သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုင္းကိုင္ဘက္မွာ ရွမ္းလက္နက္ကို္င္ႏွစ္ဖြဲ႔ၾကား တိုက္ပြဲျဖစ္


ရွမ္းျပည္နယ္ထဲက စစ္ေရွာင္တခ်ိဳ ့

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခရိုင္၊ မိုင္းကိုင္ၿမိဳ႔နယ္အတြင္း ရွမ္းတပ္ဖဲြ႔ နွစ္ ဖဲြ႔ ၾကား၊ အဂၤါေန႔ထဲကစလို႔ ဒီေန႔အထိ တိုက္ပဲြေတြျဖစ္ေနပါတယ္။ တုိက္ပဲြ ေၾကာင့္ ျပည္သူ ၂,၀၀၀ ေလာက္ ေနရပ္စြန္႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေဘးဒုကၡသည္ေတြ ရိကၡာ၊ ေဆး၀ါးနဲ႔ မိုးကာေတြ အထူးလိုအပ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ၿမိဳ႕ကလာတဲ့ သတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

႐ွမ္းျပည္ေတာင္ပိုင္း လက္နက္ကိုင္ RCSS ေခၚ ရွမ္းျပည္ျပန္လည္ထူေတာင္ေရးေကာင္စီနဲ႔ ႐ွမ္းျပည္ေျမာက္ပိုင္း လက္နက္ကိုင္ SSPP ေခၚ ရွမ္းျပည္တိုးတက္ေရးပါတီတို႔ၾကား စက္တင္ဘာ ၁၄ ရက္ေန႔ မနက္က စတင္ၿပီး မိုင္းကိုင္ၿမိဳ႔နယ္ ဟိုခဲ ေက်းရြာအုပ္စုအတြင္းမွာ တိုက္ပဲြေတြ ျဖစ္ေနပါတယ္။ လက္ရိွ စစ္ေရးအေျခအေနနဲ႔ ပတ္သက္လို႔ RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီရဲ့ ေျပာေရးဆုိခြင့္ ရိွသူ ဗိုလ္မွဴးခမ္းစံက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“SSPP ေတြက သူတို႔ ေျမာက္ဘက္ကေန ေတာင္ဘက္ကို ထိုးစစ္ဆင္လာတာ။ ဒီ ဟိုခဲေက်းရြာ အုပ္စုအတြင္းမွာ က်ေနာ္တို႔ RCSS တပ္ေတြက ရိွထားတယ္ဆုိေတာ့ သူတို႔က ထိုးစစ္လာဆင္တာ။ ႏွစ္ရက္ဆက္တိုက္ရိွၿပီခင္ဗ်။ တျမန္ေန႔ကရယ္၊ မေန႔ကရယ္၊ ဒီေန႔က်ေတာ့ ၾကိဳးၾကား ၾကိဳးၾကားေတာ့ တိုက္ပဲြျဖစ္ေနတံုးပဲခင္ဗ်။ ”

SSPP ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံ ေျဖဆုိတာ မရိွခဲ့ပါဘူး။
RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီကို SSA ေတာင္ပိုင္း၊ SSPP ရွမ္းျပည္တိုးတက္ေရးပါတီကိုေတာ့ SSA ေျမာက္ပိုင္းအျဖစ္ ေခၚဆိုၾကပါတယ္။

႐ွမ္းလက္နက္ကိုင္အဖဲြ႔ နွစ္ခုၾကား တိုက္ပဲြေတြေၾကာင့္ ေဒသခံျပည္သူ ၂,၀၀၀ ေလာက္ အိုးအိမ္ျပစ္ ထြက္ေျပးေနၾကရၿပီး ယာယီစခန္း သံုး ခုမွာ ခိုလံႈေနၾကရတယ္လို႔ ဒုကၡသည္ေတြကို ကူညီေနသူ တစ္ဦးက ေျပာပါတယ္။

“စစ္ေဘးေရွာင္ကေတာ့ အခုေလာေလာဆည္ ႏွစ္ေထာင္ နည္းနည္းေလ်ာ့မယ္။ မေန႔ကေတာ့ ႏွစ္ေထာင္နည္းနည္းေက်ာ္တယ္ဗ်။ တခ်ိဳ႔ ရြာေတြက နည္းနည္းေ၀းတဲ့ရြာေတြက ျပန္သြားတာ ရိွတယ္ေလ။ စစ္ေရွာင္ေနရာက သံုး ေနရာေလာက္ရိွတယ္။ နည္းနည္းမ်ားတဲ့ေနရာကေတာ့ ေနာင္ေလွ်ာ္ ဘုန္းၾကီးေက်ာင္းေပါ့။ ေနာင္ေလွ်ာ္ဘုန္းၾကီးေက်ာင္းမွာ ၁,၇၀၀ ေလာက္ က်န္တယ္ဗ်။ တျခားေနရာ နမ့္အြန္ဆုိတာ ဟမ္းငိုင္းေက်းရြာအုပ္စုထဲမွာ ေျပာင္းသြားတာရိွတယ္။ အဲမွာေတာ့ ၉၅ ေယာက္ပဲ ရိွတယ္။ ၿပီးက်ေတာ့ ဟိုခိုင္းေႏြဆိုတာရိွတယ္။ အဲဒီရြာမွာေတာ့ စစ္ေဘးေရွာင္က ၂၀၀ေက်ာ္ပဲ ရိွတယ္ဗ်။ ခန္႔မွန္းေျခေတာ့ ႏွစ္ေထာင္ နည္းနည္းေလ်ာ့မယ္ထင္တယ္ေနာ္။”

ထြက္ေျပးခိုလႈံေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ နမ့္ပြတ္၊ လြယ္ဝိန္း၊ ပ်ဥ္ဝမ့္၊ ဝမ္မိုင္၊ နမ့္အြမ္၊ ဝမ္ကတ္၊ ျပန္ဆာ၊ ကုန္းဆာ၊ ပန္လႈိင္း၊ ဝမ္လုံ၊ ဝမ္ေတာင္း၊ ၀မ္မိုင္ စတဲ့ေက်း႐ြာက ျဖစ္ပါတယ္။ သူတို႔အတြက္ စားနပ္ရိကၡာနဲ႔ ေဆး၀ါးလိုအပ္ေနသလို မိုးတြင္းျဖစ္တာေၾကာင့္ တဲေဆာက္ဖို႔ မိုးကာေတြလည္း လိုအပ္ေနတယ္လို႔ ဒုကၡသည္ေတြကို အကူအညီေပးေနသူက ဆက္ေျပာပါတယ္။

“အခုေလာေလာဆည္ေတာ့ အဓိက လိုအပ္တာေတာ့ ေဆး၀ါးနဲ႔ ဆန္၊ဆီ၊ဆားေပါ့။ ကေလးေတြလည္း မ်ားတယ္။ ေစာင္တို႔၊ ျခင္ေထာင္တို႔လည္း လိုအပ္ပါတယ္။ မိုးတြင္းဆိုေတာ့အဓိက လိုအပ္တာေတာ့ မိုးကာေပါ့။ မုိးကာကို က်ေနာ္တို႔က ဦးစားေပးတဲ့အထဲမွာ လ်ာထားလိုက္တာေပါ့။ မိုးကာနဲ႔ အခင္းက်ေတာ့ေလ။ လူက ေထာင္ခ်ီရိွေတာ့ တအားမ်ားတယ္။ ေနတဲ့ေနရာလည္း ခက္ခဲေတာ့ က်ေနာ္တို႔က မုိးကာတဲေတြ ထိုးေပးဖို႔ေပါ့ စီစဥ္ေပးေနတယ္။ COVID ကာကြယ္တဲ့ ကိစၥေတာ့ က်န္းမာေရးဌာနခဲြရိွတယ္ဗ်။ ဟိုခဲမွာ၊ က်န္းမာေရး ဆရာမေတြေတာ့ ပညာေပးနည္းနည္းပါးပါးေတာ့ ေပးထားတာေတာ့ ရိွတယ္။ ေလာေလာဆည္ေတာ့ Mask ေတြ ဘာေတြေတာ့ မေရာက္ေသးဘူးဗ်။ က်ေနာ္တို႔သြားမွ ရိွမွာေပါ့ေလ။ ”

ေလာေလာဆယ္ ယာယီဒုကၡသည္စခန္းေတြမွာ COVID ပိုးေတြ႔လူနာ မေတြ႔ရေသးဘူးလို႔လည္း ေျပာပါတယ္။
ေက်ာက္မဲနဲ႔ သီေပါၿမိဳ႔နယ္အတြင္းမွာလည္း RCSS တပ္ဖဲြ႔နဲ႔ SSPP နဲ႔ TNLA တအန္း(ပေလာင္) ပူးေပါင္းတပ္ေတြအၾကား စက္တင္ဘာလ ဒုတိယပတ္တုန္းက တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။

ဇြန္လနဲ႔ ဇူလိုင္လပိုင္းအတြင္းကလည္း ေက်းသီး၊ မိုင္ေနာင္ဘက္မွာ ရွမ္းတပ္ဖဲြ႔ ႏွစ္ဖဲြ႔အၾကား တိုက္ပဲြေတြျပင္းထန္ခဲ့တာေၾကာင့္ ေက်းရြာ ၂၀ ေက်ာ္ေလာက္က ေဒသခံ ၃၀၀၀ ေလာက္ ေနရပ္စြန္႔ခြာျပီး ေဘးလြတ္ရာ ေျပးခဲ့ၾကရပါတယ္။

...........................................................................................

မိုင်းကိုင်ဘက်မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်

(Unicode)

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့ နှစ် ဖွဲ့ ကြား၊ အင်္ဂါနေ့ထဲကစလို့ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲ ကြောင့် ပြည်သူ ၂,၀၀၀ လောက် နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတွေ အထူးလိုအပ်နေကြတဲ့အကြောင်း ရန်ကုန်မြို့ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင် RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီနဲ့ ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင် SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီတို့ကြား စက်တင်ဘာ ၁၄ ရက်နေ့ မနက်က စတင်ပြီး မိုင်းကိုင်မြို့နယ် ဟိုခဲ ကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံက ဗွီအိုအေကို အခုလို ပြောပါတယ်။

“SSPP တွေက သူတို့ မြောက်ဘက်ကနေ တောင်ဘက်ကို ထိုးစစ်ဆင်လာတာ။ ဒီ ဟိုခဲကျေးရွာ အုပ်စုအတွင်းမှာ ကျနော်တို့ RCSS တပ်တွေက ရှိထားတယ်ဆိုတော့ သူတို့က ထိုးစစ်လာဆင်တာ။ နှစ်ရက်ဆက်တိုက်ရှိပြီခင်ဗျ။ တမြန်နေ့ကရယ်၊ မနေ့ကရယ်၊ ဒီနေ့ကျတော့ ကြိုးကြား ကြိုးကြားတော့ တိုက်ပွဲဖြစ်နေတုံးပဲခင်ဗျ။ ”

SSPP ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။
RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို SSA တောင်ပိုင်း၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီကိုတော့ SSA မြောက်ပိုင်းအဖြစ် ခေါ်ဆိုကြပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ခုကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂,၀၀၀ လောက် အိုးအိမ်ပြစ် ထွက်ပြေးနေကြရပြီး ယာယီစခန်း သုံး ခုမှာ ခိုလှုံနေကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်ကတော့ အခုလောလောဆည် နှစ်ထောင် နည်းနည်းလျော့မယ်။ မနေ့ကတော့ နှစ်ထောင်နည်းနည်းကျော်တယ်ဗျ။ တချို့ ရွာတွေက နည်းနည်းဝေးတဲ့ရွာတွေက ပြန်သွားတာ ရှိတယ်လေ။ စစ်ရှောင်နေရာက သုံး နေရာလောက်ရှိတယ်။ နည်းနည်းများတဲ့နေရာကတော့ နောင်လျှော် ဘုန်းကြီးကျောင်းပေါ့။ နောင်လျှော်ဘုန်းကြီးကျောင်းမှာ ၁,၇၀၀ လောက် ကျန်တယ်ဗျ။ တခြားနေရာ နမ့်အွန်ဆိုတာ ဟမ်းငိုင်းကျေးရွာအုပ်စုထဲမှာ ပြောင်းသွားတာရှိတယ်။ အဲမှာတော့ ၉၅ ယောက်ပဲ ရှိတယ်။ ပြီးကျတော့ ဟိုခိုင်းနွေဆိုတာရှိတယ်။ အဲဒီရွာမှာတော့ စစ်ဘေးရှောင်က ၂၀၀ကျော်ပဲ ရှိတယ်ဗျ။ ခန့်မှန်းခြေတော့ နှစ်ထောင် နည်းနည်းလျော့မယ်ထင်တယ်နော်။”

ထွက်ပြေးခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ နမ့်ပွတ်၊ လွယ်ဝိန်း၊ ပျဉ်ဝမ့်၊ ဝမ်မိုင်၊ နမ့်အွမ်၊ ဝမ်ကတ်၊ ပြန်ဆာ၊ ကုန်းဆာ၊ ပန်လှိုင်း၊ ဝမ်လုံ၊ ဝမ်တောင်း၊ ဝမ်မိုင် စတဲ့ကျေးရွာက ဖြစ်ပါတယ်။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေသလို မိုးတွင်းဖြစ်တာကြောင့် တဲဆောက်ဖို့ မိုးကာတွေလည်း လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူက ဆက်ပြောပါတယ်။

“အခုလောလောဆည်တော့ အဓိက လိုအပ်တာတော့ ဆေးဝါးနဲ့ ဆန်၊ဆီ၊ဆားပေါ့။ ကလေးတွေလည်း များတယ်။ စောင်တို့၊ ခြင်ထောင်တို့လည်း လိုအပ်ပါတယ်။ မိုးတွင်းဆိုတော့အဓိက လိုအပ်တာတော့ မိုးကာပေါ့။ မိုးကာကို ကျနော်တို့က ဦးစားပေးတဲ့အထဲမှာ လျာထားလိုက်တာပေါ့။ မိုးကာနဲ့ အခင်းကျတော့လေ။ လူက ထောင်ချီရှိတော့ တအားများတယ်။ နေတဲ့နေရာလည်း ခက်ခဲတော့ ကျနော်တို့က မိုးကာတဲတွေ ထိုးပေးဖို့ပေါ့ စီစဉ်ပေးနေတယ်။ COVID ကာကွယ်တဲ့ ကိစ္စတော့ ကျန်းမာရေးဌာနခွဲရှိတယ်ဗျ။ ဟိုခဲမှာ၊ ကျန်းမာရေး ဆရာမတွေတော့ ပညာပေးနည်းနည်းပါးပါးတော့ ပေးထားတာတော့ ရှိတယ်။ လောလောဆည်တော့ Mask တွေ ဘာတွေတော့ မရောက်သေးဘူးဗျ။ ကျနော်တို့သွားမှ ရှိမှာပေါ့လေ။ ”

လောလောဆယ် ယာယီဒုက္ခသည်စခန်းတွေမှာ COVID ပိုးတွေ့လူနာ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့နယ်အတွင်းမှာလည်း RCSS တပ်ဖွဲ့နဲ့ SSPP နဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်တွေအကြား စက်တင်ဘာလ ဒုတိယပတ်တုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဇွန်လနဲ့ ဇူလိုင်လပိုင်းအတွင်းကလည်း ကျေးသီး၊ မိုင်နောင်ဘက်မှာ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ကျေးရွာ ၂၀ ကျော်လောက်က ဒေသခံ ၃၀၀၀ လောက် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ပြေးခဲ့ကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG