သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူထုအတြက္ တပ္မေတာ္ျဖစ္ဖို႔ ကုလအထူးကိုယ္စားလွယ္ တိုက္တြန္း


မွတ္တမ္းဓါတ္ပံု - ၂၀၁၉မတ္လ တုန္းက က်င္းပတဲ့ တပ္မေတာ္ေန႔အခမ္းအနား။

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီကေန႔ မတ္လ ၂၇ ရက္ေန႔ က်ေရာက္တဲ့ တပ္မေတာ္ေန႔မွာ စစ္တပ္ အေနနဲ႔ မူလတာ၀န္ျဖစ္တဲ့ ျပည္သူလူထုကို ေစာင့္ေရွာက္ဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener

တခ်ိန္က ျမန္မာ့လြတ္လပ္ေရး အတြက္ တိုက္ပြဲဝင္ခဲ့တဲ့ အထိမ္းအမွတ္ေန႔မွာ ျမန္မာစစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ က်ဳးလြန္ေနတဲ့အေပၚ အထူးစိတ္ပ်က္မိေၾကာင္းနဲ႔ ျပည္သူလူထုကို အကာအကြယ္ေပးဖို႔ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

"ဘယ္စစ္တပ္မဆို ျပည္သူကို အကာအကြယ္ေပးၿပီး၊ ၿငိမ္းခ်မ္းမႈရေအာင္ လုပ္ေပးရမယ့္ တာဝန္ရွိေပမယ့္ ျမန္မာစစ္တပ္ကေတာ့ ကိုယ့္ျပည္သူကို ကိုယ္မတရားေျခမႈန္းေနၿပီး အသတ္ခံေနရတဲ့ အထဲမွာ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြလည္း ပါ၀င္ေနပါတယ္။" လို႔ အထူးကိုယ္စားလွယ္ရဲ႕ ထုတ္ျပန္ခ်က္ကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က ေသာၾကာေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

ျမန္မာစစ္တပ္ဘက္ကေတာ့ စေနေန႔ က်ေရာက္မယ့္ တပ္မေတာ္ေန႔ အတြက္ ဆန္႔က်င္ ဆႏၵျပမႈေတြ မလုပ္ဖို႔ သတိေပးခ်က္ေတြ ေသာၾကာေန႔မွာ ထုတ္ျပန္ ေၾကညာေနပါတယ္။ ဆႏၵျပမႈေတြမွာ မရႈမလွ ေသဆံုးရတာေတြ ရွိေနတာကို သခၤန္းစာယူဖို႔ သတိေပးထားသလို ဆႏၵျပခ်င္တဲ့ သားသမီးေတြကို တားဆီးဖို႔လည္း ႏိုင္ငံပိုင္မီဒီယာကေန သတိေပးထားပါတယ္။

ေတာ္လွန္ေရးေန႔လို႔ အရင္က သံုးႏႈန္းေခၚဆိုခဲ့တဲ့ တပ္မေတာ္ေန႔မွာ စစ္တပ္က စစ္ေရးျပပြဲေတြ လုပ္ဖို႔ ရွိေနခ်ိန္မွာပဲ ျပည္တြင္းတက္ႂကြလႈပ္ရွားသူေတြကေတာ့ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ဆန္႔က်င္ဆႏၵျပဖို႔လည္း ျပင္ဆင္ေနၾကပါတယ္။

ၾကာသပေတးေန႔က ဆႏၵျပပြဲေတြ အတြင္း ေသဆံုးရသူ ၉ ဦးထက္မနည္း ရွိခဲ့တဲ့ အတြက္ ေသာၾကာေန႔ အထိဆို စုစုေပါင္း ေသဆံုးရသူက ၃၂၈ ဦး ရွိၿပီျဖစ္ေၾကာင္း AAPP ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္းက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

လူထုအတွက် တပ်မတော်ဖြစ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း
(Unicode)

မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ကျရောက်တဲ့ တပ်မတော်နေ့မှာ စစ်တပ် အနေနဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်သူလူထုကို စောင့်ရှောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။

တချိန်က မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အထိမ်းအမှတ်နေ့မှာ မြန်မာစစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေ ကျုးလွန်နေတဲ့အပေါ် အထူးစိတ်ပျက်မိကြောင်းနဲ့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ အထူးကိုယ်စားလှယ် Christine Schraner Burgener က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

"ဘယ်စစ်တပ်မဆို ပြည်သူကို အကာအကွယ်ပေးပြီး၊ ငြိမ်းချမ်းမှုရအောင် လုပ်ပေးရမယ့် တာဝန်ရှိပေမယ့် မြန်မာစစ်တပ်ကတော့ ကိုယ့်ပြည်သူကို ကိုယ်မတရားခြေမှုန်းနေပြီး အသတ်ခံနေရတဲ့ အထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။" လို့ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဘက်ကတော့ စနေနေ့ ကျရောက်မယ့် တပ်မတော်နေ့ အတွက် ဆန့်ကျင် ဆန္ဒပြမှုတွေ မလုပ်ဖို့ သတိပေးချက်တွေ သောကြာနေ့မှာ ထုတ်ပြန် ကြေညာနေပါတယ်။ ဆန္ဒပြမှုတွေမှာ မရှုမလှ သေဆုံးရတာတွေ ရှိနေတာကို သင်္ခန်းစာယူဖို့ သတိပေးထားသလို ဆန္ဒပြချင်တဲ့ သားသမီးတွေကို တားဆီးဖို့လည်း နိုင်ငံပိုင်မီဒီယာကနေ သတိပေးထားပါတယ်။

တော်လှန်ရေးနေ့လို့ အရင်က သုံးနှုန်းခေါ်ဆိုခဲ့တဲ့ တပ်မတော်နေ့မှာ စစ်တပ်က စစ်ရေးပြပွဲတွေ လုပ်ဖို့ ရှိနေချိန်မှာပဲ ပြည်တွင်းတက်ကြွလှုပ်ရှားသူတွေကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြဖို့လည်း ပြင်ဆင်နေကြပါတယ်။

ကြာသပတေးနေ့က ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရသူ ၉ ဦးထက်မနည်း ရှိခဲ့တဲ့ အတွက် သောကြာနေ့ အထိဆို စုစုပေါင်း သေဆုံးရသူက ၃၂၈ ဦး ရှိပြီဖြစ်ကြောင်း AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG