သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းထောက် အသတ်ခံရမှုစုံစမ်းဖို့ CIA အကြီးအကဲ တူရကီ ထွက်ခွာ


CIA ဗဟိုထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူး Gina Haspel
CIA ဗဟိုထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူး Gina Haspel

ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုကို စုံစမ်း စစ်ဆေးနေတဲ့ တူရကီ အရာရှိတွေနဲ့ တွေ့ဆုံဖို့ အမေရိကန်က CIA ဗဟိုထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူး Gina Haspel ဟာ တူရကီကို တနင်္လာနေ့က ထွက်ခွာသွားပြီလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တူရကီနိုင်ငံမှာ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေးအရာရှိတွေ ရောက်ရှိနေကြောင်း သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားခဲ့ပေမယ့် အသေးစိတ်တော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါ့အပြင် ဆော်ဒီသတင်းထောက် Jamal Khashoggi သေဆုံးမှုနဲ့ပတ်သက်လို့ အခုချိန်ထိ ရရှိထားတဲ့ ဖြေရှင်းချက်တွေအပေါ် သူ့အနေနဲ့ ကြေနပ် အားရမှု မရှိကြောင်း သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။

Khashoggi သေသွားပြီးတဲ့နောက်ပိုင်း ဆော်ဒီ အိမ်ရှေ့စံမင်းသား Mohammed bin Salman နဲ့ စကားပြောခဲ့ပြီးကြောင်း၊ သတင်းထောက် သေဆုံးမှုအတွက် ဆော်ဒီအာရေးဗီးယားနဲ့ တူရကီနိုင်ငံတွေမှာ သွားရောက် စုံစမ်းနေကြတဲ့ အမေရိကန် စုံစမ်းရေးအဖွဲ့ အင်္ဂါနေ့မှာ ပြန်ရောက်လာပြီးရင် အခြေအနေ အသေးစိတ်ကို သူ့အနေနဲ့ သိရှိမှာဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

သီးခြား ဖြစ်ပေါ်မှု တခုမှာတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ဟာ ဆော်ဒီ အိမ်ရှေ့စံမင်းသားနဲ့ မြို့တော့် Riyadh မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦး တွေ့ရှိကြောင်း ဆော်ဒီ နိုင်ငံခြားရေးရုံးရဲ့ Twitter လူမှုကွန်ယက်မှာ တင်ထားတာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စတင် ကျင်းပမယ့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ညီလာခံ တက်မယ့်အစီအစဉ်ကို ဝန်ကြီး Mnuchin က ဖျက်ပစ်လိုက်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အိမ်ရှေ့စံမင်းသားနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG