သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အရာရှိကြီးတချို့ သတင်းအစအန မသိရသေး


မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်နေ့က ICJ တွင် တွေ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် အဆင်မြင့်ဝန်ကြီးများ
မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်နေ့က ICJ တွင် တွေ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် အဆင်မြင့်ဝန်ကြီးများ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဖမ်းဆီးထားတဲ့ အရပ်သားအစိုးရ တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပဲ ဖြစ်နေသလို၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်သွားသူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူထားကြောင်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ထားပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း အပါအဝင် ဖမ်းဆီးခံထားရသလား၊ နေအိမ်တွေမှာပဲ ရှိနေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရတဲ့ ယခင်အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိတွေလည်း ရှိနေပါတယ်။

တချိန်တည်းမှာပဲ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဟာလည်း မူလတာဝန်တွေ ဆက်လက် ထမ်းဆောင်နေကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်တွေ့မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ တဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပြီး၊ တချို့ကိုတော့ နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်ရှို ဟာလည်း နယ်စပ်ကို တိမ်းရှောင်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

စစ်အာဏာပိုင်တွေရဲ့ နောက်ဆုံးအကြိမ် နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ငွေကြေးအရှုပ်အရှင်းကိစ္စတွေ ရှိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုမှတ်တမ်းတခုကို ထုတ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG