိုင် ဆိုင်ကယ်နဲ့ လူတကိုယ်စာနဲ့ အဲဒီလောက်တော့ ယူလို့ရတယ် နောက်တခေါက်တော့ ပြန်ယူလို့တော့မရဘူး။”

ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် တရုတ်နယ်စပ်မြို့တွေမှာ နေအိမ်ပြင်ပမထွက်ရအမိန့်ကို အကန့်အသတ်မရှိ ချမှတ်ထားပါတယ်။ တရုတ်နယ်စပ်က စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး အလုပ်မရှိ၊ ဝင်ငွေမရှိတော့တဲ့ မြန်မာတွေက နေရပ်ပြန်နေကြတာပါ။ တကယ်လို့ တရုတ်ပြည်ထဲမှာ ဆက်ပြီးနေခွင့်ရချင်တယ်ဆိုရင် lockdown ကာလအတွင်း သုံးစွဲဖို့အတွက် လုံလောက်တဲ့ ငွေကြေးရှိကြောင်း ပြရမှာဖြစ်ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တနှစ်ကိုအမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေး အားလုံးကိုလည်း ဇူလိုင် ၁၂ရက်ကစပြီး တရုတ်က ဖြတ်တောက်ထားပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးလုပ်ငန်းကိုမှီခိုနေတဲ့ သိန်းနဲ့ချီတဲ့ ကုန်သည်၊ အောက်ခြေလုပ်သားတွေရဲ့ ဝင်ငွေတွေ ဆုံးရှုံးသွားကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG