သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်မြို့အနီးက BGF စခန်းကို KNLA-PDF ပူးပေါင်းအဖွဲ့တွေဝင်တိုက်


ထိုင်း−မြန်မာနယ်စပ်အနီး ထီးကော်ထောကျေးရွာမှာတိုက်ပွဲဖြစ်လို့ ထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ထွက်ပြေး (ဧပြီ ၅၊ ၂၀၂၃)
ထိုင်း−မြန်မာနယ်စပ်အနီး ထီးကော်ထောကျေးရွာမှာတိုက်ပွဲဖြစ်လို့ ထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ထွက်ပြေး (ဧပြီ ၅၊ ၂၀၂၃)

မြဝတီမြို့မြောက်ဘက်၊ ကာစီနိုလောင်းကစားရုံတွေ တည်ထားတဲ့ ရွှေကုက္ကိုလ်မြို့အနီးက ထီးကော်ထော ကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း ၂ ခုကို ဒီနေ့ ဧပြီလ ၅ ရက်မနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ကူပေးခဲ့ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်တဲ့အတွက် အနီးနားရွာတွေက စစ်ဘေးရှောင် ထောင်ဂဏန်းလောက်ဟာ ထိုင်းဘက်ကို ထွက်ပြေးလာကြပါတယ်။ ဒီ အကြောင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ်အနီး မြဝတီမြို့မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ် ကာစီနိုလောင်းကစားတွေရုံ တည်ထားတဲ့ မြို့အနီးက ထီးကော်ထော ကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း ၂ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ဘေးရှောင်တွေ ထောင်ဂဏန်းလောက် ထိုင်းဘက်ခြမ်း ဝမ်းဖာ ရွာအနီးကို ထွက်ပြေးလာတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။

“ရွှေကုက္ကိုလ်မှာ တိုက်ပွဲဖြစ်လို့ ဒုက္ခသည်အများစုပြောတာကတော့ ဘေးနားက ရွာတွေနဲ့ တခြားနေရာတွေကိုပဲ လေယာဉ်က ကြဲတယ်။ အခု ရွှေကုက္ကိုလ် မြို့တော်ဝန်းကြီးနေရာကိုတော့ မကြဲဘူးတဲ့။ တစက်မှမထိဘူးတဲ့။ အခုက ဒုက္ခသည် ၂ ထောင်လောက် ရှိနေပြီ။ ဝမ်းဖာ ဆေးခန်းအနီးမှာတော့ အဲဒီနားမှာ ဓမ္မာရုံမှာပေါ့၊ ဒီနေ့ညတော့ နေရာမလောက်တော့ နေရာကတော့ ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်း တခုခုမှာ နှစ်ခုခွဲထားမယ်ပေါ့။ အခုကတော့ စားစရာကိုတော့ ဘုန်းကြီးကျောင်းကနေ ထမင်းချက်ပြီး သွားပို့တယ်။”

ရွှေကုက္ကိုလ်မြို့သစ် ရပ်ကွက်ထဲမှ ပြည်သူတွေကို အိမ်ထဲမှာနေထိုင်ဖို့ နယ်ခြားစောင့်တပ်တွေက သတိပေးထားပေမယ့် ဒေသခံ ကျေးရွာသားတွေဟာ လေကြောင်း တိုက်ခိုက်မူတွေရှိပြီး တိုက်ပွဲတွေပြင်ထန်းလာတဲ့အတွက် နေအိမ်တွေ၊ ကျေးရွာတွေမှာ မနေရဲတော့ပဲ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို နေ့လည်ပိုင်းကစပြီး ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ တဘက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး တပ်တွေပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၂၅ ရက်နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး မြဝတီခရိုင်ထဲက ကုန်သွယ်ရေးဇုန် ပိတ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG