သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ဒေသ လိမ်လည်ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်ရဲ ဖမ်းဝရမ်းထုတ်


မင်ရွှေချမ်း (ဝဲ၊ ထက်) ၊ မင်းကျူးလန် (ယာ၊ ထက်)၊ မင်ကိုဖျင် (ဝဲ၊ အောက်)၊ မင်ကျိန်ကျိန် (ယာ၊ အောက်) (Photo: SHINE)
မင်ရွှေချမ်း (ဝဲ၊ ထက်) ၊ မင်းကျူးလန် (ယာ၊ ထက်)၊ မင်ကိုဖျင် (ဝဲ၊ အောက်)၊ မင်ကျိန်ကျိန် (ယာ၊ အောက်) (Photo: SHINE)

မြန်မာနိုင်ငံ လောက်ကိုင်ဒေသမှာရှိတဲ့ အင်တာနက် လိမ်လည်ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်ရဲတပ်ဖွဲ့ကအလိုရှိနေကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က စာရင်းထုတ်ပြန်လိုက်တယ်လို့ တရုတ်နိုင်ငံတော်ပိုင် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

ကျဲကျန်းပြည်နယ် ဝန်ကျိုးမြို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးစုံစမ်းမှုအရ ဒီဂိုဏ်းဟာ ကာလရှည်ကြာရာဇဝတ်မှုတွေကို တရုတ်နိုင်ငံသားတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ၄ ယောက်ကတော့ မင်ရွှေချမ်း Ming Xuechang နဲ့ သူ့ ရဲ့အရွယ်ရောက်ပြီး သားသမီးသုံးယောက် ဖြစ်ကြပါတယ်။

သတင်းပေးတဲ့သူကို ဆုငွေယွမ် ၁ သိန်းကနေ ၅ သိန်းအထိပေးမယ်လို့ ဆိုပါတယ်။ မင်ရွှေချမ်းဟာ လောက်ကိုင်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တဦးဖြစ်ပြီး ယခင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အဖွဲ့ဝင်ဟောင်းတယောက်လည်း ဖြစ်တယ်လို့ South China Morning Post နဲ့ တခြား သတင်းတွေက ဆိုပါတယ်။

သား မင်ကိုဖျင်ဟာ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သမီး ၂ ယောက်ဖြစ်ကြတဲ့ အသက် ၄၂ နှစ်အရွယ် မင်ကျူးလန်နဲ့ အသက် ၂၇ နှစ်အရွယ် မင်ကျိန်ကျိန် တို့ဟာ ယူနန်ပြည်နယ် လင်ကန်းကဖြစ်တယ်လို့ South China Morning Post က ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင် မင်ရွှေချမ်းနဲ့ သားမင်ကိုဖျင်တို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး သမီး ၂ ယောက်ကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ shine.cn သတင်း က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG