သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး မော်စကိုမှာတွေ့ဆုံ


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ဝဲ-ဒု) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ယာ-တတိယ) တို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ဆုံ။ (စက်တင်ဘာ ၁၈၊ ၂၀၂၃)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ဝဲ-ဒု) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ယာ-တတိယ) တို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ဆုံ။ (စက်တင်ဘာ ၁၈၊ ၂၀၂၃)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တနင်္လာနေ့က မော်စကိုမြို့မှာ တွေ့ဆုံကြပြီး တရုတ်ဟာရုရှားနဲ့ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မော်လ်တာ နိုင်ငံမှာ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ နှစ်ရက်ကြာဆွေးနွေးခဲ့ကြပြီးနောက် မစ္စတာဝမ်ယီရဲ့ ဒီခရီးကို ဆက်ခဲ့တာဖြစ်ပါတယ်။

ရုရှားတာဝန်ရှိသူတွေနဲ့ မစ္စတာဝမ်ရဲ့ ဆွေးနွေးပွဲတွေက ကြာသပတေးနေ့အထိ ဆက်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။ ကမ္ဘာ့ရေးရာတွေမှာ အမေရိကန်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် ဗဟုဝင်ရိုး ကမ္ဘာဖြစ်ရေးနဲ့ ပိုမို တရားမျှတတဲ့ ကမ္ဘာ့တည်ငြိမ်ရေးကို တရုတ်နဲ့ရုရှားတို့က ကတိကဝတ်ပြုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားတို့မှာတာဝန်ရှိကြောင်း မစ္စတာဝမ်ယီက ပြောပါတယ်။ ဒီအပတ် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ အခြား နိုင်ငံတကာအစည်းအဝေးတွေမှာ တရုတ်နဲ့ရုရှားတို့ ပူးပေါင်း‌ဆောင်ရွက်ကြမယ် လို့ ဆိုပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့နယ်မြေအပေါ် လေးစားရေးကို ပြောသလို နေတိုးအဖွဲ့ချဲ့လာတဲ့အတွက် ရုရှားက လုံခြုံရေးအရ ရတက်မအေးတာကိုလည်း စဥ်းစားဖို့လိုတယ်လို့ မစ္စတာဝမ်ယီက ရပ်တည်ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ မစ္စတာဝမ်ယီတို့ ဆွေးနွေးကြစဥ်မှာ ယူကရိန်းကိစ္စကို ဆွေးနွေကြပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ နှစ်ဘက်လုံးက သူတို့ဆွေးနွေးခဲ့တာ ပွင့်လင်း၊ အသားပါပြီး အပြုသဘောဆောင်တယ်လို့ပဲ ပြောခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG